Thursday, May 2, 2024

တောင်ကြီးမြို့ နေအိမ်ပြင်ထွက်ခွင့်လက်မှတ် ကိုင်ဆောင်ပြီး အကြောင်းမဲ့ သွားလာခြင်း မပြုလုပ်ရ

Must read

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် အပြင်ထွက်ခွင့်လက်မှတ်များ ကိုင်ဆောင်ပြီး အကြောင်းမဲ့ သွားလာခြင်း မပြုလုပ်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက တားမြစ်ထားကြောင်း သိရသည်။

လက်ရှိ မှာ တောင်ကြီးမြို့တွင် ကူးစက်မှုနှုန်းမြင့်တက်လာပြီး သေဆုံးမှုလည်း နေ့စဉ်ရှိနေသော်လည်း တောင်ကြီးဒေသခံလူငယ်တချို့ မှာ ကိုဗစ်-၁၉ ရောဂါကို ပေါ့ဆနေသေးကြောင်း၊ တောင်ကြီးမြို့သည် Stat at Home သတ်မှတ်ထားသည့်ဒေသဖြစ်သည်။

“လူငယ်တွေဆိုတော့ သိတဲ့ အတိုင်းနမော်နမဲ့နိုင်ကြတာပေါ့၊ အပြင်ထွက်ကဒ်ကိုင်ပြီး သွားလာနေကြတာ၊ နှာခေါင်းစည်း လည်းမပါဆိုတော့ ဒီလောက်ရောဂါတွေ ပွထနေတဲ့ချိန်မှာ ထိန်းချုပ်နိုင်သလောက်တော့ ထိန်းချုပ်သင့်တယ်” ဟု တောင်ကြီးမြို့မှ အသက် ၅၀ ကျော် အရွယ် လူကြီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် တောင်ကြီးမြို့အတွင်းသာမကာ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များမှာလည်း ကိုဗစ် ၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ SOPနှင့် Stay at Home စည်းမျဉ်းစည်းကမ်းများကို မလိုက်နာသူများသည် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။

“အခုဆို တောင်ကြီးမြို့ထဲမှာ ဈေးဆိုင်တွေ အကုန်လုံးက မနက်ပိုင်းလောက်ပဲ ဖွင့်လှစ်ရောင်းချခွင့်ပြုတာ၊ နေ့လည် ၁၂ နာရီကျော်သွားရင် ရောင်းခွင့် မပြုတော့ဘူး၊ ပြီးတော့ ပြည်သူတွေ အနေနဲ့ အဲ့နောက်ပိုင်းကျရင် အကြောင်းမဲ့ အပြင်ထွက်တာ မရှိအောင်တားထားတယ်” ဟု ၎င်းက ပြောသည်။

ကိုဗစ် – ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုနှုန်း မြင့်မားနေသည့် တောင်ကြီးခရိုင်အတွင်း Stay At Home ကြေညာ ထားခြင်းခံရသည့် ဒေသဖြစ်သော်လည်း လက်ရှိအချိန်ထိပြည်သူများပေါ့ဆမှု ရှိနေသေးကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article