ပင်လောင်းမြို့ လော့ဒေါင်းကာလ ကိုဗစ်လူနာ ၁ ဦးသေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် Semi Lockdown ချပြီးနောက်ပိုင်း ကိုဗစ်-၁၉ လူနာတစ်ဦး ထပ်မံသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာ (၂)ရက်နေ့ ည ၇ နာရီ ဝန်းကျင်တွင် အသက် ၆၈ အဘိုးသည် ကိုဗစ် -၁၉ ရောဂါကြောင့် ဆေးရုံမှဆင်းပြီး နေအိမ်အပြန်တွင် သေဆုံးသွားကြောင်း သိရသည်။ “သူက...
ကျောက်မဲမြို့နယ် တိုက်ပွဲ ပြင်းထန် စစ်ရှောင်များ မြို့ပေါ်သို့ ထပ်မံပြောင်းရွေ့လာရ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေမှုကြောင့် စစ်ရှောင်များ မြို့ပေါ်သို့ ထပ်မံပြောင်းရွေ့လာရကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၄ ရက်) နေ့လည်ပိုင်းတွင် ဟူးဆွန်ကျေးရွာအုပ်စုအတွင်း စစ်ရှောင်နေကြသည့် ဒေသခံများသည် မြို့ပေါ်ရှိ မန်ခါစစ်ရှောင်စခန်းနှင့် သျှမ်းစာ/ယဥ်ခန်းမသို့ ပြောင်းရွှေ့လာခဲ့ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။ “ခုက (၂၀၀)ကျော် ရောက်လာတယ်၊...
မိုင်းကိုင်မြို့နယ် ကျွဲကျောင်းသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု လွယ်ယွဲ့ကျေးရွာမှာ အသက် (၁၇)နှစ်အရွယ် ကျွဲကျောင်းသားတစ်ဦး မြေမြုပ်မိုင်း နင်းမိပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာ (၃)ရက် နေ့လည် (၁၂)နာရီဝန်းကျင်တွင် အသက် (၁၂)နှစ်အရွယ် စိုင်းထွန်းအေးသည် ကျွဲ (၂)ကောင်ဖြင့် လယ်သွားချိန် မြေမြုပ်မိုင်းနင်းမိကာ ကျွဲ (၂)ကောင်နှင့်အတူ စိုင်းထွန်းအေးလည်း...
နမ့်ခမ်းမြို့ ယခုရက်ပိုင်း ဒေသခံ (၂)ဦး သေနတ်ပစ်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် (၄)ရက်အတွင်း အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ မှ ဒေသခံ(၂)ဦးကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့ တွင် နိုဝင်ဘာ (၁)ရက်နေ့က အသက် (၃၄)နှစ် အရွယ်ရှိ နန်းမွေလျန်းနွံကို ၎င်း၏ နေအိမ်ရှေ့တွင် အမည်မသိလက်နက်ကိုင်...
မိုင်းဆတ် တင်သွင်း ကုန်ပစ္စည်းများ စစ်ကောင်စီမှ အခွန် (၅)ဆထိ တိုးကောက်လာ
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ အဝင် ဆိုင်းခေါင်ဂိတ်တွင် စစ်ကောင်စီလက်အောက်ခံ အကောက်ခွန် ဝန်ထမ်းများမှ ကုန်သည်များထံ အခွန် (၅)ဆထိ တိုးကောက်လာကြောင်း ဒေသခံကုန်သည်များ ပြောပြချက်အရ သိရသည်။ မိုင်းဆတ်မြို့သို့ တင်သွင်းနေသည့် ကုန်များသည် တာချီလိတ်၊ ကျိုင်းတုံမှ လာသည့် ကုန်များဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သည့် အရပ်သားအစိုးရ (NLD)လက်ထက်တွင် တာချီလိတ်မှလာသည့်...
မူဆယ်မြို့မှာ အသက် ၂၀ လူငယ် တစ်ဦး ပစ်သတ်ခံရ
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ ကချင်ဈေး လမ်းဆုံအနီးတွင် ဆိုင်ကယ်စီးလာသည့် လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းသိရသည်။ ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်တွင် ကချင်ဈေး လမ်းဆုံအနီးသို့ ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်တစ်ဦးသည် ဦးခေါင်းပိုင်း ချိန်ပြီးပစ်သည့် သေနတ်ဒဏ်ရာ သုံးချက်ဖြင့်...
နမ့်လန် ဒေသခံ တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ
သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့တွင် ယနေ့ (နိုဝင်ဘာ ၂)ရက် ညနေ ၆နာရီဝန်းကျင်၌ အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ က နေအိမ်ထဲ အထိ သေနတ်လာ ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ ညနေ ၆ နာရီဝန်းကျင် တွင် နမ့်လန်မြို့ စိန်ပန်းရပ်ကွက်...
ကလောမြို့ အမျိုးသမီးတစ်ဦးနှင့် အောင်ပန်းမှ လူငယ်များကို စစ်ကောင်စီ ဖမ်းဆီး
SHAN -
သျှမ်းပြည်တောင်ပိုင်းရှိ ကလောမြို့မှ အမျိုးသမီးတစ်ဦးနှင့် အောင်ပန်းမြို့ လူငယ် ၄ ဦးထက်မနည်း စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် အောင်ပန်းမြို့ရှိ အောင်မြင်သူ လက်ဖက်ရည် ဆိုင်အနီးရှိ အုတ်ခုံတွင် ထိုင်နေသည့် လူငယ်များကို စစ်ကောင်စီမှ...
တာလေမြို့ ကိုဗစ်မြင့်မားသည့်ကြား စစ်ကောင်စီ စာသင်ကျောင်း အတင်းဖွင့်ခိုင်း
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် တာလေမြို့တွင် ကိုဗစ် - ၁၉ ကူးစက်မှု ဆက်လက်မြင့်တက်နေသည့်ကြား စစ်ကောင်စီမှ စာသင်ကျောင်းများကို အတင်းဖွင့်လှစ်ကြောင်း ဒေသခံများက ပြောသည်။ တာချီလိတ်မြို့နယ် တာလေမြို့တွင် အောက်တိုဘာလ (၃၁)ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူ (၁၁၈) ဦးအထိ...
တိုက်ပွဲဆက်ဖြစ်နေတဲ့ မိုင်းကိုင်မြို့နယ်ရှိ စစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်နေပြီ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုရှိ စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာ ပြတ်လပ်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် တစ်လကျော်ကြာ ထွက်ပြေးလာတဲ့ စစ်ရှောင်များသည် လက်ရှိချိန်ထိ နေရပ်သို့ မပြန်နိုင်သေးဘဲ စစ်ရှောင်စခန်းတွင် ရှိနေကြောင်း သိရှိရသည်။ “အစားအသောက်တွေ ပြတ်လပ်နေပြီ။ ဆန်တွေ ဟင်းရွက်စိမ်းတွေလည်း မရှိတော့ဘူး။ ရှိတဲ့ဟာနဲ့ပဲ စားနေရတယ်။...






