မိုင်းဆတ် တင်သွင်း ကုန်ပစ္စည်းများ စစ်ကောင်စီမှ အခွန် (၅)ဆထိ တိုးကောက်လာ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ အဝင် ဆိုင်းခေါင်ဂိတ်တွင် စစ်ကောင်စီလက်အောက်ခံ အကောက်ခွန် ဝန်ထမ်းများမှ ကုန်သည်များထံ အခွန် (၅)ဆထိ တိုးကောက်လာကြောင်း ဒေသခံကုန်သည်များ ပြောပြချက်အရ သိရသည်။

မိုင်းဆတ်မြို့သို့ တင်သွင်းနေသည့် ကုန်များသည် တာချီလိတ်၊ ကျိုင်းတုံမှ လာသည့် ကုန်များဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် အရပ်သားအစိုးရ (NLD)လက်ထက်တွင် တာချီလိတ်မှလာသည့် ပစ္စည်းများကို မိုင်းဆတ် ဆိုင်းခေါင်ဂိတ်မှ အကောက်ခွန်ဝန်ထမ်းများက ကုန်သည်များထံ တစ်နှစ်လျှင် (၁၅)သိန်းမှ သိန်း(၂၀)ထိသာ ကောက်ခံခဲ့ရာ လက်ရှိ အာဏာသိမ်းစစ်ကောင်စီ လက်ထက်တွင် ကုန်သည်များထံ တစ်နှစ်အတွက် အကောက်ခွန် သိန်း(၁၀၀)ထိ ကောက်ခံလာကြောင်း မိုင်းဆတ် ကုန်သည်အသိုင်းအဝိုင်းများက ပြောပြသည်။

“အရင်က ကျနော်တို့ ကုန်သည်တွေ ပေါင်းပြီး တစ်နှစ်ကို (၁၅)သိန်းကနေ သိန်း (၂၀)လောက်ပဲပေးရတယ်။ ဒီနှစ်က သိန်း(၁၀၀) တောင်းတော့ ကုန်သည်တွေကလည်း မဖြစ်နိုင်ဘူး။ မပေးနိုင်တော့ တင်လာတဲ့ ပစ္စည်းတွေယူသွားတယ်” ဟု မိုင်းဆတ်မှ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နိုဝင်ဘာ (၁)ရက်က တာချီလိတ်မှ ပုံပါကျင်သို့ မြေသြဇာတင်ဆောင်လာသည့် ကားကို စစ်ကောင်စီလက်အောက်ခံ အကောက်ခွန် ဝန်ထမ်းများက ငွေတောင်းယူမှုပြုလုပ်စဥ် ငွေမပေးနိုင်သည့်အတွက် မြေသြဇာ အိတ်(၁၀၀) သိမ်းယူသွားကြောင်း ၎င်းကုန်သည်က ဆိုသည်။

ထိုနည်းတူ မိုင်းဆတ်မြို့ပြင်ဘက်သို့ ဘီယာများတင်သွားသည့် ကုန်ကားကိုလည်း စစ်ကောင်စီလက်အောက်ခံ အခွန်ဦးစီးဌာန အဖွဲ့မှ တားဆီးစစ်ဆေးကာ ဘီယာ အဖာ(၂၀၀) ယူဆောင်သွားကြောင်း သိရသည်။

“ကုန်တွေက တာချီလိတ်ကနေ လွတ်လာပေမယ့် မိုင်းဆတ်ရောက်မှ သိမ်းတာတွေ မဖြစ်သင့်ဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက အခွန်လာကောက်တာ သဘောမတူလို့ ဒီလိုလုပ်နေတာလား မသိဘူး” ဟု ကုန်စုံရောင်းနေသူ တစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီး (၉ )လကြာ ကာလအတွင်း စစ်ကောင်စီလက်အောက်ခံ အဖွဲ့များသည် သျှမ်းပြည် အရှေ့ပိုင်းအတွင်း အတင်းအဓမ္မ ငွေကောက်ခံခြင်း၊ ငွေမပေးဆောင်ပါက ကုန်ပစ္စည်းများ သိမ်းယူမှု ပြုလုပ်နေသည့်အပေါ် ပြည်သူများအနေဖြင့် ထိခိုက်နစ်နာမှုများစွာရှိကြောင်းလည်း ကုန်သည်အသိုင်းအဝိုင်းက ဆိုသည်။

စစ်အာဏာသိမ်းယူမှု၊ ကိုဗစ်-၁၉ မြင့်တက်မှုကြောင့် စီးပွားရေးကျဆင်းကာ ပြည်သူများ ဝင်ငွေနည်းပါးနေချိန် စစ်ကောင်စီလက်အောက်ခံအဖွဲ့များ ယခုကဲ့သို့ မပြုလုပ်သင့်ကြောင်းလည်း အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုနောက်ပိုင်း တာချီလိတ်ဘက်ကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေက ဈေးတက်ကုန်တယ်။ တဖက်ကလည်း ဒီလို အတင်း အဓမ္မ ငွေတွေကို ပိုကောက်ခံနေမယ်ဆိုရင် အခြေခံလူတန်းစားတွေ အတွက် အရမ်းခက်ခဲသွားမယ်” ဟု ကုန်သည် တစ်ဦးက ပြောသည်။

မိုင်းဆတ်မြို့သို့ အဓိက တင်သွင်းနေသည့် ကုန်ပစ္စည်းများမှာ ဆပ်ပြာမှုန့်၊ မြေသြဇာ၊ ဘီယာနှင့် အချိုရည်များဖြစ်ပြီး ထို ကုန်ပစ္စည်းများအတွက် တောင်းသည့် အခွန်ပမာဏကို မပေးဆောင်ပါက ပစ္စည်းများ ယူဆောင်သွားကြောင်း သိရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...