သျှမ်းပြည် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပြည်သူ့စစ်များ စောင့်ဆိုင်းပေးနေရ
သျှမ်းပြည်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ပြည်သူ့စစ်များ နှင့် အရာရှိ ဗိုလ်များပါ လာရောက်စောင့်ဆိုင်းပေးနေရကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည် တောင်ကြီးခရိုင် ၊ လွိုင်လင်ခရိုင်ထဲရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များထဲ ပြည်သူ့စစ်များ လာရောက်စောင့်ပေးနေရကြောင်း ခရီးသွားသူများထံ သိရှိရသည်။ အဆိုပါ ပြည်သူ့စစ်များ စောင့်ဆိုင်းပြီး စစ်ဆေးပေးနေသည့် ဂိတ်များသည် မိုင်းကိုင် နှင့်...
လဲချားမြို့ရောက် စစ်ဘေးရှာင် တချို့ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်
သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်မှ စစ်ဘေးရှောင်များ အချို့သည် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်သွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၉ ရက်တွင် လဲချားမြို့ရောက် စစ်ရှောင် ၅၀၀ ကျော်တို့မှ ဟော်ခမ်းကျောင်းတိုက်၊ ကျောင်းခမ်း ကျောင်းတိုက် နှင့် ဆလိုင်းခုမ်ကျောင်းတိုက်မှ စစ်ဘေးရှောင်တို့သည် စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်သွားကြောင်း...
ဟိုပုံးမြို့နယ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်အတွင်းထိ ရေများဝင်
သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းမဘေးရှိ နေအိမ်ထိ ရေများစီးဝင်နေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၉ ရက်နေ့ ဟိုပုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နောင်တောင်း ပရဟိတကျောင်း သွားလမ်းဘေးရှိ နေအိမ်၌ ရေနုတ်မြောင်း မရှိသဖြင့် နေအိမ်၏ အောက်ထပ်အတွင်းသို့ ရေများစီးဝင်နေကြောင်း...
စစ်ကောင်စီက PDF တွေကို မက်လုံးပေးပြီး မြူဆွယ်နေ
ပြည်သူ့ကာကွယ်ရေး PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံပြီး လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများကို လက်နက်၊ ခဲယမ်းနှင့်အတူ အလင်းပြန်ဝင်လာပါက ဆုကြေးငွေ ထောက်ပံ့ပေးသွားမည်ဟု စစ်ကောင်စီမှ မက်လုံးပေးပြီး မြူဆွယ်နေကြောင်း စုံစမ်းသိရသည်။ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီသည် မြေပြင်တွင် စစ်ရေးအင်းအား အများအပြား လျော့နည်းလာမှုနှင့်...
အမျိုးသမီးအပါအဝင် တောင်ကြီးက လူငယ် ၃ ဦး ထက်မနည်း စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား
သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ပေါ် နေထိုင်သည့် လူငယ်များကို စစ်ကောင်စီ တပ်ဖွဲ့က လိုက်လံ ဖမ်းဆီးရာ လက်ရှိတွင် လူငယ် ၃ ဦး ထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ယခု ဧပြီလဆန်းပိုင်းမှ စတင်ကာ တောင်ကြီးမြို့ပေါ်ရှိ လူငယ်များကို စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး၌ ပါဝင်သည် ဆိုသည့်...
နေအိမ်ထဲ နေထိုင်ခွင့် မပေးသည့် အိမ်ရှင်ကို TNLA တပ်ဖွဲ့က သေနတ်မောင်းတင် ခြိမ်းခြောက်
သျှမ်းပြည် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့သည် နေအိမ်ထဲ စခန်းချ နေထိုင်ခွင့် မပြုသည့် အိမ်ရှင်များကို သေနတ်မောင်းတင် ခြိမ်းခြောက်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၉ ရက်တွင် နမ့်ခမ်းမြို့နယ် ဟိုပုံ (ဝၢၼ်ႈႁူဝ်ပုင်ႇ)ကျေးရွာ အတွင်းသို့...
ကရင်နီ စစ်ရှောင်များအတွက် (ဆန် နှင့် သောက်သုံးရေ ထောက်ပံ့ကူ မြတ်ကုသိုလ်ယူ) ကမ်ပိန်းပြုလုပ်
ကရင်နီ (ကယား) ပြည်အတွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်ရှောင်နေရသည့် စစ်ဘေးရှောင်များအတွက် (ဆန် နှင့် သောက်သုံးရေထောက်ပံ့ကူ မြတ်ကုသိုလ်ယူ) ကမ်ပိန်းတစ်ရပ်ကို ပြုလုပ်နေကြောင်း သိရသည်။ ယနေ့ မေလ ၁၀ ရက်မှ ဇွန်လ ၁၀ ရက်နေ့ထိ ကရင်နီပြည် စစ်ရှောင်ဦးရေ ၇၀ ရာခိုင်နှုန်းဝန်းကျင်အတွက်...
ကျိုင်းတုံ – တာချီလိတ် ကားလမ်းမပေါ် ကားတစ်စီး ဘရိတ်ပေါက် ၁ ဦးသေဆုံး၊ ၃ ဦး ထိခိုက်ဒဏ်ရာရ
သျှမ်းပြည် တာချီလိတ်ခရိုင် ကျိုင်းတုံ - တာချီလိတ် ကားလမ်းမပေါ်တွင် မြေတင်ကားတစ်စီး ဘရိတ်ပေါက်ပြီး တောင်ကိုတိုက်မိကာ ၁ ဦး သေဆုံး၍ ၃ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည် မေလ ၈ ရက် ညနေပိုင်း ၅ နာရီတွင်...
တောင်ကြီးတွင် ဖောင်းကြွနံပါတ်ပြား တချပ်ကို ကျပ် ၅ သောင်းဖြင့် လုပ်ပေးနေ
စစ်ကောင်စီက ဖောင်းကြွနံပါတ်ပြား မလဲရသည့် ယာဉ်များကို အရေးယူမည်ဟု ကြေညာပြီးနောက် ဖောင်းကြွနံပါတ်ပြား တစ်ချပ်ကို ကာလပေါက်စျေး ကျပ်ငွေ ၅ သောင်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၈ ရက်မှစ၍ ၁၅ ရက်ကာလသာအတွင်း ဖောင်းကြွနံပါတ်ပြား မလဲရသေးသည့် ယာဉ်များကို စတင် အရေးယူမည်ဟု...
အရပ်သားကို မီးမြှိုက်ပြီး အမှုစစ်ခဲ့သည်ဟု SSPP ဝန်ခံပြော
အရပ်သားတစ်ဦးကို မီးမြှိုက်ပြီး အမှုစစ်ခဲ့သည့် ဗီဒီယိုဖိုင် ကိစ္စသည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဘက်မှ ဝန်ခံပြောဆိုလိုက်သည်။ ဗီဒီယိုဖိုင်ထဲတွင် SSPP/SSA စစ်ဝတ်စုံဖြင့် ဝတ်ဆင်ထားသည့် စစ်သား ၃ ဦးသည် အရပ်သား တစ်ဦးကို သစ်ပင်ပေါ်ကြိုးချည်ပြီး မီးမြှိုက်ထားသည်။ အဆိုပါ ဗီဒီယိုသည် ယမန်နေ့ (မေ ၉)...






