ကရင်နီ စစ်ရှောင်များအတွက် (ဆန် နှင့် သောက်သုံးရေ ထောက်ပံ့ကူ မြတ်ကုသိုလ်ယူ) ကမ်ပိန်းပြုလုပ်

ကရင်နီ (ကယား) ပြည်အတွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်ရှောင်နေရသည့် စစ်ဘေးရှောင်များအတွက် (ဆန် နှင့် သောက်သုံးရေထောက်ပံ့ကူ မြတ်ကုသိုလ်ယူ) ကမ်ပိန်းတစ်ရပ်ကို ပြုလုပ်နေကြောင်း သိရသည်။

(ဆန် နှင့် သောက်သုံးရေ ထောက်ပံ့ကူ မြတ်ကုသိုလ်ယူ) ကမ်ပိန်း

ယနေ့ မေလ ၁၀ ရက်မှ ဇွန်လ ၁၀ ရက်နေ့ထိ ကရင်နီပြည် စစ်ရှောင်ဦးရေ ၇၀ ရာခိုင်နှုန်းဝန်းကျင်အတွက် ဆန် နှင့်သောက်သုံးရေ ထောက်ပံ့ကူ မြတ်ကုသိုလ်ယူ ကမ်ပိန်းတစ်ရပ်ကို ပြုလုပ်သွားမည်ဖြစ်သဖြင့် မိမိတို့ တတ်နိုင်သလောက် ပါဝင်ကူညီပေးပါရန် ဖိတ်ခေါ်လိုက်ကြောင်း ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က ယနေ့တွင် ကြေညာထားသည်။

တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များသည် လက်ရှိမှာ ရှောင်တိမ်း နေထိုင်ရသည့် ဒေသ၌ သီးနှံစိုက်ပျိုးရန် အခွင့်အလမ်းမသာခြင်း နှင့် သောက်သုံးရေ အရင်းအမြစ် ကန့်သတ်ချက် စသည့်ဖြင့် အခက်ခဲကြုံတွေ့နေရကြောင်း ကြေညာချက်တွင် ထုတ်ဖော်ရေးသားထားသည်။

စစ်ရှောင်များ

“ ကျမအတွက် အလှူရှင်ရှိခဲ့မယ်ဆိုရင် စားစရိတ်အတွက် ဆန်၊ ဆီ၊ ဆားတွေ ကုန်စိမ်းတွေဆို ကျမတို့အတွက် မစားရတာကြာပြီ။ ဉပမာ အာလူးတို့၊ မုန်ညှင်းတို့ အဲ့လိုမျိုး ကုန်စိမ်းတွေ လိုအပ်နေတယ်။ ကုလားပဲတွေဆို ရက်တိုင်း စားနေရရင် ကလေးတွေလည်း စားမဝင်တော့ အားမရှိဘူး။ တချို့ သွေးတိုးသမားဆို သွေးတိုးတက်ကြတယ်။ ဆေးဝါးတွေလည်း လိုအပ်တယ် “ဟု သျှမ်း – ကယားနယ်စပ်ဒေသရှိ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ အခုရက်ပိုင်းအတွင်း၌ စစ်ရှောင်များသည် အသားဟင်း၊ ငါးဟင်းမစားရသည်မှာ ကြာပြီဖြစ်ကြောင်း တတ်နိုင်သလောက် ပါဝင်ကူညီပေးဖို့ရန် ၎င်းက တောင်းဆိုထားသည်။

ထို့အပြင် သျှမ်း – ကယားနယ်စပ်ဒေသရှိ စစ်ဘေးရှောင်များ၊ စစ်ရှောင်စခန်းများ၊ အရပ်သား နေအိမ်များကို စစ်ကောင်စီ ပစ်မှတ်ထားပြီး လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်နေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများ စားဝတ်နေရေးအခက်ခဲကြောင့် ရေရှည်ရှောင်တိမ်းရန် အခက်ခဲကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပွားခဲ့သော “၁၁၁၁”စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသဖြင့် မြို့ခံအချို့အပါအဝင် အစိုးရဝန်ထမ်းအချို့ နေရပ်ပြန်နေထိုင်ခဲ့ကြသည်။ သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ငွေတောင်ရပ်ကွက်နှင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...