Wednesday, January 28, 2026

ကရင်နီ စစ်ရှောင်များအတွက် (ဆန် နှင့် သောက်သုံးရေ ထောက်ပံ့ကူ မြတ်ကုသိုလ်ယူ) ကမ်ပိန်းပြုလုပ်

ကရင်နီ (ကယား) ပြည်အတွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်ရှောင်နေရသည့် စစ်ဘေးရှောင်များအတွက် (ဆန် နှင့် သောက်သုံးရေထောက်ပံ့ကူ မြတ်ကုသိုလ်ယူ) ကမ်ပိန်းတစ်ရပ်ကို ပြုလုပ်နေကြောင်း သိရသည်။

(ဆန် နှင့် သောက်သုံးရေ ထောက်ပံ့ကူ မြတ်ကုသိုလ်ယူ) ကမ်ပိန်း

ယနေ့ မေလ ၁၀ ရက်မှ ဇွန်လ ၁၀ ရက်နေ့ထိ ကရင်နီပြည် စစ်ရှောင်ဦးရေ ၇၀ ရာခိုင်နှုန်းဝန်းကျင်အတွက် ဆန် နှင့်သောက်သုံးရေ ထောက်ပံ့ကူ မြတ်ကုသိုလ်ယူ ကမ်ပိန်းတစ်ရပ်ကို ပြုလုပ်သွားမည်ဖြစ်သဖြင့် မိမိတို့ တတ်နိုင်သလောက် ပါဝင်ကူညီပေးပါရန် ဖိတ်ခေါ်လိုက်ကြောင်း ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က ယနေ့တွင် ကြေညာထားသည်။

တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များသည် လက်ရှိမှာ ရှောင်တိမ်း နေထိုင်ရသည့် ဒေသ၌ သီးနှံစိုက်ပျိုးရန် အခွင့်အလမ်းမသာခြင်း နှင့် သောက်သုံးရေ အရင်းအမြစ် ကန့်သတ်ချက် စသည့်ဖြင့် အခက်ခဲကြုံတွေ့နေရကြောင်း ကြေညာချက်တွင် ထုတ်ဖော်ရေးသားထားသည်။

စစ်ရှောင်များ

“ ကျမအတွက် အလှူရှင်ရှိခဲ့မယ်ဆိုရင် စားစရိတ်အတွက် ဆန်၊ ဆီ၊ ဆားတွေ ကုန်စိမ်းတွေဆို ကျမတို့အတွက် မစားရတာကြာပြီ။ ဉပမာ အာလူးတို့၊ မုန်ညှင်းတို့ အဲ့လိုမျိုး ကုန်စိမ်းတွေ လိုအပ်နေတယ်။ ကုလားပဲတွေဆို ရက်တိုင်း စားနေရရင် ကလေးတွေလည်း စားမဝင်တော့ အားမရှိဘူး။ တချို့ သွေးတိုးသမားဆို သွေးတိုးတက်ကြတယ်။ ဆေးဝါးတွေလည်း လိုအပ်တယ် “ဟု သျှမ်း – ကယားနယ်စပ်ဒေသရှိ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ အခုရက်ပိုင်းအတွင်း၌ စစ်ရှောင်များသည် အသားဟင်း၊ ငါးဟင်းမစားရသည်မှာ ကြာပြီဖြစ်ကြောင်း တတ်နိုင်သလောက် ပါဝင်ကူညီပေးဖို့ရန် ၎င်းက တောင်းဆိုထားသည်။

ထို့အပြင် သျှမ်း – ကယားနယ်စပ်ဒေသရှိ စစ်ဘေးရှောင်များ၊ စစ်ရှောင်စခန်းများ၊ အရပ်သား နေအိမ်များကို စစ်ကောင်စီ ပစ်မှတ်ထားပြီး လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်နေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...