နေအိမ်ထဲ နေထိုင်ခွင့် မပေးသည့် အိမ်ရှင်ကို TNLA တပ်ဖွဲ့က သေနတ်မောင်းတင် ခြိမ်းခြောက်

သျှမ်းပြည် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့သည် နေအိမ်ထဲ စခန်းချ နေထိုင်ခွင့် မပြုသည့် အိမ်ရှင်များကို သေနတ်မောင်းတင် ခြိမ်းခြောက်ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း ကားလမ်းမပေါ်တစ်နေရာ TNLA စစ်ကြောင်း တွေ့ရစဥ်

ပြီးခဲ့သည့် မေလ ၉ ရက်တွင် နမ့်ခမ်းမြို့နယ် ဟိုပုံ (ဝၢၼ်ႈႁူဝ်ပုင်ႇ)ကျေးရွာ အတွင်းသို့ TNLA စစ်ကြောင်း ဝင်ရောက်လာပြီး ပြည်သူ့နေအိမ်ထဲ စခန်းချ နေထိုင်ခွင့်တောင်းရာ အိမ်ရှင်က ယခုတကြိမ်ကို သက်ညာပေးစေလိုကြောင်း ပြောလိုက်သည့်အတွက် သေနတ် မောင်းတင် ခြိမ်းခြောက်လိုက်ကြောင်း ဖြစ်စဥ်ကို သိရှိသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ TNLA စစ်သားတွေက သူ့အိမ်ကို လာနေတာ ၃ ကြိမ် ရှိနေပြီ၊ အခုတကြိမ်နဲ့ ဆိုရင် ၄ ကြိမ်မြောက်သွားပြီ။ ဒါကြောင့် သူက အခုတကြိမ်မှာတော့ ဒီနေရာမှာ မနေပါနဲ့၊ တခြားနေရာမှာ သွားနေဖို့ သူက ပြောတယ်။ TNLA ကသေနတ်မောင်းတင် ခြိမ်းခြောက်ပြပြီးတော့ ဖုန်းဆက်ပြီး တခြားနေရာကို ဆက်သွားတယ်” ဟု ဖြစ်စဥ်ကို သိရှိသူ အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ TNLA စစ်သားများသည် ပြည်သူ့နေအိမ်ထဲ ဝင်ရောက်နေထိုင်မှု အချိန်တိုင်း၌ အိမ်ရှင်၏ ခွင့်ပြုချက် မတောင်းပဲ စားစရာများ၊ အသုံးအဆောင်ပစ္စည်းများကို စိတ်တိုင်းကျ ယူဆောင် သုံးစွဲနေကြကြောင်း ဒေသခံများက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း ကားလမ်းမပေါ်တစ်နေရာ TNLA စစ်ကြောင်း တွေ့ရစဥ်

နေအိမ်ထဲ TNLA တပ်ဖွဲ့ စခန်းချ နေထိုင်ခွင့် မပေးသည့် အိမ်ရှင်သည် TNLA စစ်သားတို့၏ သေနတ်မောင်းတင် ခြိမ်းခြောက်မှုကို ခံရသည့်အတွက် ရန်ပြုခံရမှာကို စိုးရိမ်ကြောက်လန့်နေရကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“သေနတ်မောင်းတင်ပြီး ခြိမ်းခြောက်ခံရတော့ အိမ်ရှင်မိသားစုလည်း ကြောက်သွားတယ်၊ ပြီးတော့ သူတို့ ပလောင် (တအာင်း) စကား နဲ့ တစ်နေရာရာကို ဖုန်းဆက်ပြီး ပြောတာလည်း ရှိတော့ တွေးကြောက်ရတာပေါ့နော်၊ အခုထိလည်း အဲ့ပတ်ဝန်းကျင်မှာ TNLA စစ်သားတွေက သွားလာလှုပ်ရှားနေတယ်” ဟု ၎င်းက ဆက်ဆိုသည်။

အလားတူပင် ပြီးခဲ့သည့် မေလ ၁၀ ရက်၌ နမ့်ခမ်းမြို့နယ် နမ့်မကျေးရွာမှာလည်း TNLA စစ်ကြောင်း ဝင်လာပြီး၊ ဒေသခံ နေအိမ်များ၌ စခန်းချ နေထိုင်ပြီး စားစရာများ၊ အဝတ်အထည်များ နှင့် အသုံးအဆောင် တချို့ကိုယူဆောင်ကြကြောင်း သတင်း သိရသည်။

“TNLA စစ်သားတွေက ပြည်သူအိမ်ထဲ ဝင်နေလိုက်၊ လမ်းသွားလမ်းလာ ကားသမားတွေထံကနေ ပိုက်ဆံတောင်း လိုက် လုပ်နေတာ ၃ လ လောက်ရှိနေပြီ၊ နစ်နာတာ၊ ခံရတာတွေကတော့ ပြည်သူတွေဖြစ်တယ်၊ ပြည်သူတွေ ကလည်း ဘယ်အဖွဲ့ကို သွားပြီး အားကိုးရမလဲ မသိနိုင်တော့ဘူး” ဟု နမ့်ခမ်းဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

TNLA စစ်သားများ နေအိမ်ထဲ ဝင်ရောက် စခန်းချမှုကြောင့် သမီးပျို ရှိသည့် အိမ်ရှင်များ၊ အမျိုးသမီးအိမ်ရှင်များက အိမ်ကို အဆိုပါ စစ်သားများကို နေခိုင်းပြီး၊ ၎င်းအမျိုးသမီးများသည် တခြား နေအိမ်များထံသို့ သွားရောက် နေထိုင်ရကြောင်း လည်း သိရသည်။

ယင်းကဲ့သို့ TNLA စစ်သားများက ပြည်သူ့နေအိမ်ထဲ ဝင်ရောက်စခန်းချနေထိုင်မှု နှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး တားအိုက်ကျော် ထံသို့ အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလအတွင်း၌ မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသမှ စစ်ဘေးရှောင် စခန်း အတွင်းမှာ လည်း TNLA တပ်သားများက ဝင်ရောက်နေထိုင်ပြီး စစ်ရှောင်များထံမှ ဆန်များ တောင်းယူခဲ့ကြောင်း သိရသည်။

လက်နက်ကိုင် တပ်ဖွဲ့များမှ လူနေကျေးရွာအတွင်း ရပ်ရွာအတွင်း ဝင်ရောက်နေထိုင်ခြင်း၊ လူထု နှင့် အတူ ရောနှော နေထိုင်ခြင်းတို့သည် ဂျီနီဗာကော (Geneva Call) ဥပဒေ နှင့် ဆန့်ကျင်သည့်အပြင် စစ်ရာဇဝတ်မှု မြောက်ကြောင်း လည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...