တောင်ကြီးမြို့ မူးယစ်ဆေးဝါး မီးရှို့အခမ်းနား တက်ရောက်ခဲ့သည့် ကျောင်းသူများ မူးလဲသတိလစ်
သျှမ်းပြည် တောင်ကြီးမြို့အတွင်း ယမန်နေ့ (ဇွန် ၂၆) ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အခမ်းနားကို တက်ရောက်ခဲ့သည့် ကျောင်းသား/သူ ၃၀ ကျော်က မူးလဲပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း စုံစမ်း သိရှိရသည်။ ယမန်နေ့ ဇွန် (၂၆) ရက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ကို...
နမ္မတူမြို့နယ်မှ အမျိုးသား တစ်ဦးကို TNLA တပ်သားများမှ ရိုက်နှက်
သျှမ်းပြည် နမ္မတူမြို့နယ်မှ အမျိုးသား တစ်ဦးကို မူးယစ်ဆေးဝါး သုံးစွဲသည့် စွပ်စွဲချက်ဖြင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်သားများက ဝိုင်းဝန်းရိုက်နှက်ကြောင်း စုံစမ်းသိရသည်။ ရိုက်နှက်ခံထားရသည့် အမျိုးသား ပြီးခဲ့သည့် ဇွန်လ ၂၃ ရက် ညနေပိုင်းတွင် နမ္မတူမြို့နယ် အမှတ် (၆)...
စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပိုင်ရှင်မဲ့ အလောင်း ၃၀ ထက်မနည်းတွေ့ရှိ
SHAN -
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်း ပိုင်ရှင်မဲ့ အလောင်းများ များပြားလာကြောင်း စုံစမ်းသိရှိရသည်။ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှ ယနေ့ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်အထိ သျှမ်းပြည်နယ်အတွင်း ပိုင်ရှင်မဲ့ အလောင်း ၃၀ ထက်မနည်း သေဆုံးနေသည်ဟု...
ကျောက်မဲမှ နေရပ်ပြန်သည့် စစ်ဘေးရှောင်များ မြေမြှုပ်မိုင်း အန္တရာယ် စိုးရိမ်ရ
သျှမ်းပြည် ကျောက်မဲမြို့မှ နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များသည် မြေမြှုပ်မိုင်း အန္တရာယ်စိုးရိမ် ရကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်ဖွဲ့ နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) တို့၏ တိုက်ပွဲကြောင့်...
ကရင်နီ (ကယား) ပြည် မယ်စဲ့မြို့နယ် ဗျူဟာကုန်း စစ်တပ်စခန်းမှ ဒု - ဗိုလ်မှူးကြီး အပါအဝင် တပ်သားများ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချပြီး အလင်းဝင်လာကြောင်း သတင်း သိရသည်။ ဇွန်လ ၂၃ ရက် ညနေပိုင်းမှစပြီး မယ်စဲ့မြို့နယ် ထိုင်း - ကရင်နီနယ်စပ် ဘီပီ...
ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ တပ်သားများ အရက်သောက်ပြီး အချင်းချင်း ပစ်ခတ်သေဆုံးမှုဖြစ်
သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ တပ်သားများ အရက်သေစာသောက်စားပြီး အချင်းချင်း ရန်ဖြစ်ပွားကာ သေနတ် ပစ်ခတ်မှုရှိခဲ့ပြီး သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန် ၂၁ ရက်တွင် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာအုပ်စု စစ်ကောင်စီတပ်စွဲထားသည့် လွယ်မကူးတောင်ပေါ်တွင် စစ်ကောင်စီတပ်သားများ အရက် သောက်စား ရန်ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်...
စစ်အုပ်စုအား ထိတ်လန့်စေသော ပန်းသပိတ်လှုပ်ရှားမှု
SHAN -
နိဒါန်း ဇွန်လ ၁၉ ရက်၊ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုကြရင်း အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင် တော်လှန်ရေးလှုပ်ရှားမှုတရပ်အဖြစ် “ပန်းသပိတ်”ကို နွေဦးတော်လှန်ရေး အင်အားစုများနှင့် အတူ ပြည်သူလူထုက လိုက်ပါလှုပ်ရှားခဲ့ကြသည်။ ဇွန်လ ၁၅ ရက် စတင်ပြီး “ပန်းသပိတ်”အတွက် အကြိုဆော်သြမှုများ ဖြစ်သည့် “ဗေဒါပျံ အံကိုခဲ၊...
ဆီဆိုင်မြို့နယ် စစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်မှု အခြေအနေနဲ့ ကြုံတွေ့နေရဆဲ
သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်များသည် အလှူရှင် မရှိသောကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှု အခြေအနေ နှင့် ကြုံတွေ့နေရဆဲ စုံစမ်း သိရသည်။ ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှစ၍ ၃ လကြာ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်များသည် ပုံမှန်လစဉ် ကူညီထောက်ပံ့ ပေးနေသည့် အလှူရှင်များမှ ထောက်ပံ့မှု ရပ်တန့်သွားသောကြောင့် စစ်ရှောင်များက...
ပင်လုံမြို့ စည်ပင်သာယာရေးက အမှိုက်ခွန်ကောက်ပြီး အမှိုက်ရှင်းလင်းပေးမှုမရှိ
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့အတွင်း စည်ပင်သာယာရေးက လစဥ် အမှိုက်ခွန်ကို ကောက်ယူနေပြီး မြို့တွင်း နှင့် မြို့ပြင်ရှိ အမှိုက်ကို ရှင်လင်းပေးခြင်းမရှိကြောင်း သတင်းရရှိသည်။ ထိုအပြင် စည်ပင်သာယာရေးကလည်း ပုံမှန် အမှိုက်လာကောက်ယူမှုမရှိပဲ အခွန်ကောက်ယူမှုရှိကြောင်း သိရသည်။ “ပင်လုံမှာ အရင်တုန်းက တစ်မြို့လုံး စွန့်ပစ်လို့ရတဲ့ အမှိုက်ကျင်းရှိတယ်။ အခုက မရှိတော့ဘူး။...
ကွတ်ခိုင်မြို့နယ် အမျိုးသား တစ်ဦး ဒဏ်ရာများဖြင့် MNDAA တပ်စခန်းအတွင်း သေဆုံးလျက်တွေ့ရှိ
သျှမ်းပြည် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်မှ (၃၈) မိုင် မန်ပိန်းကျေးရွာ ဒေသခံ အမျိုးသား တစ်ဦးသည် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့ တပ်စခန်း အတွင်း၌ ဒဏ်ရာများဖြင့် သေဆုံးလျက် အလောင်းပြန်ရကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၁...





