ကွတ်ခိုင် ပစ်ခတ်သံများကြား အသွားအလာ သတိထားရန် လိုအပ်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်းတွင် ပစ်ခတ်သံများ ကြားနေရသည့်အတွက် အသွားအလာ သတိထားကြရန် လိုအပ်ကြောင်း ဒေသအတွင်း ကားသမားများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

.

ယနေ့ (သြဂုတ် ၁၇) ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်တောင်ကြောအနီး၌ ပစ်ခတ်သံများ စတင်ကြားရကြောင်း ဒေသအတွင်း လိုင်းကား မောင်းသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့

“လမ်းဘေးမှာ ကြံခင်းတွေ ရှိနေတယ်။ အဲ့ကြံခင်းအတွင်းကနေ ပစ်ခတ်သံတွေ ထွက်လာတာ၊ ဘယ်အဖွဲ့ နဲ့ အဖွဲ့တို့က ပစ်နေကြမှန်းတော့ မသိရဘူးပေါ့၊ ဒါပေမဲ့ လမ်းနဲ့လည်း သိပ်မဝေးတော့ အသွားအလာတွေ သတိထားဖို့ လိုအပ်ပါတယ်” ဟု လိုင်းကားမောင်းသူ အသက် ၄၀ ဝန်းကျင် အမျိုးသားက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ယင်းပစ်ခတ်မှု အသံသည် လမ်း၏ ဘေးတစ်ဖက်ရှိ ကြံခင်းဘက်မှ ထွက်ပေါ်လာသည်ဟု သိရပြီး မည်သည့်တပ်ဖွဲ့က ပစ်ခတ်နေကြသည်ကို သျှမ်းသံတော်ဆင့် မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိ သေးပေ။

ထို့အပြင် ယနေ့ နံနက်ပိုင်းအချိန်၌ ကွတ်ခိုင်အခြေစိုက် ခလ၇ (၂၄၁) နှင့် (၂၄၂) တို့မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် များသည် စစ်ကား (၁၀) စီးဖြင့် ကွတ်ခိုင်မြို့မှ မူဆယ်ဘက်သို့ ဦးတည်ကာ စတင် ထွက်ခွာသွားကြောင်း လည်း သတင်းသိရသည်။

ယင်းကဲ့သို့ စစ်ကားများထွက်ပြီး မွန်းလွဲပိုင်း ၁ နာရီခွဲ ဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ် မန်လွယ် နှင့် နမ့်ဖလွန်တောင်ကြော၌ တစ်ဖတ်သတ် ပစ်ခတ်နေသည့် လက်နက်ကြီးသံများလည်း ကြားရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်နက်ကြီး အသံကတော့ တစ်ဖက်တည်း ပစ်ခတ်နေတာမျိုးလို့ ထင်မိတယ်။ သေနတ်သံက နှစ်ချက် သုံးချက်လောက်ပေါ့။ ဒါပေမဲ့ လက်နက်ကြီး အသံကိုတော့ မရေထားမိဘူး။ အခုတော့ အသံငြိမ်သွားပြီ” ဟု ဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည် မြောက်ပိုင်း လားရှိုး – ကွတ်ခိုင် – မူဆယ် လမ်းပိုင်း တစ်လျှောက်တွင် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လက်နက်ကြီး/ငယ် လမ်းပေါ်ကျရောက်လေ့ရှိရာ လမ်းပိတ်ခြင်းများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ထို့ကြောင့် အဆိုပါ လမ်းပိုင်းတစ်လျှောက် သွားလာ လှုပ်ရှားကြသည့် ခရီးသည် ကားသမားအနေဖြင့် သတိထားပြီး သွားလာကြပါရန် ဒေသအတွင်း ကားသမားများက ပြောဆို တိုက်တွန်းထားခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...