Tuesday, January 27, 2026

ကွတ်ခိုင် ပစ်ခတ်သံများကြား အသွားအလာ သတိထားရန် လိုအပ်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်းတွင် ပစ်ခတ်သံများ ကြားနေရသည့်အတွက် အသွားအလာ သတိထားကြရန် လိုအပ်ကြောင်း ဒေသအတွင်း ကားသမားများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

.

ယနေ့ (သြဂုတ် ၁၇) ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်တောင်ကြောအနီး၌ ပစ်ခတ်သံများ စတင်ကြားရကြောင်း ဒေသအတွင်း လိုင်းကား မောင်းသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့

“လမ်းဘေးမှာ ကြံခင်းတွေ ရှိနေတယ်။ အဲ့ကြံခင်းအတွင်းကနေ ပစ်ခတ်သံတွေ ထွက်လာတာ၊ ဘယ်အဖွဲ့ နဲ့ အဖွဲ့တို့က ပစ်နေကြမှန်းတော့ မသိရဘူးပေါ့၊ ဒါပေမဲ့ လမ်းနဲ့လည်း သိပ်မဝေးတော့ အသွားအလာတွေ သတိထားဖို့ လိုအပ်ပါတယ်” ဟု လိုင်းကားမောင်းသူ အသက် ၄၀ ဝန်းကျင် အမျိုးသားက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ယင်းပစ်ခတ်မှု အသံသည် လမ်း၏ ဘေးတစ်ဖက်ရှိ ကြံခင်းဘက်မှ ထွက်ပေါ်လာသည်ဟု သိရပြီး မည်သည့်တပ်ဖွဲ့က ပစ်ခတ်နေကြသည်ကို သျှမ်းသံတော်ဆင့် မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိ သေးပေ။

ထို့အပြင် ယနေ့ နံနက်ပိုင်းအချိန်၌ ကွတ်ခိုင်အခြေစိုက် ခလ၇ (၂၄၁) နှင့် (၂၄၂) တို့မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် များသည် စစ်ကား (၁၀) စီးဖြင့် ကွတ်ခိုင်မြို့မှ မူဆယ်ဘက်သို့ ဦးတည်ကာ စတင် ထွက်ခွာသွားကြောင်း လည်း သတင်းသိရသည်။

ယင်းကဲ့သို့ စစ်ကားများထွက်ပြီး မွန်းလွဲပိုင်း ၁ နာရီခွဲ ဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ် မန်လွယ် နှင့် နမ့်ဖလွန်တောင်ကြော၌ တစ်ဖတ်သတ် ပစ်ခတ်နေသည့် လက်နက်ကြီးသံများလည်း ကြားရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်နက်ကြီး အသံကတော့ တစ်ဖက်တည်း ပစ်ခတ်နေတာမျိုးလို့ ထင်မိတယ်။ သေနတ်သံက နှစ်ချက် သုံးချက်လောက်ပေါ့။ ဒါပေမဲ့ လက်နက်ကြီး အသံကိုတော့ မရေထားမိဘူး။ အခုတော့ အသံငြိမ်သွားပြီ” ဟု ဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည် မြောက်ပိုင်း လားရှိုး – ကွတ်ခိုင် – မူဆယ် လမ်းပိုင်း တစ်လျှောက်တွင် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လက်နက်ကြီး/ငယ် လမ်းပေါ်ကျရောက်လေ့ရှိရာ လမ်းပိတ်ခြင်းများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ထို့ကြောင့် အဆိုပါ လမ်းပိုင်းတစ်လျှောက် သွားလာ လှုပ်ရှားကြသည့် ခရီးသည် ကားသမားအနေဖြင့် သတိထားပြီး သွားလာကြပါရန် ဒေသအတွင်း ကားသမားများက ပြောဆို တိုက်တွန်းထားခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...