အောင်ပန်းသို့ ထပ်မံ ထွက်ပြေးတိမ်းရှောင်များ နေရာထိုင်ခင်းအခက်အခဲရှိ
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် အောင်ပန်းမြို့သို့ ထွက်ပြေးတိမ်းရှောင်သူများ နေရာထိုင်ခင်း အခက်အခဲကြုံတွေ့ နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA၊ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA တို့အကြား တိုက်ပွဲ ဖြစ်ပွားပြီးနောက် ဇန်နဝါရီလ နောက်ဆုံးပတ် မှ စ၍...
ပန်ဆိုင်းမြို့တွင်းသို့ SSPP နှင့် KIA တပ်သားများ လက်နက်ကိုင်ဆောင်ပြီး ဝင်ခွင့်မပြု
သျှမ်းပြည် မူဆယ်မြို့နယ်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင်းသို့ SSPP နှင့် KIA တပ်သားများကို စစ်ဝတ်စုံဖြင့် လက်နက်ကိုင်ဆောင်လာလျှင် ဝင်ခွင့်မပြုရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၁ ရက်) နံနက် ၉ နာရီခွဲခန့်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA...
တောထဲရောက် ဆီဆိုင်စစ်ရှောင်များ ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေ
သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် တောင်တောင်ထဲထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များသည် ရက်ရှည်လာ ကြာနှင့်အမျှ စုဆောင်းထားသည့် စားနပ်ရိက္ခာများ နည်းပါးလာကြောင်း စစ်ဘေးရှောင်ကူညီသူထံမှ သိရသည်။ တစ်ဖက်တွင်လည်း တိုက်ပွဲပြင်းထန်လျက်ရှိသောကြောင့် စစ်ဘေးရှောင်များသည်...
ထိုင်းနိုင်ငံသွားမည့်သူများကို SSPP မှ ပိတ်ပင်ဖမ်းဆီးနေ ဟုဆို
သျှမ်းပြည် ကျေးသီးမြို့နယ်ရှိ ဒေသခံများ ထိုင်းနိုင်ငံသို့ သွားမည့်သူများကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ပိတ်ပင် ဖမ်းဆီးမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ်အတွင်း ယနေ့ (ဖေဖော်ဝါရီ ၁၂)ရက် မှစတင်ကာ ဒေသခံများ ပြည်ပသို့ ထွက်ခွာသွားမည့်သူများနှင့် သယ်ဆောင်ပေးသော ကားသမားများကို ဖမ်းဆီးမည်ဖြစ်ပြီး ကားများကိုပါ သိမ်းသွားမည်ဟု...
ရှေ့တန်းမသွားသည့် ဆေးဖြတ်ရန်လာသူ ၁၂ ဦးကို စစ်ကောင်စီက ပစ်သတ်ပြီး ရွာသားများကို မြုပ်နှံခိုင်း
ရှေ့တန်းသွားရန် ငြင်းဆန်ခဲ့သည့် ဆေးဖြတ်ရန်လာသူ (၁၂) ဦးကို စစ်ကောင်စီက ပစ်သတ်လိုက်ပြီး ရွာသားများကို မြုပ်နှံခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သတင်းသိရသည်။ သျှမ်းတောင်၊ ဆီဆိုင်မြို့နယ် အနောက်ဖက် အောင်ဆုဗွေစခန်းတွင် ဆေးဖြတ်ရန်လာသည့် အသက် ၃၀ ဝန်းကျင် လူငယ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရှေ့တန်းသို့ စစ်မှုထမ်းရန်...
မူဆယ်အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ ခြေထောက်နှစ်ဖက် ဆုံးရှုံး
သျှမ်းပြည်မူဆယ်မြို့နယ်တွင်း အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက် ဆုံးရှုံးရသည်အထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် တိုင်းလုံကျေးရွာ (ဢိူင်ႇတိုင်းလူင်) လွိုင်ကြူလော် (လွႆၵိဝ်ႇလွၵ်) တောင်အနီးတွင် ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းတွင် အမျိုးသားတစ်ဦး ထင်းသွားရှာရာမှ မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက် ဖြတ်ရသည်အထိ ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံ...
NUG ထံ သဝဏ်လွှာပို့သည့် SSPP နှင့် ဖက်ဒရယ်အခြေခံဥပဒေ ထုတ်ပြန်လာသည့် SNLD ပါတီ
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံသို့ ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ပထမဆုံးအကြိမ် ပေးပို့ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်)တွင် ကျရောက်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ချင်းအမျိုးသားတပ်ဦး...
ဆီဆိုင်မြို့ကို စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ဖျက်ဆီး၊ စစ်သား အလောင်းများ PNLA သင်္ဂြိုဟ် ပေးနေရ
SHAN -
သျှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ဖျက်ဆီးနေပြီး မြို့တွင်း တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီ တပ်သား အလောင်းအများအပြား ကျန်ခဲ့၍ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်နေ့)...
ကံဆိုးမိုးမှောင်ကျစေသည့် ပင်လုံစာချုပ်နှင့် လမ်းပျောက်နေသည့် သျှမ်းလူထု
SHAN -
အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နေသည်ဟု ကြွေးကြော်သည့် မြန်မာ စစ်တပ်သည် ဒေသခံများ အထွဋ်အမြတ်ထားသည့်ဘုရားကျောင်းကန်များကို လက်နက်ကြီးသာမက လေကြောင်းကပါ ပစ်ခတ်ဖျက်ဆီး၍ ၄င်းတို့၏ အမျက်ဒေါသကို ဖော်ပြနေသည်။
ချစ်သူတိုင်း ဘဝလက်တွဲနိုင်ကြပါစေ
ရှေ့ကျသည့် သျှမ်းဇာတ်သဘင်သီချင်း သံစဥ်နှင့်အတူ သျှမ်းအမျိုးသားဝတ်စုံဆင်တူ ဝတ်ဆင်ထားသော နှစ်ဦးက လက်များကွေးညွန့်နေအောင် “က”ပြီး ပျော်ရွှင်ကြည်နူးနေကြသည်။ ထိုအမျိုးသား ၂ဦးသည် မီးရောင်ဖျော့ဖျော့အောက်တွင် သျှမ်းအမျိုးသားဝတ်စုံဆင်တူနှင့် မင်္ဂလာဆောင်ပွဲကို ကျင်းပနေခြင်းဖြစ်သည်။ သျှမ်းလူမျိုးတွင် အမျိုးသားအချင်းချင်း လက်ထပ်မင်္ဂလာဆောင်ခြင်းကို တကြိမ်တခါမျှ ကြုံတွေ့ခြင်းမရှိခဲ့ပေ။ ထိုမင်္ဂလာဆောင်ပွဲက ထိုင်းနိုင်ငံချင်းမိုင်မြို့ ရဲ့ နေရာတစ်နေရာမှာ ကျင်းပခဲ့ပြီး၊ မင်္ဂလာပွဲကို...






