Thursday, January 29, 2026

စစ်ဇုန်အတွင်းကျရောက်နေသည့် ဆီဆိုင်မြို့ထဲအရဲစွန့်မဝင်ရန် PNLA ထပ်မံအသိပေး

သျှမ်းပြည် ဆီဆိုင်မြို့သည် တိုက်ပွဲဖြစ်ပွားနေသည့် စစ်ဇုန်အတွင်း ကျရောက်နေသဖြင့် အရဲစွန့်ကာ မြို့တွင်းသို့ဝင်ရောက်ခြင်းများ လုံးဝမပြုလုပ်ကြရန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA က မတ်လ ၂၇ ရက်တွင် ထပ်မံအသိပေးထုတ်ပြန်ချက်ကြေညာလိုက်သည်။

ဆီဆိုင်မြို့နယ်

လက်ရှိဆီဆိုင်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး အချို့ပြည်သူများက အရဲစွန့်ကာမြို့တွင်းသို့ ဝင်ရောက်ရန် ကြိုးစားနေသောကြောင့် စစ်ကောင်စီ၏ ပစ်ခတ်ဖမ်းဆီးခြင်းများခံရပြီး ပြည်သူတချို့ ထိခိုက်သေဆုံးခြင်း၊ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးခြင်းများရှိနေသည်ဟု ဆိုသည်။

“စစ်ကောင်စီနဲ့အပေါင်းအပါလက်ပါးစေတွေရဲ့ ဖမ်းဆီးခြင်းခံရတာတွေ၊ ဖမ်းဆီးသွားလို့ အဆက်အသွယ် မရတော့တာတွေက လူအယောက် ၂၀ ထက်မနည်းရှိတယ်လို့ ကျနော်တို့ဘက်က စုံစမ်းသိရှိရတယ်။ ဒီလုပ်ရပ်တွေက စစ်ကောင်စီတွေလုပ်နေတာဖြစ်တာကြောင့်မို့လို့ ကျနော်တို့က အတိအကျ၊ ဘယ်နှစ်ယောက်လဲဆိုတာ တိတိကျကျရဖို့ဆက်လက်စုံစမ်းနေဆဲပါ” ဟု PNLA ၏ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် နေ့စဉ်ထိုးစစ်ဆင်နေပြီး အလုံးစုံပျက်စီးရေးသဘောဖြင့် ယခုရက်ပိုင်းအတွင်း တင့်ကား ၃ စီးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်နေ လျက်ရှိကြောင်း၊ လက်ရှိအချိန်ထိ ဆီဆိုင်မြို့ပေါ် ရပ်ကွက် ၆ ခုက အားလုံးနီးပါး ပျက်စီးသွားပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ တောတောင်အတွင်း ထွက်ပြေးခိုလှုံနေရသည့် စစ်ဘေးရှောင် များသည် ရေရှည်မှာစားနပ်ရိက္ခာပြတ်လပ်နှင့် ကြုံတွေ့လာနိုင်သည့်အပြင် အဆိုပါရိက္ခာပြတ်လပ်မှုကြောင့် နေရပ်ပြန်ပြီး သယ်ယူကာ အန္တရာယ်ထိခိုက်မှုများလည်း ရှိလာနိုင်ကြောင်း ပအိုဝ်းအမျိုးသမီးသမဂ္ဂ မှ တာဝန်ရှိသူတစ်ဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။

“တချို့ကျစားဝတ်နေရေးခက်ခဲမှုကြောင့် ရိက္ခာတွေကုန်တော့မှာမို့ အရဲစွန့်ပြီး ကိုယ့်ရဲ့ရပ်ရွာတွေ ပြန်ပြီး ရိက္ခာပြန်သယ်တာတွေ၊ ပစ္စည်းပစ္စယတွေ ပြန်သယ်တာမျိုးတွေရှိတယ်။ ဒီလိုဖြစ်ရင်တော့ ဒုက္ခရောက်မှာပေါ့။ အရင်ကလည်းပစ္စည်း ပြန်သွယ်တဲ့သူတွေကို လက်နက်ကြီးထိပြီး သေဆုံးသွားတဲ့ အခြေအနေတွေ လည်းရှိခဲ့ဖူးတယ်ဆိုတော့ ဒီလိုသေဆုံးမှုနှုန်းကလည်း အများကြီး မြင့်တက်လာနိုင်တယ်။ စားဝတ်နေရေး ခက်ခဲကြောင့်မို့လို့ အခက်ခဲဖြစ်လာတင်မကပါဘဲ နေရပ်ပြန်သွားပြီး ရိက္ခာသယ်တာကြောင့် အသက်အန္တရာယ်ကို ထိခိုက်လာနိုင်ဖွယ်ရှိတယ်” ဟု ၎င်းကပြောသည်။

ထို့အပြင် တောင်တောင်အတွင်း ထွက်ပြေးခိုလှုံနေသည့် စစ်ဘေးရှောင်များသည် ဖုန်းလိုင်းအဆက်အသွယ်များ ပြတ်တောက်နေသဖြင့် မြေပြင်ဖြစ်ပျက်နေသည့် သတင်းအချက်များလည်း မရရှိကြပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဆီဆိုင်မြို့ကို နေရပ်သွားသည့် စစ်ဘေးရှောင်များ ပြန်ပြီး ပစ္စည်းသယ်ယူနေစဉ် မွေတော်ဘုရားအရှေ့ဘက်ရှိ ဝါးတောရွာမြောက်ဘက်မှာ လက်နက်ကြီး ကျည်ထိမှန်ကာ ဒေသခံ ၇ ဦးသေဆုံးသွားခဲ့သည်။

ထို့ကြောင့် ဒေသခံနှင့် စစ်ဘေးရှောင်များအနေဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ်သို့ ပျံ့နှံ့နေသည့် သတင်းတု၊ သတင်းမှားများကို မယုံကြရန်၊ မြို့ထဲသို့ပြန်ဝင်ခွင့်ပြုပါက PNLA မှတရားဝင်ထုတ်ပြန်ကြေညာသွားမည် ဖြစ်သဖြင့် စောင့်ကြည့်ပြီးပြန်ဝင်ကြရန် တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ဇုန်ဖြစ်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ရှောင်များနေရပ်ပြန်ပို့ရန် စစ်ကောင်စီ စီစဉ်နေ

0
စစ်ပွဲဇုန်းအတွင်း ကျရောက်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ဘေးရှောင်များကို စစ်ကောင်စီက နေရပ်ပြန်ပို့ရန် စီစဉ်နေသည်ဟု ဒေသခံများထံမှသိရသည်။ တိုက်ပွဲကြောင့် အခြားရပ်ရွာများသို့ စစ်ဘေးရှောင်ရသည့် ဒေသခံများအနေဖြင့် လာမည့် ဧပြီလ ၂၄ ရက်မှစ၍ မိမိနေအိမ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ပြီဟု စစ်ကောင်စီက အထွေထွေအုပ်ချုပ်ရေးမှူးများ၊ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဒေသခံများကို ပြောဆိုခိုင်းထားကြောင်း ဆီဆိုင်မြို့အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တစ်ဦးကပြောသည်။ “...