နိုင်ငံတဝှမ်း စစ်မှုထမ်း လူငယ် ၅,၀၀၀ စတင်ခေါ်ယူစု၊ လစဥ် အနည်းဆုံး လူ ၅,၀၀၀ မှ ၁၀,၀၀၀ အထိ ခေါ်မည်

စစ်ကောင်စီ မတရားပြဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အထမ အသုတ်အဖြစ် နိုင်ငံတဝှမ်းမှ လူငယ် ၅,၀၀၀ ကို စစ်မှုထမ်းရန် စတင် စုဆောင်းနေပြီဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မတ်လ ၂၇ ရက်) တွင် အတည်ပြု ပြောသည်။

နိုင်ငံတဝှမ်း စစ်မှုထမ်းရန် စာရင်းရယူ စုဆောင်းထားသူများကို ယခုရက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာ စစ်သား စုဆောင်းရေး တပ်ဆွယ်၊ နီးစပ်သည့် တပ်ရင်းများသို့ စတင်ပို့ဆောင်နေပြီ ဖြစ်ပြီး ယင်းနောက် ဆေးစစ်ကာ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်မည်ဟု သတင်းရင်းမြစ်က ဆိုသည်။

“ပထမ အသုတ်ကတော့ လူစုံပါမယ်။ စစ်မှုထမ်း ဥပဒေနဲ့ မြို့နယ်တွေက ပို့တာကော၊ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက စုဆောင်းထားတာကော၊ အရပ်အခေါ် ပေါ်တာပေါ့ အဲလိုဖမ်းထားတာတွေကော၊ မူးယစ်ရမ်းကား ခိုဆိုးနှိုက်လို ရာဇဝတ်မှု အသေးစား ကျူးလွန်ထားသူတွေကော အကုန်ပေါင်းထည့်မှာ။ ဆေးစစ်ပြီးမှ သင်တန်းကျောင်း ပို့မှာပါ။ ဆေးစစ်တာက အပေါ်ယံဆိုတော့ ဆေးကျသူ မရှိလောက်ဘူး” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ကနဦး စစ်မှုထမ်း မထမအသုတ်ကို သင်္ကြန် ကာလပြီးမှ ခေါ်ယူမည်ဟု စစ်ကောင်စီက ကြေညာထား သော်လည်း ယခုအခါ နည်းဥပဒေ ပြဌာန်းနိုင်ခြင်း မရှိသေးစဥ် စတင်ခေါ်ယူနေပြီဖြစ်ပြီး လစဥ် အနည်းဆုံး လူငယ် ၅,၀၀၀ မှ ၁၀,၀၀၀ အထိ ခေါ်ယူမည် ဖြစ်သည်။

မတ်လ တတိယပတ်မှ စပြီး နောင်ချိုမြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ထွေအုပ်နှင့် လဝက မှ စစ်မှုထမ်းရန် အသက်ပြည့်သည့် ၁၈ နှစ်အထက် လူငယ်စာရင်းများဖြင့် ဆင့်ခေါ်နေပြီး ၎င်းတို့အထဲမှ မဲပေါက်သူများကို စစ်သင်တန်းတက်ရန် ပြင်ဦးလွင်သို့ ပို့ဆောင်နေပြီဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောဆိုထားသည်။

စစ်ရှုံးနေသည့် စစ်ကောင်စီက စစ်မှုထမ်း ဥပဒေကို ရုတ်တရက် ပြဌာန်းကျင့်သုံးသဖြင့် နိုင့်ငံအနှံ ဝရုန်းသုန်းကား ဖြစ်နေပြီး စစ်မှုထမ်း ဆိုင်းငံ့ခွင့်ရန် ရပ်ကျေး အပါအဝင် အုပ်ချုပ်ရေး အဖွဲ့များကို လဒ်ထိုးနေရသကဲ့သို့ ၄င်းတို့ကလည်း စစ်မှုထမ်းများအား ထောက်ပံ့ရန်ဟုဆိုကာ တရားဝင် သဖွယ် ငွေကြေး ကောက်ခံမှုများ ဖြစ်ပေါ်နေသည်။

ယင်းသို့ စစ်မှုထမ်းကာလ တရားမဝင် ဆိုင်းငံ့ခွင့်ရရန် လဒ်ထိုးမှုသည် အရာထင်မည် မဟုတ်ဘဲ စစ်ကောင်စီက လစဥ် လူငယ် ရသမျှ စုဆောင်းမည် ဖြစ်သဖြင့် နောက်ပိုင်း စစ်မှုထမ်းရမည်သာ ဖြစ်သည်ဟု စစ်တပ်တွင်း သတင်းရင်းမြစ်က သုံးသပ်သည်။

“ခုက လစဥ် အနည်းဆုံး ၅,၀၀၀ ပို့ဖို့ ညွှန်ကြားထားတယ်။ ညွှန်ကြားချက်တွေကလည်း အခုတမျိုး တော်ကြာတမျိုး ဆိုတော့ လစဥ် တစ်သောင်း ဆိုတာမျိုး ဖြစ်သွားနိုင်တယ်။ အခု မပါသေးရင်လည်း နောက်ပါမှာပဲ။ လူငယ်တွေ နည်းလမ်းရှာကြပါ။ စစ်တပ်ဆိုတာ ကိုယ်ထုတ်တဲ့ ဥပေဒတောင် လိုက်နာတဲ့ အဖွဲ့စည်း မဟုတ်ဘူး” ဟု ၄င်းကရှင်းပြသည်။

ယခု ပထမအသုတ် စုဆောင်းထားသည့် လူငယ်များကို အခြေခံ စစ်လေ့ကျင့်ရေး သင်တန်းကျောင်းများတွင် စစ်သင်တန်းပေးမည်ဖြစ်ပြီး လေ့ကျင့်ရေးတပ်တစ်ခုတွင် လူအင်အား ၅၀၀ ဝန်းကျင်ဖြင့် သင်တန်းကျောင်း ၁၀ နေရာ ပြင်ဆင်ထားနိုင်သည်ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

စစ်လေ့ကျင့်ရေးတပ်များသည် ရန်ကုန်တိုင်း ဖောင်ကြီး၊ မန္တလေးတိုင်း သပိတ်ကျင်းနှင့် ရမည်းသင်း၊ သျှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ပဲခူးတိုင်း ရေနီ၊ ဧရာဝတီတိုင်း ပုသိမ်၊ မကွေးတိုင်း တောင်တွင်းကြီး၊ စစ်ကိုင်းတိုင်း ရွှေဘို၊ အရာတော်၊ မွန်ပြည်နယ် သထုံနှင့် သျှမ်းမြောက် လားရှိုးတို့တွင် တည်ရှိသည်။

“အခြေခံ စစ်သင်တန်း ၃ သတ်မှတ်ထားပါတယ်။ နောက်ထပ် လက်နက်ငယ် စက်လတ်ပစ်၊ မိုင်း အဲလိုမျိုး သင်တန်း ထပ်ပေးတာတွေလည်း ရှိနိုင်ပါတယ်။ သင်တန်းကျောင်းတွေမှာ သုံးတာတွေက ပစ်မရတဲ့ သေနတ်တွေပါ။ ထွက်ပြေးမယ်ဆိုရင် အသေအချာ အစီအစဥ်ချပါ။ လက်နက်လုံးဝ ယူသွားဖို့ မကြိုးစားပါနဲ့။ အဲလိုယူသွားရင် ပြန်မိဖို့များပါတယ်။ ပစ်မရတဲ့ သေနတ် အစုတ်တွေနဲ့ စစ်အသုံးအဆောင်တွေ အကုန်ထားခဲ့ပါ” ဟု တပ်တွင်း သတင်းရင်းမြစ်က အကြံပြုသည်။

လူငယ်များ အနေဖြင့် စစ်သင်တန်း ကာလအတွင်း အခက်အခဲ များစွာ ကြုံတွေ့ရမည်ဖြစ်ပြီး သင်တန်း ဆရာများ အနေဖြင့် အစွမ်းကုန်ဖိနှိပ်၍ ပုံစံခွက်အတွင်း ရိုက်သွင်းမည် ဖြစ်သည့် အတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ကြရန် လိုအပ်ကြောင်း ယခု ပထမအသုတ် စစ်သင်တန်းဆင်း လူငယ်များကို ကနဦး စစ်မြေပြင်သို့ လူခွဲ ပို့ဆောင်မည်ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။

စစ်မှုထမ်းဥပဒေ အသက်သွင်းမှုကြောင့် လက်ရှိ မြို့နယ် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များ ငွေရွှင်နေသည့် နည်းတူ လူငယ်လူရွယ် အများအပြား နည်းလမ်းပေါင်းစုံဖြင့် ပြည်ပသို့ ထွက်ခွာနေသည်မှာ သျှမ်းတောင်ရှိ ကျေးရွာ အချို့တွင် လူငယ် လုံးဝမရှိတော့ကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...