သားသမီးများ ‘ရိုးရိုးသားသား လုပ်ကိုင်စားသောက်ဖို့’ ဆုံးမဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖွင့်ဟ

သားသမီးများကို ရိုးရိုးသားသား လုပ်ကိုင်စားသောက်ဖို့ ဆုံးမခဲ့သည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် က နေပြည်တော်၌ ရုရှား သတင်းဌာန TASS နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဖွင့်ဟပြောဆိုလိုက်သည်။

မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ဆိုသကဲ့သို့ အမြဲတမ်း စိတ်ကို သန့်သန့်ရှင်းရှင်းထားဖို့ သားသမီးများအား ဆုံးမပေးသည်ဟု စစ်ခေါင်းဆောင်က မတ်လ ၁၈ ရက်တွင် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောဆိုသည်။

သားသမီးများအား မည်သို့ ဆုံးသည်ဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ “နောက်တခုကတော့ ရိုးရိုးသားသား လုပ်ကိုင် စားသောက်ခြင်း ဒီစိတ်ဓာတ်ကို ကျနော်က လုပ်တယ်။သူတို့ ရဲ့ အသိပညာဆိုတာလည်း အတွေ့အကြုံကနေ ရတာပဲ” ဟု ၄င်းက ထည့်သွင်းပြောဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တွင် အောင်ပြည့်စုံ နှင့် ခင်သီရိသက်မွန် ဆိုသည့် သားနှင့် သမီး ရှိရာ ၂ ဦးစလုံးသည် ဖခင်၏ အရှိန်အဝါကို အသုံးပြု၍ အခွင့်ထူးခံ စီးပွားရေး လုပ်ငန်းများစွာ လုပ်ကိုင်ခြင်းဖြင့် ခန့်မှန်းရန် မလွယ်ကူသည့် ငွေကြေး ပမာဏအထိ ချမ်းသာ ကြွယ်ဝသည်ဟု စီးပွားရေး အသိုင်းအဝိုင်းတွင် ကျော်ကြားသည်။

“ဦးသိန်းစိန် လက်ထက်ကတည်းက စစ်တပ် တင်ဒါမှန်သမျှ ကိုအောင်ပြည့်စုံ ရဲ့ ကုမ္ပဏီတွေပဲ ရတယ်။ ကျနော်တို့လို လုပ်ငန်း တကယ်လုပ်တဲ့သူတွေက သူ့နားက ရာခိုင်နှုန်းပေးပြီး ပြန်ယူရတာပေါ့” ဟု အောင်ပြည့်စုံ ပိုင်ဆိုင်သည့် ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုနှင့် လုပ်ကိုင်ခဲ့သည့် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

အနီးကပ်ဆုံး အဖြစ် NLD အစိုးရကာလ ကျဆုံး စစ်သား မိသားစုများ နေထိုင်ရန် ရန်ကုန်၊ ရွာသာကြီးဘက်၌ တည်ဆောက်မည့် အခန်းတွဲ တိုက်များ တည်ဆောက်ရေး မူရင်းတင်ဒါ ချပေးငွေမှာ သိန်း ၅,၀၀၀ ဖြစ်ပြီး ကန်ထရိုက် အားလုံး အောင်ပြည့်စုံ ပိုင်ဆိုသည့် ကုမ္ပဏီက ရရှိခဲ့ရာ အမှန်တကယ် ဆောက်လုပ်သူများကိုမူ သိန်း ၃,၅၀၀ နှင့် ပြန်ချပေးခဲ့သည်ဟု ၄င်းကရှင်းပြသည်။

“အဲတုန်းက တလုံးဆောက်ပြီး မကိုက်လို့ ဆက်မယူတော့တာ။ အရည်အသွေး အရမ်းလျှော့ဆောက်ရင်တော့ ကျန်တာပေါ့။ နောက်တခု မိထ္တီလာ လေတပ်ထဲက အဆောက်အုံတွေ ဆောက်ဖို့ ကန်ထရိုက်လည်း အဲလိုပဲ။ ဖြတ်တဲ့ ရာခိုင်နှုန်းများလို့ ကျနော် သွားကြည့်ပြီး လက်လျှော့လိုက်ရတယ်” ဟု ၄င်းက ထပ်မံပြောဆိုသည်။

ထို့အပြင် စစ်တပ် လက်နက် ဝယ်ယူရေး တင်ဒါ အများစုကို မင်းအောင်လှိုင် သားနှင့် သမီးသာ အများဆုံးရရှိခဲ့ပြီး အရည်အသွေး မမှီသည့် ဒရုန်းများနှင့် စစ်လက်နက် ပစ္စည်းများစွာကို တရုတ်နိုင်ငံသား လုပ်ငန်းရှင်များနှင့် ပူးပေါင်း တင်သွင်းခြင်းဖြင့် များစွာ အကျိုးအမြတ် ရရှိခဲ့သည်ဟု စစ်တပ် စီးပွားရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောဆိုသည်။

“စစ်တပ် တင်ဒါမှာ အမြတ်ကြမ်းတာက အဆင့်မြင့် စစ်လက်နက်နဲ့ နည်းပညာဆိုင်ရာ ပစ္စည်းတွေ၊ တိုက်လေယာဥ် အပိုပစ္စည်းတွေ၊ လေကြောင်းရန် ကာကွယ်ရေး အဲလို ပစ္စည်းတွေ။ အကုန်လုံးနီးပါး အောင်ပြည့်စုံနဲ့ သူတို့အုပ်စုပဲရတယ်။ အရည်အသွေးနိမ့်တာတွေ သွင်းတော့ အကျိုးအမြတ် တအားရမှာပေါ့” ဟု စစ်တပ် တင်ဒါနှင့် နီးစပ်သည့် လုပ်ငန်းရှင် တစ်ဦးက ရှင်းပြသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ် တင်ဒါများသာမက အရပ်ဖက် လုပ်ငန်း တင်ဒါများပါ မင်းအောင်လှိုင် မိသားစုက လက်ဝါးကြီး အုပ်ခဲ့ပြီး ပြီးခဲ့သည့် လပိုင်းက ကျပ်ဘီလီယံများစွာ တန်ဖိုးရှိသည့် တင်ဒါ ၁၃ ခု ထပ်မံ ရရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ် ခဲ့သည်။

စစ်ကောင်စီ မီဒီယာများတွင် ဖော်ပြသည့် ရုရှား TASS သတင်းဌာနနှင့် အင်တာဗျူးတွင် စစ်ရှုံးနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “နိုင်ငံတည်ငြိမ်အေးချမ်းရင် တနိုင်ငံလုံးမှာ ဥပဒေအရ ရွေးကောက်ပွဲ မကျင်းပနိုင်တောင်မှ တတ်နိုင်တဲ့ နေရာတွေမှာ ရွေးကောက်ပွဲကျင်းပဖို့ ကျနော်တို့ အစီအစဉ်ရှိတယ်” ဟုလည်း ထည့်သွင်းပြောဆိုသည်။

သို့သော် ရွေးကောက်ပွဲ အချိန်ကာလကိုမူ ထည့်သွင်း ပြောဆိုခြင်း မရှိပေ။ ယင်းသို့ ပြောဆိုမှုသည် စစ်ရှုံးပြီး စစ်တပ်တွင်း ထောက်ခံမှု ကျဆင်းနေသည့် စစ်ခေါင်းဆောင် အနေဖြင့် နိုင်ငံရေးအရ အသက်ရှူချောင်ရေး အတွက်သာဖြစ်သည်ဟု လေ့လာသူများ ဝေဖန်သုံးသပ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တရုတ်သမ္မတနှင့် အာဏာသိမ်းသမ္မတ ပေကျင်းမြို့ တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...