ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာကို စစ်ကောင်စီ လက်နက်ကြီးဆက်တိုက်ပစ် ၊ ရွာလုံးကျွတ် ထွက်ပြေးနေရ

သျှမ်းပြည် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ထပ်မံပစ် ခတ်ခဲ့သောကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၂၆) ရက် ညပိုင်းတွင် ဖယ်ခုံမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၃၃၆ မှ စစ်ကောင်စီသည် အခြားတစ်ဖက်ကမ်းရှိ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာကို လက်နက်ကြီးဖြင့်ထပ်မံပစ်ခတ်ခဲ့ကြောင်း နန်းတုတ်ကျေးရွာဒေသခံများထံမှ သိရသည်။

အလားတူ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့က အမြောက်လက်နက်ကြီးဖြင့် နန်းတုတ်ကျေးရွာထဲကို ပစ်ခတ်ခဲ့သေးကြောင်း ဆိုသည်။

“ကျနော်တို့ရွာကတော့ အခြေအနေမမှန်တော့ဘူး။ မနေ့ညကလည်း လက်နက်ကြီးထပ်ပစ်တယ်။ အသံကျယ်သလား မမေးနဲ့။ ဖယ်ခုံကနေ ပစ်လာတာလည်းဟုတ်တယ်။ ဆောင်းပြောင်းကနေလည်း ပစ်လာတယ်။ အခုကျနော်တို့လည်းပြေးနေရတယ်၊ ရွာသားတွေအကုန်လုံးလည်း မပြန်နိုင်တော့ဘူး” ဟု နန်းတုတ်ကျေးရွာဒေသခံ အသက် ၂၀ ကျော် အမျိုးသားတစ်ဦးကပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုများ ရှိကြောင်း သိရသည်။

ဖယ်ခုံမြို့နှင် အခြားတစ်ဖက်ကမ်းရှိ နန်းတုတ်ကျေးရွာတွင် စစ်ဘေးရှောင်အပါအဝင် အင်းသား၊ ပအိုဝ်း နှင့် သျှမ်းလူမျိုးပေါင်းစုံများစု ပေါင်းနေထိုင်ကြပြီး နန်းတုတ်တောင်ရွာ၊ မြောက်ရွာ၊ အရှေ့ရွာဟူ၍ ရှိသည်။

လက်ရှိတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင် အပါအဝင် ဒေသခံဦးရေ ခန့်မှန်ခြေ ၃ထောင်ခန့်က ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု နန်းတုတ်ရွာခံတစ်ဦးကထပ်လောင်းပြောသည်။

“အခုတော့ ကျနော်ရွာကတော့ ရွာလုံးကျွတ်ရှောင်နေရတယ်။ သျှမ်းရွာတွေကော၊ ပအိုဝ်းရွာတွေကော အကုန် ရှောင်ကုန်ပြီ။ ကျနော်တို့မှာက တိုက်ပွဲလည်းမဖြစ်ဘူး။ ဒါပေမယ့် ဓာတ်ဆီတွေ၊ ဒီဇယ်တွေ သယ်လာလို့လား မသိဘူး။ တိုက်ပွဲမဖြစ်ဘဲ လေယာဉ်နဲ့ကြဲ၊ လက်နက်ကြီးပစ်နေတာ။ ကျနော်တို့ရွာက တအားစည်တာလေ” ဟု ၎င်းကပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် နန်းတုတ်ကျေးရွာမှ ဒေသခံများသည် အနီးတဝိုက် ကျေးရွာ၊ တောတောင်နှင့် ပင်လောင်း၊ နောင်တရားဘက်သို့ ထွက်ပြေးခိုလှုံသွားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်တွင်လည်း ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ်ခဲ့ပြီး ဆေးခန်း အဆောက်အဦအပြင် ဆိုင်ခန်း ၁ လုံးနှင့် နေအိမ် ၆ လုံးပျက်စီးသွားခဲ့သည်.,

အလားတူ ဖယ်ခုံမြို့နယ် လအိကျေးရွာကို မတ်လ ၂၂ ရက်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အိမ်ခြေ ၅၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်ရဆဲဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...