CATEGORY

စစ်ရေး

ထိုင်း နယ်စပ်ရောက် မိုင်းပန် စစ်ဘေးရှောင် ၃၀၀ ကျော် နေရပ်ပြန်

  စစ်ရေးတင်းမာမှုကြောင့် ထိုင်း နယ်စပ် သို့ ထွက်ပြေးတိမ်းရှောင်နေသည့် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် ပန်ပိတောင်ပေါ်မှ စစ်ဘေးရှောင် ရွာသား ၃၀၀ ကျော် မှာ ယနေ့နေ့ခင်းပိုင်း နေရပ်သို့ ပြန်ရောက်ပြီဖြစ်ကြောင်းသိရသည်။ မိုင်းပန်မြို့နယ် နားမွန်အုပ်စု မိုက်ပုတ်ရွာ ပန်ပိရွာ နောင်ချိုရွာမှ စစ်ဘေးရှောင် ရွာသား ၃၀၀...

သီပေါမြို့နယ်ကျေးလက်အတွင်းယနေ့မနက်အစောပိုင်းက ပစ်ခတ်သံများကြားရ ၊ လူထုစိုးရိမ်ပူပန်နေ  

သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ် အရှေ့တောင်ဘက်ရှိ လုံဝိုင်ရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်မှုသံများ ယနေ့မနက်အစောပိုင်းကကြားရသဖြင့် ဒေသခံများစိုးရိမ်ထိတ်လန့်မှုရှိနေကြောင်းသိရသည်။ သီပေါမြို့နယ်အရှေ့တောင်ဘက် ၂၃ မိုင်ခန့်ဝေးသောကုန်းဆော့အုပ်စုဝင် လုံဝိုင်ရွာနှင့် နောင်အန်အုပ်စုဝင် နောင်လောင်းရွာကြား ဇန်နဝါရီလ ၁၆ ရက် မနက် ရ နာရီအချိန်ခန့်က ပစ်ခတ်သံများကြားရခြင်းဖြစ်ကြောင်း ကုန်းဆော့အုပ်စုမှ ရွာသားတဦးကပြောသည်။ “အခုပစ်ခတ်သံတော့ငြိမ်နေပြီ။ ဘယ်အဖွဲ့နဲ့ဘယ်အဖွဲ့လဲဆိုတာ တော့ကျနော်တို့အသေအချာမသိရသေးဘူး။ ဒါပေမယ့် သျှမ်း...

ရလခ တိုင်းရုံးမှ စီစဉ်ညွှန်ကြားမှုဖြင့် မိုင်းပန်စစ်ဘေးရှောင်များ နေရပ်ပြန်

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နောင်မွန်အုပ်စုအတွင်း လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးတင်းမာမှုကြောင့် နေရပ်မှ အသီးသီး စွန့်ခွါ စစ်ရှောင်နေသည့်ရွာသားများအား နေရပ်ရင်းပြန်ကြရန် ရလခတိုင်းမှ ဆင့်ဆို ညွန်ကြားခဲ့ပြီး စစ်ကား ရ စီးဖြင့် စစ်ရှောင်များအား ပို့ဆောင်ခဲ့ကြောင်းသိရသည်။ လင်းခေးမြို့သို့ စစ်ရှောင်အဖြစ်သွားရောက်ခိုလှုံနေသော မိုင်းပန်မြို့နယ် နောင်မွန်အုပ်စု လုံချိုရွာသား ရ၀ ကျော်အား...

၂၀၁၈ အတွင်း စစ်ရေးတင်းမာမှုများကြောင့် နမ္မတူလူငယ်များ တရုတ်သို့ သွားရောက်အလုပ်လုပ်ကိုင်မှုတိုးများလာ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စုတွင် စစ်ရေးတင်းမာမှု စစ်ဘေးရှောင်မှုများပြား လာသည့်နောက်ပိုင်း ဒေသတွင်းလူငယ် တဝက်ကျော်မှာ တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ် ကိုင်နေကြကြောင်းသိရသည်။ နမ္မတူမြို့နယ် မန်စံ၊ မိုင်းရင်ရွာများဘက်က ဒေသခံလူငယ်များဖြစ်ကြပြီး တိုက်ပွဲများကြောင့် လယ်ယာလုပ်ငန်းခွင်ကောင်းကောင်းမဝင်ရသဖြင့် မိသားစုစားဝတ်နေရေးအတွက် ပြီးခဲ့သည့် ၂၀၁၈ နှောင်းပိုင်းကစပြီး ယနေ့တိုင် တရုတ်နိုင်ငံသို့  သွားရောက်အလုပ်လုပ်ကိုင်မှုနှုန်း များပြားလာကြောင်းသိရသည်။ “ပလောင်ရွာရော...

တိုက်ပွဲများရပ်တန့်ရန် သျှမ်းလူထု ၄ ထောင်ကျော်လက်မှတ်ထိုး တောင်းဆို

သျှမ်းလက်နက်ကိုင် တိုက်ဖွဲ့ ၂ ဖွဲ့ တိုက်ပွဲများရပ်တန့်ပေးရန်အတွက် သျှမ်းလူထု ၄ ထောင်ကျော် လက်မှတ် ရေးထိုး တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS နှင့် သျှမ်းပြည် တိုးတက် ရေး ပါတီ...

မိုင်းပန်မြို့က ပအိုဝ်းရွာသားများ ဘာကြောင့် နေရပ်မှစွန့်ခွါ

သျှမ်းပြည်တောင်ပိုင်း မိုင်ပန်မြို့မှာ စစ်ရေးတင်းမာမှုတွေကြောင့် မိုက်ပုတ်ရွာ၊ ပန်ပိရွာက ဒေသခံရွာသားတွေ နေရပ်ကနေစွန့်ခွါထွက်ပြေးခဲ့ကြပါတယ်။ ရွာသားတချို့က သံလွင်အရှေ့ခြမ်း ၀ နယ်ဘက်ကိုသွားရောက် ခိုလှုံ နေကြရပြီး ရွာသားတချို့ကလည်း မိုင်းပန်မြို့အနောက်ဘက် လင်းခေးမြို့နယ်ဘက်ကို တိမ်းရှောင် ထွက်ပြေး ခဲ့ကြပါတယ်။ကြီးမားတဲ့တိုက်ပွဲတွေမရှိခဲ့ပေမယ့် ကလေးတွေပညာရေးကိုအဓိကထားပြီး အခြေအနေ တင်းမာ မှုကြားကနေ ရုန်းထွက်လာခဲ့တာဖြစ်ကြောင်း...

PNLO နှင့် RCSS ကြားစစ်ရေးတင်းမာမှုကြောင့် လင်းခေးမြို့သို့ စစ်ရှောင် ၇၀ ကျော်ရောက်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် လွယ်ပန်ပိ တောင်ကြောတလျှောက်နေ ကျေးလက်ရွာ သားများအား လက်နက်ကိုင်တပ်ဖွဲ့များမှ တပ်သားသစ်စုဆောင်းသည်ဟုဆိုကာ လင်းခေးမြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။ လင်းခေးမြို့နယ် ၀မ့်တိုက် (တောင်ရွာ)ရပ်ကွက် ဟိုနားကျောင်းသို့လည်းကောင်း ပန်ဝေါင်ရပ်ကွက် ဘုန်းကြီးကျောင်းသို့လည်းကောင်း တိမ်းရှောင်ခိုလှုံနေခဲ့ကြသည်။ “မိုင်းပန်မြို့ နောင်ချိုရွာသစ်ကလာပါတယ်။ ပအိုဝ်းတပ်တွေမလာခင်တုန်းက RCSS/SSA လဲ တပ်သားသစ်တွေ စုဆောင်းတယ်။ ခြေလျင်နဲ့...

လက်နက်ကိုင်တပ်ဖွဲ့များစစ်ရေးတင်းမာမှုကြောင့် သီပေါတွင်စစ်ဘေးရှောင် ၁၅၀၀ ခန့်ရှိ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးတင်းမာမှုကြောင့် ဒေသခံလူထု ၁၅၀၀ ခန့်မှာ ဘုန်းကြီးကျောင်းတိုက် ၉ ခုသို့ ရောက်ရှိခိုလှုံနေကြကြောင်းသိရသည်။ သီပေါမြို့နယ် နားမခေါ်အုပ်စု တွန်ကျိုင်းရွာအနီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP နှင့် RCSS တို့ကြား စစ်ရေးတင်းမာမှုဖြစ်ပွါးခဲ့ခြင်းကြောင့် တွန်ကျိုင်းရွာနှင့်အနီးတဝိုက်ရှိကျေးရွာများမှဒေသခံများ နီးစပ်ရာ ဘုန်း ကြီးကျောင်းအသီးသီးသို့ ထွက်ပြေးခိုလှုံနေကြခြင်းဖြစ်ကြောင်းသိရသည်။ “သူတို့...

MTA လက်နက်ချခြင်း ၂၃ နှစ်ပြည့် ( ခေါင်းဆောင်ကြီးဦးခွန်ဆာ၏ ကိုယ်ရေးအတ္ထုပတ္တိအကျဉ်း)

၂၀၁၉ ဇန်နဝါရီလ ရ ရက်နေ့သည် ခွန်ဆာ မုံးတိုင်းအာမီ (MTA)  မှ တပ်မတော်အစိုးရထံလက်နက်ချခြင်း ၂၃ နှစ်ပြည့်ပြီဖြစ်ပါသည်။ အင်အားထောင်နှင့်ချီသော သျှမ်းပြည်တပ်မတော် မုံးတိုင်းအာမီ ကိုဦးဆောင်ခဲ့သူဦးခွန်ဆာမှာ ဘယ်လိုလူမျိုးလဲ။ ဘယ်လိုအတွေးအခေါ်တွေရှိတာလဲသိရှိရအောင် ဦးခွန်ဆာ၏ ကိုယ်ရေးအတ္ထု ပတ္တိအကျဉ်းကို ဖော်ပြလိုက်ရပါသည်။ ဦးခွန်ဆာ၏ ကိုယ်ရေးအတ္ထုပတ္တိအကျဉ်း အမည် - ခွန်ဆာ အခြားအမည်- ထွန်းဆာ၊...

နမ္မတူမြို့နယ်တိုက်ပွဲအတွင်း ပိတ်မိနေသောရွာသားများ စစ်ရှောင်စခန်းသို့ ရောက်ရှိ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စုတွင် ဖြစ်ပွါးသော တိုက်ပွဲကြောင့် ရွာအတွင်းပိတ်မိနေသည့် မန်ဝါကျေးလက်ရွာသားများ ယမန်နေ့ညက ရွာမှထွက်ခွါလာနိုင်ပြီဖြစ်ကြောင်းသိရသည်။ “နမ္မတူမြို့နယ် စစ်ဘေးရှောင်ကူညီရေးကော်မတီမှ စိုင်းဘဉာဏ်က - မန်ဝါရွာက ရွာသားတွေကို မနေ့ညနေ သွားကြိုလာပါတယ်။ စုစုပေါင်း ၄၇ ယောက်ပါ။ ကလေးနဲ့အမျိုးသမီးတွေ သက်ကြီးပိုင်းတွေပါတယ်။ သူတို့ကို ပုပ္ပါရုံကျောင်းတိုက်မှာ နေရာချထားပေးပါတယ်။...

Latest news