လက်နက်ကိုင်တပ်ဖွဲ့များစစ်ရေးတင်းမာမှုကြောင့် သီပေါတွင်စစ်ဘေးရှောင် ၁၅၀၀ ခန့်ရှိ

0

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးတင်းမာမှုကြောင့် ဒေသခံလူထု ၁၅၀၀ ခန့်မှာ ဘုန်းကြီးကျောင်းတိုက် ၉ ခုသို့ ရောက်ရှိခိုလှုံနေကြကြောင်းသိရသည်။

Photo by Sipaw Youth: နားမခေါ်ရွာသို့ရောက်ရှိနေသော စစ်ဘေးရှောင်တချို့အားတွေ့ရစဉ်

သီပေါမြို့နယ် နားမခေါ်အုပ်စု တွန်ကျိုင်းရွာအနီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP နှင့် RCSS တို့ကြား စစ်ရေးတင်းမာမှုဖြစ်ပွါးခဲ့ခြင်းကြောင့် တွန်ကျိုင်းရွာနှင့်အနီးတဝိုက်ရှိကျေးရွာများမှဒေသခံများ နီးစပ်ရာ ဘုန်း ကြီးကျောင်းအသီးသီးသို့ ထွက်ပြေးခိုလှုံနေကြခြင်းဖြစ်ကြောင်းသိရသည်။

“သူတို့ ဇန်နဝါရီလ ၅ ရက်နေ့မှာ ဘုန်းကြီးကျောင်းကိုအသီးသီးရောက်ရှိလာကြတာဖြစ်တယ်။ မပြန်ရဲကြ သေးဘူး။ တိုက်ပွဲတွေမဖြစ်ဘူးဆိုပေမယ့် အခြေအနေက တင်းမာနေသေးတယ်ဆိုတော့ ” – ဟု စစ်ဘေး ရှောင်များအား ကူညီမှုပေးနေသော လူငယ် အိုက်စိုင်း ကပြောသည်။

စစ်ရေးတင်းမာမှုလျော့နည်းသွားခြင်းမရှိသေးသော်လည်း လယ်ယာသီးနှံများအတွက် စိုးရိမ်ပူပန်မှုရှိသော ပန်စဝ်မိန်း ၊ ဆွတ်လန်း၊ ကုန်းဆာ၊ နောင်အန်၊ နားကန်ရွာတို့မှ စစ်ဘေးရှောင်လူထု ၁၀၀ ခန့်မှာ ဇန်နဝါရီလ ၆ ရက် နေ့လည် ၁၁ နာရီအချိန်က နေရပ်ရင်းသို့ ပြန်သွားကြရာ လက်ရှိတွင် စစ်ဘေးရှောင် ၁၃၀၀ ကျော်သာ ကျန်ရှိကြောင်းသိရသည်။

အဆိုပါဒေသအတွင်း လက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ နှင့် ၂၅ ရက်နေ့ကတည်းက စစ်ရေးတင်းမာလျှက်ရှိကြပြီး ရပ်ရွာနှင့်နီးကပ်စွာလှုပ်ရှားကြသဖြင့် တိုက်ပွဲဖြစ်ပွါးမည်ကို ဒေသခံများ စိုးရိမ် နေကြခြင်းဖြစ်သည်။

ဘိုးတော် ကျောင်း တိုက်တွင် အိမ်ထောင်စု ၁၂၀ လူဦးရေ ၂၈၀၊ နားမခေါ် ဘုန်းကြီး ကျောင်းတွင် အိမ်ထောင် စု ၁၈၄ လူဦးရေ ၅၆၇၊ နမ့်ရမ်းအုပ်စု နောင်ကော်ကြီးဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု ၂၇ လူဦးရေ ၆၉၊ နမ့်လန်အုပ်စု ပန်ဆင် ဘုန်းကြီး ကျောင်းတွင် အိမ်ထောင်စု ၂၈ လူဦးရေ ၈၅၊ မိဇ္စျိမရာမကျောင်းတိုက် တွင် အိမ်ထောင်စု ၂၄ လူဦးရေ ရ၈၊ နမ့်ရမ်း အုပ်စု နားဆန်း (ကောင်းဟုန်း) ဘုန်းကြီး ကျောင်းတွင် အိမ်ထောင်စု ၅၅ လူဦးရေ ၂၂၁၊ ပန်မိတ်အုပ်စု ပန်ညု ကျေးရွာ ဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု ၁၃ လူဦးရေ ၄၀၊ ဘော်ကြိုအုပ်စု တွန်ကာ ကျေးရွာဓမ္မရုံမှာ အိမ်ထောင်စု ၂၈ လူဦးရေ ၁၀၀ နဲ့ မြန်မာရပ်ကွက် မြို့နယ်ရွှေစေတီ ဘုန်းကြီး ကျောင်းတွင် လူဦးရေ ၃၅ ၊စုစုပေါင်း အိမ်ထောင်စု ၄၈၅ လူဦးရေ ၁၄၈၀ ရှိသည့်အနက် အယောက် ၁၀၀ ခန့်နေရပ်ပြန်သွားကြသည်ဟု သိရသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here