သိန္နီမြို့အတွင်း ပစ်ခတ်မှုဖြစ်ပွါး အရပ်သား ၆ ဦးဒဏ်ရာရ၊ မြန်မာ့တပ်မတော် ၂ ဦးကျ
သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့အတွင်း ယနေ့မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားရာ လူနေအိမ်အပေါ်လက်နက်ကြီးကျည်များကျရောက်ကာ အရပ်သား ၆ ဦးထက်မနည်း ဒဏ်ရာရ ကြောင်းသိရသည်။ အောက်တိုဘာလ ၉ ရက် ယနေ့မနက် ၆ နာရီခွဲမှ ၇ နာရီအချိန်အထိ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် မြန်မာ့တပ်မတော်...
သျှမ်းမြောက် တွင် ၃ လ အတွင်း ရုပ်ပိုင်းဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူ ၇၀ ဦးရှိ
သျှမ်းပြည် မြောက်ပိုင်းတွင် ၃ လ အတွင်း နည်းမျိုးစုံဖြင့်ရုပ်ပိုင်းဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ၇၀ ဦး ခန့် ရှိကြောင်း တအာင်း လူမှု အဖွဲ့အစည်းက ပြောဆိုလိုက်သည်။ မြန်မာ့တပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့တိုက်ပွဲဖြစ်ပွားသည့် သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊...
အဖမ်းခံရသည့် တာမိုးညဲမြို့ ရဲတပ်ဖွဲ့ဝင် ၄ ဦး ယနေ့တိုင် မလွှတ်သေး
သျှမ်းပြည်နယ် မြောက်ပိုင်း တာမိုးညဲမြို့ မုံးစီးကျေးရွာ အုပ်စု ရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရမှုတွင် ယနေ့တိုင် ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ မုံးစီးကျေးရွာ အုပ်စု ရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ ၄ ဦး ကို တိုင်းရင်းသား...
မိုင်းငေါ့မြို့နယ်ခွဲတွင် အရပ်သားတဦး မိုင်းထပ်နင်းမိ
တိုက်ပွဲများဖြစ်ပွါးခဲ့သည့် သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ မိုင်းငေါ့မြို့နယ်ခွဲ တွင် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား တဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်က မိုင်းငေါ့မြို့နယ် ခွဲ မန်ကောင်းရပ်နေ အသက် ၅၆ နှစ် အရွယ် ဦးကာလိန္ဒ သည်...
တိုက်ပွဲကြောင့် ကွတ်ခိုင်ဒေသခံ ၄၀၀ ကျော်စစ်ဘေးရှောင်နေရ
သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကုန်းဆာကျေးရွာအနီး တွင်ဖြစ်ပွါးသော တိုက်ပွဲကြောင့် ဒေသခံလူထု ၄၀၀ ကျော် နေရပ်မှထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။ စက်တင်ဘာလ ၂၄ ရက် ယမန်နေ့က ကွတ်ခိုင်မြို့နယ် ကုန်းဆာကျေးရွာ တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် အစိုးရတပ်မတော် တို့ကြား...
မြန်မာ့တပ်မတော်နှင့် TNLA ကွတ်ခိုင်မြို့နယ်တွင်း တိုက်ပွဲဖြစ်ပွား
သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ယနေ့ မနက်ပိုင်းက မြန်မာ့တပ်မတော် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၂၄ ရက် ယနေ့ မနက် ၅ နာရီခွဲက ကွတ်ခိုင်မြို့နယ် ကုန်းဆာရွာ...
အပစ်ရပ်ကာလ ကုန်ပြီး ၂ ရက် အကြာ မြန်မာ့တပ်မတော်နှင့် RCSS ထိတွေ့မှု ဖြစ်
သျှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း မြန်မာ့တပ်မတော်နှင့် သျှမ်းတပ်မတော်(RCSS/SSA) တို့ ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့သည်။ မြန်မာ့တပ်မတော်၏ အပစ်ရပ်ကာလ ကုန်ပြီး ၂ ရက် အကြာ တွင် မြန်မာ့တပ်မတော် စစ်ကြောင်း နှင့် အပစ်ခတ်ရပ်စဲရေးသဘောတူ စာချုပ်လက်မှတ်ထိုးထားသည့် သျှမ်းတပ်မတော် RCSS/SSA တို့...
ကျောက်မဲမြို့ မိုင်းငေါ့မြို့နယ်ခွဲ တွင် ဒေသခံလူထု ရက်ဆက်တိုက် မိုင်းနင်းမိနေ
သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ မိုင်းငေါ့မြို့နယ်ခွဲတွင်ဒေသခံလူထု ဆက်တိုက် မိုင်းနင်းမိနေကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၂၁ နှင့် ၂၂ ရက်နေ့ က ကျောက်မဲမြို့ မိုင်းငေါ့မြို့နယ်ခွဲ ခင်းမ်မိုင် (ချုံးသစ်)ကျေးရွာအုပ်စု ခင်းမ်ကောင် (ချုံးဟောင်း) ကျေးရွာအနီး လက်ဖက် ခြံ သွားသည့်ရွာသားများ ၂ ကြိမ်ဆက်တိုက်မိုင်းနင်းမိရာ...
ညီနောင် မဟာမိတ် ၃ ဖွဲ့ တဖက်သတ် အပစ်ရပ် ဒီဇင်ဘာ လကုန်ထိ ထပ်မံတိုး
ညီနောင်မဟာမိတ် ၃ ဖွဲ့မှ တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကို ဒီဇင်ဘာလ ၃၁ ရက်ထိ တိုးမြင့်လိုက်ကြောင်း ယနေ့ထုတ်ပြန်ကြေငြာလိုက်သည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့် MNDAA ၊ တအာင်း TNLA နှင့် ရခိုင် AA တို့သည် ပြည်တွင်းစစ်ပွဲ ရပ်တန့်ပြီး...
စစ်ရေးပဋိပက္ခ ရပ်တန့်ရန် ကြိုးပမ်းရာတွင် စစ်ကြောင့် ထိခိုက်၊နစ်နာ ဆုံးရှုံးမှုများရင်ဆိုင်ခဲ့ရသည့် အမျိုးသမီးအကြောင်း ထည့်သွင်းဆွေးနွေးမှုမှာ အားနည်းနေကြောင်း သိရသည်။ ပြည်တွင်းစစ် တိုက်ပွဲ များတွင် ပါဝင်သည့် ခေါင်းဆောင်များသည် အမျိုးသားများဖြစ်ကြပြီး၊ စစ်ပဋိပက္ခ များရပ်တန့်ဖို့ ကြိုးပမ်းနေမှုများ ညှိနှိုင်း ဆွေးနွေးမှုများမှာလည်း ထိုအမျိုးသား များသာဖြစ်သဖြင့် စစ်ရေးကြောင့် ထိခိုက်၊...






