သိန္နီမြို့အတွင်း ပစ်ခတ်မှုဖြစ်ပွါး အရပ်သား ၆ ဦးဒဏ်ရာရ၊ မြန်မာ့တပ်မတော် ၂ ဦးကျ

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့အတွင်း   ယနေ့မနက်ပိုင်းက  ပစ်ခတ်မှုဖြစ်ပွားရာ လူနေအိမ်အပေါ်လက်နက်ကြီးကျည်များကျရောက်ကာ   အရပ်သား ၆ ဦးထက်မနည်း ဒဏ်ရာရ  ကြောင်းသိရသည်။

photo by SHAN/ ယနေ့ သိန္နီ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိသူ

အောက်တိုဘာလ ၉ ရက် ယနေ့မနက် ၆ နာရီခွဲမှ ၇ နာရီအချိန်အထိ  တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် မြန်မာ့တပ်မတော် တို့ သိန္နီမြို့လယ်ခေါင်တွင်  ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။

လက်နက်ကြီးများပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦး ဒဏ်ရာရရှိပြီး၊ မြန်မာ တပ်မတာ်မှ ၂ ဦး ကျဆုံးခဲ့ကြောင်း သိန္နီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဦးခမ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“မြို့လယ်ခေါင် မှာ ဖြစ်တာ။ မြန်မာ့တပ်မတော် ယာဉ်တန်းကို TNLA စောင့်ပြီးပစ်တာလို့သိရတယ်။ မြန်မာ့တပ်မတော် ကတော့ ၂ ယောက်သေတယ်။  အရပ်သား ၆ ဦး ကိုတော့  သိန္နီဆေးရုံကို ပို့ထားတယ်” ဟု စိုင်းဦးခမ်း က ဆိုသည်။

လက်နက်ကြီးသည် သိန္နီမြို့ ဈေးအနီး ရဲစခန်းနှင့်ကပ်လျက် ရပ်ကွက် ၂ ဟိုနောင်ရှိ ဒေါ်ပါယဉ်၏ နေအိမ်ပေါ်သို့လည်းကောင်း၊ ဈေးအရှေ့ဘက်ရှိ ရပ်ကွက် ၁ အတွင်း  ဒေသခံများ၏နေအိမ် ၅ လုံးသို့လည်းကောင်း၊ တပေါင်းပွဲကျင်းပသည့်ကွင်းအတွင်းသို့လည်းကောင်းကျရောက်ခဲ့ပြီး   ဒေသခံလူထု ၆ ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါလက်နက်ကြီးကျည်များသည် TNLA ဘက်မှ ပစ်ခတ်သည်ဟု ဒေသခံများပြောဆိုနေကြသော်လည်း မည်သည့်အဖွဲ့လက်နက်ဖြစ်သည်ကို  သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက် မရသေးပေ။

Photo by SHAN/ သိန္နီ အတွင်း မြန်မာ့တပ်မတော်ကား

သိန္နီမြို့နယ် ဒေသခံတဦးကလည်း – “ပစ်ခတ်သံတွေ ထွက်နေချိန်မှာ  လက်နက်ကိုင်အဖွဲ့တဖွဲ့ကလည်း CB ဘဏ်ကို ဖောက်ထွင်းတယ်လို့ကြားတယ်။ ဘယ်လောက်ပါသွားလဲတော့မသိရသေးဘူး။ လူတွေက ကြောက်လှန့်ပြီး နေအိမ်ကနေမထွက်ရဲသေးတော့အသေးစိတ်လည်းမသိရသေးဘူးဖြစ်နေလို့လေ ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

Photo by SHAN/ ယနေ့မနက်ပိုင်းက သိန္နီ တွင်ပစ်ခတ်မှုဖြစ်ပွားရာ လူနေအိမ်အပေါ်လက်နက်ကြီးကျည်များကျရောက်

 

လက်ရှိတွင်မူ သိန္နီမြို့မြောက်ဘက် မြို့ပြင်သို့ မြန်မာ့တပ်မတော်မှ အင်အားဖြည့်တင်း လိုက်လံသွားကြောင်း ၊ပစ်ခတ်သံမှာ ငြိမ်သွားပြီဖြစ်သော်လည်းဒေသခံ များ စိုးရိမ်ထိတ်လန့်မှု ဖြစ်နေပြီး လက်ရှိမှာ အိမ်ပြင်သို့မထွက်ရဲသေးကြောင်း လည်း သိရသည်။

သိန္နီတိုက်ပွဲနှင့်ပတ်သက်ပြီး TNLA ထံသျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရသေးပေ။

သြဂုတ် လ ၁၅ ရက်နေ့မှစတင်ပြီး ညီနောင် မဟာမိတ် (၃)ဖွဲ့ နှင့် မြန်မာ့တပ်မတော်တို့သည် မူဆယ်-မန္တလေး လမ်းမပေါ် တိုက်ပွဲဖြစ်ပွားကာ အရပ်သား ၁၄ဦး သေဆုံးခဲ့ပြီး ၁၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီ-နမ္မတူကြား MNDAA တပ်အပြောင်းအရွှေ့လုပ်

0
သျှမ်းပြည် သိန္နီမြို့နှင့် နမ္မတူမြို့ကြား ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချ တပ်စွဲထားသည့် နေရာများတွင် တပ်အပြောင်းအရွှေ့ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ တတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကြားရှိ မိုင်းရင်ကျေးရွာအုပ်စုဘက်တွင် MNDAA...

သိန္နီတွင် MNDAA က ညမထွက်ရအမိန့်ထုတ်ပြန်၊ MNDAA နှင့် TNLAကြား စစ်ရေးတင်းမာနေ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ယနေ့ညမှ စတင်ကာ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန် ညမထွက်ရအမိန့်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ရုတ်တရက် ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါအမိန့်သည် ကွတ်ခိုင်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ကြား တိုက်ပွဲများ...

“သေနတ်အရိပ်အောက်က အမျိုးသမီးရဲ့ တိတ်တဆိတ် ငိုရှိုက်သံ”

0
“သူတို့က နစ်နာကြေးဆိုပြီး ပိုက်ဆံသိန်း (၂၀) ကျပ် ပေးပြီး ကြေအေးခိုင်းတယ်။ သတင်းလည်း အပြင်မထွက်ခိုင်းဘူး။ ပြစ်ကျူးလွန်တဲ့သူက စစ်သားဆိုတော့ သူတို့ရဲ့ သေနတ်ကို ကျမတို့က ကြောက်နေရတယ်လေ” သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုမှာ ဖြစ်ပွားခဲ့တဲ့ ရင်နင့်စရာ ဖြစ်ရပ်တစ်ခုက နစ်နာသူရဲ့ အစ်မဖြစ်သူ (နန်းခမ်း) အမည်လွှဲက...

TNLA နှင့် MNDAA အပြန်အလှန် ဖမ်းဆီးမှုပြုလုပ်နေ

0
သျှမ်းပြည် သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုတွင် တပ်စွဲထားသည့် TNLA တပ်သား ၅၀ ခန့်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လားရှိုးမြို့ဘက် ကားတင်ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၇ ရက်) ည ၆ နာရီခန့်တွင် သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုတွင်...

သိန္နီမြို့ တရုတ်ကျောင်းဆရာမကို မုဒိမ်းကျင့်သတ်ဖြတ်သူအပါ ရာဇဝတ်မှုကျူးလွန်သူ (၇) ဦး သေဒဏ်ချမှတ်

0
သျှမ်းပြည် သိန္နိမြို့နယ် စယ်အူကျေးရွာအုပ်စု မန်ပန်ရွာရှိ တရုတ်ကျောင်းဆရာမတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်သူအပါအဝင် ရာဇဝတ်မှုကျူးလွန်သူ (၇) ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အများပြည်သူရှေ့ သေဒဏ်ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၇ နာရီတွင် ကိုးကန့်တပ်ဖွဲ့ MNDAA...