Wednesday, January 28, 2026

သိန္နီမြို့အတွင်း ပစ်ခတ်မှုဖြစ်ပွါး အရပ်သား ၆ ဦးဒဏ်ရာရ၊ မြန်မာ့တပ်မတော် ၂ ဦးကျ

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့အတွင်း   ယနေ့မနက်ပိုင်းက  ပစ်ခတ်မှုဖြစ်ပွားရာ လူနေအိမ်အပေါ်လက်နက်ကြီးကျည်များကျရောက်ကာ   အရပ်သား ၆ ဦးထက်မနည်း ဒဏ်ရာရ  ကြောင်းသိရသည်။

photo by SHAN/ ယနေ့ သိန္နီ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိသူ

အောက်တိုဘာလ ၉ ရက် ယနေ့မနက် ၆ နာရီခွဲမှ ၇ နာရီအချိန်အထိ  တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် မြန်မာ့တပ်မတော် တို့ သိန္နီမြို့လယ်ခေါင်တွင်  ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။

လက်နက်ကြီးများပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦး ဒဏ်ရာရရှိပြီး၊ မြန်မာ တပ်မတာ်မှ ၂ ဦး ကျဆုံးခဲ့ကြောင်း သိန္နီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဦးခမ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“မြို့လယ်ခေါင် မှာ ဖြစ်တာ။ မြန်မာ့တပ်မတော် ယာဉ်တန်းကို TNLA စောင့်ပြီးပစ်တာလို့သိရတယ်။ မြန်မာ့တပ်မတော် ကတော့ ၂ ယောက်သေတယ်။  အရပ်သား ၆ ဦး ကိုတော့  သိန္နီဆေးရုံကို ပို့ထားတယ်” ဟု စိုင်းဦးခမ်း က ဆိုသည်။

လက်နက်ကြီးသည် သိန္နီမြို့ ဈေးအနီး ရဲစခန်းနှင့်ကပ်လျက် ရပ်ကွက် ၂ ဟိုနောင်ရှိ ဒေါ်ပါယဉ်၏ နေအိမ်ပေါ်သို့လည်းကောင်း၊ ဈေးအရှေ့ဘက်ရှိ ရပ်ကွက် ၁ အတွင်း  ဒေသခံများ၏နေအိမ် ၅ လုံးသို့လည်းကောင်း၊ တပေါင်းပွဲကျင်းပသည့်ကွင်းအတွင်းသို့လည်းကောင်းကျရောက်ခဲ့ပြီး   ဒေသခံလူထု ၆ ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါလက်နက်ကြီးကျည်များသည် TNLA ဘက်မှ ပစ်ခတ်သည်ဟု ဒေသခံများပြောဆိုနေကြသော်လည်း မည်သည့်အဖွဲ့လက်နက်ဖြစ်သည်ကို  သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက် မရသေးပေ။

Photo by SHAN/ သိန္နီ အတွင်း မြန်မာ့တပ်မတော်ကား

သိန္နီမြို့နယ် ဒေသခံတဦးကလည်း – “ပစ်ခတ်သံတွေ ထွက်နေချိန်မှာ  လက်နက်ကိုင်အဖွဲ့တဖွဲ့ကလည်း CB ဘဏ်ကို ဖောက်ထွင်းတယ်လို့ကြားတယ်။ ဘယ်လောက်ပါသွားလဲတော့မသိရသေးဘူး။ လူတွေက ကြောက်လှန့်ပြီး နေအိမ်ကနေမထွက်ရဲသေးတော့အသေးစိတ်လည်းမသိရသေးဘူးဖြစ်နေလို့လေ ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

Photo by SHAN/ ယနေ့မနက်ပိုင်းက သိန္နီ တွင်ပစ်ခတ်မှုဖြစ်ပွားရာ လူနေအိမ်အပေါ်လက်နက်ကြီးကျည်များကျရောက်

 

လက်ရှိတွင်မူ သိန္နီမြို့မြောက်ဘက် မြို့ပြင်သို့ မြန်မာ့တပ်မတော်မှ အင်အားဖြည့်တင်း လိုက်လံသွားကြောင်း ၊ပစ်ခတ်သံမှာ ငြိမ်သွားပြီဖြစ်သော်လည်းဒေသခံ များ စိုးရိမ်ထိတ်လန့်မှု ဖြစ်နေပြီး လက်ရှိမှာ အိမ်ပြင်သို့မထွက်ရဲသေးကြောင်း လည်း သိရသည်။

သိန္နီတိုက်ပွဲနှင့်ပတ်သက်ပြီး TNLA ထံသျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရသေးပေ။

သြဂုတ် လ ၁၅ ရက်နေ့မှစတင်ပြီး ညီနောင် မဟာမိတ် (၃)ဖွဲ့ နှင့် မြန်မာ့တပ်မတော်တို့သည် မူဆယ်-မန္တလေး လမ်းမပေါ် တိုက်ပွဲဖြစ်ပွားကာ အရပ်သား ၁၄ဦး သေဆုံးခဲ့ပြီး ၁၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့ တရုတ်ကျောင်းဆရာမကို မုဒိမ်းကျင့်သတ်ဖြတ်သူအပါ ရာဇဝတ်မှုကျူးလွန်သူ (၇) ဦး သေဒဏ်ချမှတ်

0
သျှမ်းပြည် သိန္နိမြို့နယ် စယ်အူကျေးရွာအုပ်စု မန်ပန်ရွာရှိ တရုတ်ကျောင်းဆရာမတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်သူအပါအဝင် ရာဇဝတ်မှုကျူးလွန်သူ (၇) ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အများပြည်သူရှေ့ သေဒဏ်ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၇ နာရီတွင် ကိုးကန့်တပ်ဖွဲ့ MNDAA...

MNDAA ထိန်းချုပ် သိန္နီမြို့နယ်တွင် တရုတ်ကျောင်းဆရာမတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရ

0
သျှမ်းပြည် သိန္နီမြို့နယ် စယ်အူကျေးရွာအုပ်စု မန်ပန်ရွာတွင် တရုတ်ကျောင်းဆရာမတစ်ဦး မုဒိမ်းကျင့်ခံရပြီး သတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်တွင် အဆိုပါ မုဒိမ်းကျင့် သတ်ဖြတ်ခံရသူမှာ စယ်အူကျေးရွာအုပ်စု မန်ပန်ရွာရှိ တရုတ်ကျောင်း၌ စာသင်ပေးနေသည့် အသက် (၅၀) နှစ်ခန့်အရွယ် Wu Yin...

သိန္နီမြို့တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆေးရုံသစ် တည်ဆောက်နေပြီး MNDAA တပ်မဆုတ်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့မှ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာမည်မဟုတ်ဘဲ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆေးရုံနှင့် ဈေးဝယ်စင်တာ တည်ဆောက်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ ရပ်ကွက်(၁) ဈေးတန်းရပ်ရှိ သိန္နီမြို့မဈေးနေရာ၌ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆေးရုံနှင့်...

သိန္နီတွင် MNDAA တပ်သားနှင့် အကြည့်ချင်းဆုံရာမှ လူငယ် ၄ ဦး ဖမ်းဆီးရိုက်နှက်ခံရ

0
သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ် MNDAA ၏ တပ်သားများ အရက်သောက်နေစဉ် လူငယ်များနှင့် စကားများရန်ဖြစ်ပြီး လူငယ် ၄ ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇွန်လ ၁၆ ရက် ည ၉ နာရီခွဲခန့်တွင် သိန္နီမြို့ ရပ်ကွက် (၃) အတွင်းရှိ...

သိန္နီမြို့ MNDAA မှ တပ်သားသစ်စုဆောင်းရာတွင် အမျိုးသမီးများပါ စာရင်းကောက်နေ

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ် MNDAA မှ တပ်သားသစ် စုဆောင်းရာတွင် အမျိုးသမီးများကိုပါခေါ်ယူရန် စာရင်းကောက်ယူနေကြောင်း သတင်းရရှိသည်။ သိန္နီမြို့နယ်မှ ကိုးကန့်တပ် MNDAA တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေသည့်ကြားက ယမန်နေ့ (ဇွန်လ ၁၅ )ရက်တွင် MNDAA မှ ဒေသခံများကိုအစည်းအဝေးခေါ်ယူပြီး မြို့တွင်းလုံခြုံရေးအတွက် တပ်သားသစ်အဖြစ် စစ်မှုထမ်းစုဆောင်းပေးရန်...