စစ်ရေးပဋိပက္ခရပ်တန့်ရေးကြိုးပမ်းမှုတွင်စစ်ကြောင့်နစ်နာသူ အမျိုးသမီးများအကြောင်း ထည့်သွင်းဆွေးနွေးမှု အားနည်း

စစ်ရေးပဋိပက္ခ ရပ်တန့်ရန် ကြိုးပမ်းရာတွင် စစ်ကြောင့် ထိခိုက်၊နစ်နာ ဆုံးရှုံးမှုများရင်ဆိုင်ခဲ့ရသည့် အမျိုးသမီးအကြောင်း ထည့်သွင်းဆွေးနွေးမှုမှာ အားနည်းနေကြောင်း သိရသည်။

Photo by အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဖေ့ဘွတ်

ပြည်တွင်းစစ် တိုက်ပွဲ များတွင်  ပါဝင်သည့် ခေါင်းဆောင်များသည် အမျိုးသားများဖြစ်ကြပြီး၊ စစ်ပဋိပက္ခ များရပ်တန့်ဖို့ ကြိုးပမ်းနေမှုများ ညှိနှိုင်း ဆွေးနွေးမှုများမှာလည်း ထိုအမျိုးသား များသာဖြစ်သဖြင့်  စစ်ရေးကြောင့် ထိခိုက်၊ နစ်နာ ဆုံးရှုံးသည့် အမျိုးသမီးများအကြောင်းကို ထည့်သွင်း ဆွေးနွေးခြင်း နည်းပါးသည်ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ပြောဆိုလိုက်သည်။

ယနေ့ စက်တင်ဘာ ၂၀ ရက်နေ့ က “ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများ” ဖိုရမ်ကို “ ငြိမ်းချမ်းရေး အတွက် အတူတကွ- အားလုံးအတွက် လုံခြုံရေး” ဆောင်ပုဒ်ဖြင့်  ရန်ကုန်မြို့ ကျင်းပရာတွင် အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) မှ အတွင်းရေးမှူး နော်ဆဲဆဲ က ပြောကြားခဲ့သည်။

ထို ဖိုရမ်  ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ပြည်တွင်းစစ် ရပ်တန့်ရေး၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များအားလုံးရပ်တန့်ရေး နှင့်ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများပိုမို ပါဝင်လာနိုင်အောင် စည်းရုံးလှုံ့ဆော်သွားမည် ဟုလည်း နော်ဆဲဆဲက ပြောသည်။

Photo by အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဖေ့ဘွတ် -အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) မှ အတွင်းရေးမှူး နော်ဆဲဆဲ

ထို့ပြင် အမျိုးသမီးများ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ဖြင့် အမျိုးသမီး လှုပ်ရှားမှု ပိုမိုများလာပြီး ငြိမ်းချမ်းရေး အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ပိုမိုပါဝင်လာနိုင်ရန်၊ ကျား၊ မ တန်းတူညီမျှရေး အပြန်အလှန် ဖလှယ်ဆွေးနွေးပြီး တန်းတူညီမျှရေးဖော်ဆောင်ရာတွင် ထိရောက်သည့်နည်းလမ်းများရှာဖွေနိုင်ရန်တို့ဖြစ်သည်။

မြန်မာနိုင်ငံတွင်နေထိုင်သည့် အမျိုးသမီး ထု အားလုံးအတွက် လုံခြုံဘေးကင်းသည့် လူမှုအသိုင်းအဝန်း တရပ်တည်ဆောက်ရေး လုပ်ငန်းတွင်း အထောက်အကူပြုစေမည့် ရလဒ်များ၊မူဝါဒရေးရာ အကြံပြုချက်များရရှိလာမည် ဟု အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) နော်ဆဲဆဲ က ပြောသည်။

အမျိုးသမီးလှုပ်ရှားမှုကြီးသည် ပိုမို ခိုင်မာကျယ်ပြန့်လာပြီး ပြည်တွင်းစစ်ရပ်တံ့ရေး၊ စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့်ကျား၊မ တန်းတူရေးမှတဆင့် နှစ်ရှည်လ များလိုလာတောင့်တ သည့် ပြည်တွင်း ငြိမ်းချမ်းရေး ကို တည်ဆောက်နိုင်မည်ဟု နော်ဆဲဆဲက ထပ်လောင်းပြောသည်။

စစ်ပဋိပက္ခ အတွင်း မှ အမျိုးသမီးများအတွက် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅ နှင့် ၁၈၂၀ ကို ချမှတ်ခဲ့ကြသည်။

ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော် ဆင့် စီမံဆောင်ရွက်မှု National Action Plan ချ မှတ်အကောင်အထည်ဖော်ဆောင်ရွက်ကြသည်။

ငြိမ်းချမ်းရေး အတွက် အမျိုးသမီးများ ဖိုရမ် မှသည် အားလုံးအတွက် လုံခြုံဘေးကင်းရေး များရရှိစေရန် အတူတကွ ဝိုင်းဝန်း ကြိုးပမ်းသွားကြရန် လည်း အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) က တိုက်တွန်းပြောဆိုလိုက်သည်။

၂၀၁၉ ခုနှစ် ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်ကို မြန်မာနိုင်ငံ ဒေသအသီးသီး နှင့် အဖွဲ့အစည်းအသီးသီးတို့မှ စုစုပေါင်း ၃၀၀ ကျော်တက်ရောက်ခဲ့သည်။

တက်ရောက်လာသော ခေါင်းဆောင်များမှ အမျိုးသမီးငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့် စပ်လျဉ်းပြီး ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ နှင့် စိန်ခေါ်မှုများ၊ အမျိုးသမီး ငြိမ်းချမ်းရေး နှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများ စသည့်ခေါင်းစဉ်များကို အုပ်စုငယ်လိုက်ဖွဲ့ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)သည် အမျိုးသမီး အဖွဲ့အစည်း ၁၃ဖွဲ့ ဖွဲ့စည်းထားသည့် အဖွဲ့တခုဖြစ်သည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

ဖယ်ခုံမြို့နယ် ဒေသခံများနှင့် စစ်ဘေးရှောင်များ ရာသီတုတ်ကွေးဖြစ်၊ ဆေးဝါးအကူအညီလိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများနှင့် စစ်ဘေးလာရောက်ရှောင်သူများသည် ရာသီတုတ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများ နှင့် ၎င်းကျေးရွာသို့ လာရောက်စစ်ဘေးရှောင်ကြသူ (၁၆၀)ကျော်သည် ရာသီတုတ်ကွေးဖြစ်ပွားကာ ဖျားနာနေကြပြီး ဆေးဝါးကုသ ပေးမည့်သူ နှင့်...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...

မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခနှင့် စီးပွားရေး ပြိုလဲမှုကြား အမျိုးသမီးများကို တရုတ်မယားအဖြစ် ရောင်းစားမှု မြင့်တက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် စီးပွားရေးပြိုလဲမှုများကြောင့် အမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားသည့် လူကုန်ကူးမှုများ မြင့်တက်လာနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း လူကုန်ကူးမှုပုံစံများ ပြောင်းလဲလာနေပြီး ယခင်က နယ်စပ်ဒေသတွင်သာ အဖြစ်များခဲ့သည့် တရုတ်မယားအဖြစ် ရောင်းစားခံရမှုမှာ ယခုအခါ...

သံလွင်တံတား တာကော်ဂိတ်တွင် ခရီးသွားအမျိုးသမီးများကို သွားလာခွင့်ပိတ်ပင်ပြီး ငွေညှစ်တောင်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို သံလွင်မြစ်ကူး တာကော်တံတားရှိ စစ်တပ် စစ်ဆေးရေးဂိတ်၌ အကြောင်းမဲ့ တားဆီးခြင်း၊ မှတ်ပုံတင် သိမ်းဆည်းခြင်းနှင့် ငွေညှစ်တောင်းခံခြင်းများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။ ယမန်နေ့ (မေလ ၃ ရက်) တွင် ကာလိမြို့နှင့် မိုင်းပျဉ်းမြို့ကြား သံလွင်မြစ်ကူး...