တိုက်ပွဲထပ်ဖြစ်မှာကို စိုးရိမ်သဖြင့် မိုးကုတ်မြို့ပေါ် စစ်ရှောင် (၁၀၀၀)ကျော်ရောက်ရှိ
မိုးကုတ်မြို့နယ်အတွင်း တိုက်ပွဲများထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် စစ်ရှောင်(၁၀၀၀) ကျော်ထွက်ပြေးတိမ်းရှောင် လာကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့်နိုဝင်ဘာ(၂၄)ရက်တွင် မိုးကုတ်မြို့နယ် အတွင်း တအာင်း(ပလောင်)တပ်မတော် TNLA နှင့် အစိုးရတပ်မတော် တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ စတင်ပြီး၊ ထိုတိုက်ပွဲဖြစ်ပွားသည့်ဒေသအနီးရှိ ဒေသခံ(၁၀၀၀)ကျော် မိုးကုတ်မြို့ပေါ်သို့ထွက်ပြး လာကြခြင်းဖြစ်ကြောင်း မန္တလေးတိုင်း လီဆူ စာပေနှင့် ယဉ်ကျေးမှု...
မူဆယ်မြို့နယ် စယ်လန့် ပတ်ဝန်းကျင်တွင် သေနတ်ပစ်ခတ်သံကြားရ ဟုဆို
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုတွင် ယနေ့ နိုဝင်ဘာ (၁၇) ရက် မနက်ပိုင်းအချိန်၌ ပစ်ခတ်သံကြားရကြောင်း ဒေသခံများ ထံ စုံစမ်းသိရသည်။ အဆိုပါ ပစ်ခတ်သံကြားသည့် ဒေသသည် တအောင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေး တပ်မတော် (TNLA) လှုပ်ရှားရာ ဒေသဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ “ပစ်ခတ်သံကြားရတာ ဟုတ်ပါတယ်။...
မူဆယ်မြို့နယ်အတွင်း စစ်အင်အားအပြည့်တင်စစ်ကား အစီးရေ ၂၀ ကျော်ဖြတ်သန်း
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အစိုးရ တပ်မတော်၏ စစ်ကား အစီးရေ ၂၀ ကျော် စစ်အင်အားနှင့် ရိက္ခာ အပြည့်တင်ဆောင်ကာ ဖြတ်သန်းသွားကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာ ၃ ရက် ယနေ့ နေ့လည်ပိုင်းက စစ်အင်အားများနှင့်ရိက္ခာများ တင်ဆောင်သည့် စစ်ကားများသည် မူဆယ်မြို့ကိုဖြတ်ကာ စယ်လန့်ကျေးရွာဘက်သို့ သွားချထားခဲ့ကြောင်း မူဆယ်မျက်မြင်ဒေသခံများက...
အစိုးရတပ် အရာရှိ ၂ဦးကို RCSS/SSA မှ ဖမ်းဆီး၊ ရိုက်နှက် ဟု တပ်မတော်ထုတ်ပြန်
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တောင်ရှည်ကျေးရွာ အနီးတွင် အစိုးရ တပ်မတော်သား ၂ဦးကို RCSS/SSA မှ ဖမ်းဆီးခေါ်ဆောင်ခဲ့သည် ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေး က ထုတ်ပြန်လိုက်သည်။ အောက်တိုဘာ ၆ ရက် က သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) မှ အစိုးရတပ်မတော်...
ငြိမ်းချမ်းရေးနှင့် နိုင်ငံသားအခွင့်အရေးရရှိရေး ကျောက်မဲစစ်ဒဏ်သင့်လူငယ်နှင့်ရပ်မိရပ်ဖများ တောင်းဆို
ဒေသခံလူထု ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးနှင့်နိုင်ငံသားအခွင့်အရေးအပြည့်အ၀ ရရှိရေးအတွက် စစ်မြေပြင်အတွင်းနေထိုင်သည့် လူငယ်များနှင့် ရပ်မိရပ်ဖ များက ကျန်းမာရေးဌာန ထုတ်ပြန်ချက်နှင့်အညီ ငြိမ်းချမ်းစွာ တောင်းဆိုလိုက်သည်။ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ တိုက်ပွဲကြောင့် စစ်ဘေးရှောင်လူထု ၁၀၀၀ ခန့်ခိုလှုံခဲ့သည့် ပုံ၀ိုးဘုန်းကြီးကျောင်းတွင် (စစ်ရှောင်များနေရပ်ပြန်ကြပြီးနောက် ) အောက်တိုဘာ ၂၂ ရက်က ကျောက်မဲလူငယ်များနှင့်ရပ်မိရပ်ဖများတွေ့ဆုံကာ ...
ကျောက်မဲမြို့နယ် ကျေးရွာတချို့စစ်ကြောင်းရှိနေသဖြင့် စစ်ရှောင် ၃၀၀ကျော် နေရပ်မပြန်နိုင်သေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်းသက်နေသော်လည်း ကျေးရွာတချို့ စစ်ကြောင်းများ ရှိနေသဖြင့် စစ်ဘေးရှောင် (၃၀၀)ကျော် နေရပ်သို့ ပြန်နိုင်ခြင်း မရှိသေးကြောင်း စုံစမ်း သိရှိရ သည်။ အောက်တိုဘာ ၁၈ ရက်တွင် စစ်ဘေးရှောင် ပြည်သူများ (၂၀၀၀) ကျော် နေရပ်သို့ပြန်သွားကြပေသာ်လည်း ဟိုနမ့်ကျေးရွာ နှင့်...
သျှမ်းပြည်အစိုးရ ကျောက်မဲ စစ်ရှောင် ၁၇၀၀ ကျော်ထောက်ပံ့ဟုဆို
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ဘေးရှောင် ၁၇၀၀ ကျော်ကို သျှမ်းပြည်အစိုးရမှ စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းစာရှင်းလင်းမှုတရပ်ပြုလုပ်ခဲ့သည်။ ကျောက်မဲမြို့နယ် အတွင်း အောက်တိုဘာ ၂ ရက်နေ့က စပြီး အစိုးရတပ်မတော်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ကြားဖြစ်ပွါးသော တိုက်ပွဲကြောင့် နေရပ်မှစွန့်ခွါထွက်ပြေးရသည့်ကျောက်မဲဒေသခံလူထု ၄၀၀၀ ကျော်ရှိကြောင်း...
ကျောက်မဲ စစ်ရှောင် ၂၀၀၀ ကျော် နေရပ်ပြန်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသဖြင့် စစ်ဘေးရှောင်များ မိမိနေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ စစ်ဘေးရှောင်ပြည်သူများ (၂၀၀၀) ကျော် သည် အောက်တိုဘာ (၁၈)ရက် တွင် နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းအိမွန်အောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။ “၂၀၀၀ ကျော်လောက်တော့...
ကျောက်မဲမြို့နယ် လူထုနေအိမ်ဝင်းထဲ ဗုံး/မိုင်း (၁) လုံးထပ်မံ တွေ့ရှိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပုံးဝိုးကျေးရွာ ယနေ့(အောက်တိုဘာ ၁၇)ရက် မနက်ပိုင်းတွင် အရပ်သား နေအိမ်ခြံဝင်း တွင် လက်နက်ကြီး တလုံးထပ်မံ တွေ့ရှိကြောင်း စုံးစမ်းသိရသည်။ အဆိုပါ လက်နက်ကြီးထပ်မံတွေ့ရှိသည့်နေရာသည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာ အတွင်းရှိ အရပ်သားနေအိမ်ခြံထဲတွင် လက်နက်ကြီး တလုံးထပ်မံတွေ့ရှိရပြီး၊ ထိုလက်နက်ကြီးတွေ့ရှိသည့်နေအိမ်ကို လွန်ခဲ့သည့်ရက်ပိုင်းတွင် အစိုးရတပ်မတော် မှ...
ကျောက်မဲမြို့နယ် ကျေးလက် လူထုနေအိမ်ခြံဝင်းအတွင်း ဗုံး/မိုင်းများတွေ့ရှိ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွါးရာ ကျေးရွာများအတွင်း လူထုနေအိမ်ခြံဝင်းများအတွင်း ဗုံး၊ မိုင်းနှင့်လက်နက်ကြီးများ တွေ့ရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အောက်တိုဘာလ ၁၄ နှင့် ၁၅ ရက် ၂ ရက်အတွင်း တိုက်ပွဲများငြိမ်နေသဖြင့် စစ်ရှောင်များ နေအိမ်သွားကြည့်ရာတွင် ပုံဝိုးရွာနှင့်နမ့်မဟင်ရွာအတွင်း ထိုသို့လူကိုထိခိုက်သေကြေစေသော လက်နက်ကြီးများတွေ့ရှိရခြင်းဖြစ်ကြောင်း စစ်ရှောင်များပြောပြချက်အရသိရသည်။ “ ဒီနေ့ မနက်...






