ကျောက်မဲမြို့နယ် လူထုနေအိမ်ဝင်းထဲ ဗုံး/မိုင်း (၁) လုံးထပ်မံ တွေ့ရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပုံးဝိုးကျေးရွာ ယနေ့(အောက်တိုဘာ ၁၇)ရက် မနက်ပိုင်းတွင် အရပ်သား နေအိမ်ခြံဝင်း တွင် လက်နက်ကြီး တလုံးထပ်မံ တွေ့ရှိကြောင်း စုံးစမ်းသိရသည်။


အဆိုပါ လက်နက်ကြီးထပ်မံတွေ့ရှိသည့်နေရာသည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာ အတွင်းရှိ အရပ်သားနေအိမ်ခြံထဲတွင် လက်နက်ကြီး တလုံးထပ်မံတွေ့ရှိရပြီး၊ ထိုလက်နက်ကြီးတွေ့ရှိသည့်နေအိမ်ကို လွန်ခဲ့သည့်ရက်ပိုင်းတွင် အစိုးရတပ်မတော် မှ စစ်ကြောင်းဝင်နားခဲ့သည့်နေရာဖြစ်ကြောင်းလည်း ပုံဝိုးကျေးရွာတွင်နေထိုင်သည့် နန်းအောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။


“ဟိုနေ့ က ဗုံးတွေ့တဲ့ အိမ်နဲ့နီးတယ်။ ဗုံးကတော့ တပ်မတော်တွေရဲ ဗုံး ဘဲဖြစ်မယ်ထင်တယ်။ အဲနေရာမှာ က တပ်မတော် စစ်တပ်တွေဘဲနေတာလေ။ တပ်မတော်က ရွာထဲမှာရှိတော့ သျှမ်းတပ်မတော်တွေက လာလိုမရဘူး” ဟု ဒေသခံ နန်းအောင်ကပြောသည်။


ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအနီးတဝှိက်တွင် အောက်တိုဘာ ၂ရက် မှစတင်ကာ အောက်တိုဘာ ၁၃ရက်ထိ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲ ပြင်းထန်ခဲ့သည့် နေရာဖြစ်သည်။


ထိုတိုက်ပွဲအတွင်း အစိုးရတပ်မတော် စစ်ကြောင်းများသည် ပုံဝိုးကျေးရွာအတွင်းသို့ တပ်စခန်းချပြီး နေထိုင်ကြသကဲ့သို့ စစ်ကြောင်းများ ဖြတ်သန်းမှု ပြုလုပ်ခဲ့သည့်နေရာတခုလည်းဖြစ်သည်။


ထို့ကြောင့် လွန်ခဲ့သည့် အောက်တိုဘာ ၁၄ရက်တွင်လည်း ပုံဝိုးကျေးရွာ အတွင်း အရပ်သားနေအိမ်ခြံဝင်း၌ မိုင်း၊ဗုံး ၂လုံးကို တွေ့ရှိခဲ့ကြောင်း ဒေသခံများပြောပြချက် အရသိရသည်။


“ အခုချိန်ထိ ဗုံးကို အဲ့နေရာမှာပဲ ချထားတယ်။ ဘယ်သူမှ သွားမထိရဲသေးဘူး” ဟု ပုံဝိုးဒေသခံ နန်းအောင် ကဆိုသည်။


အစိုးရတပ်မတော် ၏ လက်နက်ကြီးများ၊ ဗုံးများ ထပ်မံ တွေ့ရှိမှာကို ဒေသခံပြည်သူများက စိုးရိမ်နေကြကြောင်း၊ ပေါက်ကွဲမှု တစုံတရာဖြစ်လာပြီး အရပ်သားထိခိုက်မည်ကိုလည်း ပြည်သူများက ကြောက်နေကြကြောင်း ပုံဝိုးဒေသခံများ က ပြောဆိုလိုက်သည်။


ယနေ့အချိန်မှာ RCSS/SSAနှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲသည် ငြိမ်သက်နေသဖြင့် ပုံဝိုးကျေးရွာတွင် တိမ်ရှောင် နေထိုင်သည့် စစ်ရှောင် ပြည်သူ ၇၀၀ ကျော်သည် မိမိနေရပ်ကို ပြန်ရန် အတွက် ပြင်ဆင်နေသည် ဟုလည်း သိရသည်။


သို့သော်စစ်ရှောင်များ မိမိနေရပ်ကို ပြန်သည့်အခါ ကျေးရွာအတွင်း လက်နက်ကြီးများ၊ ဗုံးများ ရှိနေမည်ကို စိုးရိမ်နေကြကြောင်းသိရသည်။


စစ်ရေးပြင်းထန်ခဲ့ပြီး စစ်ရှောင် ၃၅၀၀ကျော်ရှိခဲ့သည့် ကျောက်မဲမြို့နယ် ကျေးရွာအုပ်စု ၁၂ အုပ်စုကို လာမည့် နိုဝင်ဘာ (၈)ရက် တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပခွင့်မပြုကြောင်း အောက်တိုဘာ (၁၆)ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေညာချက်ထုတ်လိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...