Tuesday, January 27, 2026

မူဆယ်မြို့နယ်အတွင်း စစ်အင်အားအပြည့်တင်စစ်ကား အစီးရေ ၂၀ ကျော်ဖြတ်သန်း

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အစိုးရ တပ်မတော်၏ စစ်ကား အစီးရေ ၂၀ ကျော် စစ်အင်အားနှင့် ရိက္ခာ အပြည့်တင်ဆောင်ကာ ဖြတ်သန်းသွားကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာ ၃ ရက် ယနေ့ နေ့လည်ပိုင်းက စစ်အင်အားများနှင့်ရိက္ခာများ တင်ဆောင်သည့် စစ်ကားများသည် မူဆယ်မြို့ကိုဖြတ်ကာ စယ်လန့်ကျေးရွာဘက်သို့ သွားချထားခဲ့ကြောင်း မူဆယ်မျက်မြင်ဒေသခံများက ပြောသည်။

“ မူဆယ်မြို့လယ်ကို ၁၀ စီးဖြတ်တယ်။ မူဆယ်မြို့ပတ်လမ်းဘက်ကနေ ၁၀ စီးဖြတ်တယ်။ အဲ့ကနေ ပြီးတော့ စယ်လန့် ဘက်ကို သွားတယ်။ စစ်သားတွေ ရိက္ခာတွေချပြီး ပြန်သွားတယ်” ဟု မျက်မြင်ဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသားက ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ၄ ရက်သာ ကျန်ရှိသည့်အချိန်တွင် စစ်သားများ သယ်ဆောင်လာသည့် ကားများသည် မူဆယ်မြို့နယ်အတွင်းသို့ ဖြတ်သန်းလာသည်မှာ စဉ်းစားစရာဖြစ်ကြောင်း လည်း ၎င်း က ပြောသည်။

“ စစ်ကား အစီးရေ ၂၀ စီးမှာ စစ်အင်အား ဘယ်လောက်ပါလာလဲတော့မသိဘူး။ ရွေးကောက်ပွဲလည်း နီးပြီဆိုတော့ စိုးရိမ်စရာတော့ ဖြစ်တာပေါ့” ဟု မူဆယ်ဒေသခံ တဦးက ပြောသည်။

မူဆယ်ခရိုင် တာမိုးညဲမြို့နယ် အတွင်းတွင်လည်း အသက် (၆၀) အထက် သက်ကြီးရွယ်အိုများ ကြိုတင်မဲပေးရာတွင် ဖိအားပေးပြီး မိမိဆန္ဒမဲမပေးခဲ့ရကြောင်း လည်း ရှိသည်။

.

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“နိုင်ငံရေးပြဿနာကို စစ်အင်အားနဲ့ပဲ ဖြေရှင်းမယ်ဆိုရင် လမ်းမှားနေပြီ”

0
သျှမ်းသံတော်ဆင့်ကနေပြီးတော့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်အခြေစိုက် ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီ အကျိုးဆောင်အဖွဲ့ ဖြစ်တဲ့ ဥရောပ-မြန်မာရုံး (Euro-Burma Office: EBO) ရဲ့ အမှုဆောင်ဒါရိုက်တာ စဝ်ဟန်ယောင်ဟွေကို ဖိတ်ခေါ်ထားပါတယ်။ စဝ်ဟန်ယောင်ဟွေကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်နဲ့ သျှမ်းပြည်တပ်မတော် (SSA) ကို စုစည်းတည်ထောင်ခဲ့တဲ့ မဟာဒေဝီ...

မူဆယ်မြို့နယ် ပန်ဆိုင်းနယ်စပ်ဂိတ်တွင် MNDAA ထိန်းချုပ်ထားစဉ် မြန်မာအလံပြန်လွှင့်ထူ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၅ ဧပြီလ ၃၀ ရက် သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားစဉ် မြန်မာနိုင်ငံအလံကို ပြန်လည် လွှင့်ထူထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် ညနေ ၅ နာရီခန့်တွင်...

နယ်မြေလုံခြုံရေးဆိုပေမယ့် PNO အာဏာတည်မြဲဖို့ ကြိုးပမ်နေတယ်

0
သျှမ်းပြည်တောင်ပိုင်းတွင် ပအိုဝ်းပြည်သူ့စစ် PNO/PNA အခြေစိုက်လှုပ်ရှားသည့် ဒေသများတွင် ဩဂုတ်လမှ စတင်ပြီး (၃) လ အတွင်း စစ်သင်တန်း သုံးကြိမ် ဖွင့်လှစ်ခဲ့ကာ စစ်အင်အား စုဆောင်းမှုအဖြစ် တပ်သားသစ် (၃၀၀၀၀) ကျော် ရရှိခဲ့ကြောင်း PNO/PNA မှ ကြေညာခဲ့သည်။ ပအိုဝ်းပြည်သူ့စစ် PNO/PNA ၏...

KIA လက်အောက် မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို MNDAA မှ ဖျက်ဆီး

0
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လက်အောက် ဒေသခံမူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ ( MNDAA) မှ ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ် မုံးပေါ်ဒေသရှိ ကျေးရွာများတွင် စိုက်ထူးထားသော မူးယစ်တိုက်ဖျက်ရေး (Pat Jasan) အဖွဲ့များ၏ သတိပေးကြေညာချက် ဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ယမန်နေ့...

စစ်အင်အား တစ်သောင်း ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စဆောင်ရွက်သွားမည်ဟု PNO စစ်အင်အားထုတ်ပြ

0
ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စစ်အင်အား တစ်သောင်းဖြင့် စီမံဆောင်ရွက်သွားမည်ဟု ပအိုဝ်းပြည်သူ့စစ် PNO က ထုတ်ပြန်လိုက်သည်။ ယနေ့ ( သြဂုတ် ၂၁) ရက်တွင် ပင်လောင်းမြို့နယ် နောင်တရားမြို့တွင် ပအိုဝ်းပြည်သူ့စစ် PNO ဦးဆောင်ပြီး သင်တန်းအောင်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း ပင်လောင်းမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို...