လက်နက်ကိုင် ၂ဖွဲ့ စစ်ရေးတင်းမာနေမှုကြောင့် ပြည်သူများ ယနေ့ထိ စစ်ရှောင်နေရ
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့(၂)ဖွဲ့ စစ်ရေး တင်းမာနေသေးသဖြင့် ဒေသခံ ပြည်သူများ ယနေ့ထိ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဟု စစ်ရှောင်ကူညီပေးနေသည့် သူများက ပြောဆိုလိုက်သည်။ ကျောက်မဲမြို့နယ် လွယ်အံကျေးရွာ အုပ်စု အနီးတွင် ဒီဇင်ဘာ ၂၅ရက်မှစတင်ကာ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊...
ကျောက်မဲမြို့နယ်အတွင်း RCSS/SSA နှင့် TNLA တိုက်ပွဲဖြစ်
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ယနေ့ (ဒီဇင်ဘာ ၂၅)ရက် မနက် ၅နာရီမှ စတင်ကာ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါဖြစ်ပွားသည့် တိုက်ပွဲသည် ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စု ပန်မခံကျေးရွာအနီးတွင် ယနေ့...
နမ္မတူ နှစ်ကျော့ပြန်စစ်ရှောင်များ စိုးရိမ်မှုဖြင့် နေရပ်ပြန်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင်းရှိ တိုက်ပွဲကြောင့် နှစ်ကျော့ပြန် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဒေသခံများ မိမိနေရပ်သို့ စိုးရိမ်စိတ်ဖြင့်ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားဖြစ်ပွားသည့် တိုက်ပွဲကြောင့် မန်စံဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်ပြည်သူ (၁၈၀) ခန့် ရောက်ရှိလာခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၂၃)ရက် မနက်ပိုင်းတွင် မိမိနေရပ်သို့...
နမ္မတူမြို့နယ်ရှိ စစ်ရှောင်များ နေရပ်မပြန်နိုင်သေး
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ဘေးရှောင် (၁၀၀)ကျော်ကျန်ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၁၇) ရက် နေ့လည်ပိုင်းက ပစ်ခတ်မှု ငြိမ်နေသဖြင့် စစ်ဘေးရှောင်များ နေရပ်ကို ပြန်သွားကာ နာရီပိုင်းအကြာတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော်(RCSS/SSA)နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲပြန်ဖြစ်ပွားမှုကြောင့်...
နမ္မတူမြို့နယ် မန်စံဘုန်းကြီးကျောင်းသို့ စစ်ရှောင်များပြန်ရောက်လာ
SHAN -
နမ္မတူမြို့နယ် မန်စံဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင်များ နေရပ်သို့ ပြန်သွားပြီး နာရီပိုင်းအကြာ ပစ်ခတ်တိုက်ခိုက်မှုထပ်ဖြစ်သဖြင့် ရွာသားများ ဘုန်းကြီးကျောင်းသို့ပြန်လည်ထွက်ပြေး လာခဲ့ကြကြောင်းသိရသည်။ ဒီဇင်ဘာ (၁၇) ရက်ည နမ့်တောင်ကုန်းအုပ်စု နားကျဲကျေးရွာအနီး TNLA နှင့် RCSS တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နားကျဲရွာသားနှင့်ထိုအနီးရှိ ပန်ချင်အုပ်စုဝင် ပိန်းလုံကျေးရွာ၊ ကွန်ကျောင်းကျေးရွာ နှင့်...
ပဋိပက္ခများ ဖြေလျော့ရန် သျှမ်းတပ် ၂ တပ် အွန်လိုင်းဆွေးနွေး
SHAN -
သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခများ ဖြေလျော့ရန်အတွက် နှစ်ဖက်တပ် တာဝန်ရှိသူများ တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာ (၁၀) ရက်နေ့က နှစ်ဖက်တပ် ကိုယ်စားလှယ်များ တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က...
တိုက်ပွဲမဖြစ်သော်လည်း တပ်များမဆုတ်ခွါသေး ၊ စစ်ရှောင်များလည်းမပြန်နိုင်သေး
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်နေသော်လည်း စစ်ဘေးရှောင် ၂၀၀ ကျော် နေရပ် မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ "ခုလောလောဆယ်တော့ တိုက်ပွဲက ငြိမ်နေတယ်။ ဘယ်ဘက်မှ စစ်အင်အားဖြည့်တာလည်းမရှိဘူး။ ရွာသားတချို့တော့ ပြန်နိုင်ကြပေမယ့်တချို့ကမပြန်နိုင်သေးဘူး" - ဟု RCSS/SSA မှပြောခွင့်ရှိသူ ဒု- ဗိုလ်မှူးကြီး...
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း RCSS နှင့် TNLA တို့ကြား တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “မနေ့ နဲ့ ဒီနေ့တော့ တိုက်ပွဲငြိမ်နေတယ်။ နှစ်ဖက် စစ်အင်အားဖြည့်တာတွေတော့ မကြားရသေးဘူး။ TNLA နဲ့ တိုက်ပွဲဖြစ်တာ ၃ ကြိမ်ပါ။ SSPP နဲ့က တစ်ကြိမ်။...
နမ္မတူတိုက်ပွဲ လက်နက်ကြီးကျည်ကျ ရွာသား ၄ ဦး ကျည်စထိမှန် ကိုယ်ဝန်သည်တဦးပါ၀င်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နမ့်ပိုင်ကျေးရွာအနီး RCSS နှင့် TNLA တို့အကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးရာ လက်နက်ကြီးကျည်ကျသဖြင့် ကိုယ်ဝန်သည် အမျိုးသမီး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ (၄) ဦး ရှိကြောင်းသိရသည်။ ယမန်နေ့ ဒီဇင်ဘာ (၁၀) ရက် ည ၅ နာရီ...
နမ္မတူတွင်တိုက်ပွဲကြောင့် စစ်ရှောင် ၂၀၀ ကျော်အထိတိုးလာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း RCSS/SSA နှင့်မဟာမိတ် တပ်ပေါင်းစုတို့အကြား တိုက်ပွဲကြောင့် စစ်ရှောင် (၂၅၀) ကျော် ရှိလာကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၉) ရက် မနက်ပိုင်း နမ္မတူမြို့နယ် အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့အကြား မန်စံကျေးရွာအုပ်စု နားကျဲကျေးရွာ၊ ကွန်ကျောင်းကျေးရွာ၊ နားကျိုင်းကျေးရွာ နှင့်...





