သီပေါမြို့ စစ်ဘေးရှောင် အမျိုးသမီးအတွက် လစဉ်သုံးပစ္စည်း လိုအပ်နေ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ပေါ်ရောက်ရှိနေသည့် စစ်ဘေးရှောင် အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ဧပြီလ ၅ ရက်နေ့မှစပြီး တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲပြင်ထန်းမှုကြောင့် စစ်ဘေးရှောင် (၁၃၀၀)ကျော် ထွက်ပြေးတိမ်းရှောင်လာပြီး၊ ထိုထဲတွင် အမျိုးသမီးအများစုဖြစ်နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသည့် သူများက ပြောသည်။

“ အခု အလိုအပ်ဆုံးကတော့ အမျိုးသမီးသုံးပစ္စည်း။ ဒါကတော့သူအများသတိမထားမိကြဘူး။ တစ်ချို့က စားသောက်ဖို့ အရေးကြီးတယ်ဆိုပြီးတော့ စားစရာတွေဝယ်လာပေးတယ်။ ဒါပေမယ့်အမျိုးသမီးသုံးပစ္စည်းကလည်း လိုအပ်နေပါတယ်။” ဟု သီပေါမြို့ စစ်ဘေးရှောင်ကူညီပေးသည့် အမျိုးသမီး က ပြောသည်။

လက်ရှိ သီပေါမြို့ပေါ်ရှိ စစ်ဘေးရှောင်များကို အစားအသောက် ကို လာရောက်လှူဒါန်းပေးထားသော်လည်း အမျိုးသမီးများ အတွက် အသုံးလိုသည့် ပစ္စည်း လာရောက်လှူဒါန်းသူမရှိကြောင်း၊ လက်ရှိမှာ အမျိုးသမီး အသုံးအဆောင် ပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်းလည်း စစ်ဘေးရှောင်ကူညီနေသည့် အမျိုးသမီး က ဆိုသည်။


“ အမျိုးသမီး လစဉ်သုံးကတော့ အရေးပေါ်လိုအပ်နေတဲ့သဘောပါပဲ။ နောက် အမျိုးသမီး တွေထမီ၊ အတွင်းခံတွေလည်း လိုအပ်ပါတယ်” ဟု စစ်ဘေးရှောင်ကူညီနေသည့် သူတဦး ကပြောသည်။

စစ်ဘေးရှောင်များကို သီပေါမြို့နယ် ရေဟော်ကျောင်း၊ စားသုံးသူရေးရာဂိုးဒေါင်း၊ ပန်နေဘုန်းကြီးကျောင်း၊ ပန်နေ ဂိုးဒေါင်း၊ မန်လီကျောင်း စသည့်တို့နေရာတွင် စစ်ဘေးရှောင်းမျာလာရောက်ခိုးလှုံနေလျက်ရှိကြောင်းသိရသည်။

သီပေါမြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်လာသူ အများစု သည် နမ္မမတူမြို့နယ်အတွင်း ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ရှောင်တိမ်းလာသူများဖြစ်သည်။

တိုက်ပွဲကြောင့် ပြည်သူများ စစ်ဘေးရှောင်လာရခြင်း ပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီ အုပ်စုမှ ဝင်ရောက်မွှေနှောက်ပြီး ဒေသခံပြည်သူများ၏ ပစ္စည်းကို ခိုးယူသွားကြောင်းလည်း နမ္မတူမြို့နယ် ပန်လုံးကျေးရွာ ဒေသခံများ ပြောပြချက် အရသိရသည်။


“ ကျနော် သီပေါမှာစစ်ရှောင်ရောက်လာတဲ့ ကာလ မှာ ကျနော် အိမ်ကို ဝင်ပြီး မွှေနှောက်တယ်။ ကျနော် ဆိုင်က ပစ္စည်းတွေ လည်း ယူသွားတယ်။ ကင်မရာ၊ဖုန်း ၃ လုံးလောက်ပါသွားပါတယ်။ တန်းဖိုးကတော့ ၇ သိန်းဝန်းကျင်း လောက် ရှိတယ်” ဟု နမ္မတူမြို့နယ် ပန်လုံးကျေးရွာဒေသခံတစ်ဦးက ပြောသည်။

နမ္မတူမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲ ဆက်လက်တင်းမာနေပြီး၊ ဒေသခံ နေအိမ် တရာကျော် မီးရှု့ိ့ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

သံလွင်တံတား တာကော်ဂိတ်တွင် ခရီးသွားအမျိုးသမီးများကို သွားလာခွင့်ပိတ်ပင်ပြီး ငွေညှစ်တောင်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို သံလွင်မြစ်ကူး တာကော်တံတားရှိ စစ်တပ် စစ်ဆေးရေးဂိတ်၌ အကြောင်းမဲ့ တားဆီးခြင်း၊ မှတ်ပုံတင် သိမ်းဆည်းခြင်းနှင့် ငွေညှစ်တောင်းခံခြင်းများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။ ယမန်နေ့ (မေလ ၃ ရက်) တွင် ကာလိမြို့နှင့် မိုင်းပျဉ်းမြို့ကြား သံလွင်မြစ်ကူး...