CATEGORY

လူ့အခွင့်အရေး

လားရှိုး – လောက်ကိုင် လမ်းပေါ်ရှိ ဂိတ်များ စစ်ကောင်စီ ဂိတ်ကြေးအဆမတန်တောင်း

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့-လောက်ကိုင် လမ်းပေါ်ရှိ ဂိတ်များတွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက အခွန်ခကို အဆမတန် ကောက်ခံယူနေလျက်ရှိကြောင်းစုံစမ်းသိရှိရသည်။ ကိုဗစ် ၁၉ ကို အကြောင်းပြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လောက်ကိုင်သွားလမ်းဘက်တွင် စစ်ဆေးရေး တင်းကြပ်ပြီး၊ တဂိတ်လျှင် ယွမ် ၂၀၀ (မြန်မာကျပ်ငွေ ပေါက်ဈေး ၄သောင်း)ထိ ပေးဆောင်ရပြီး၊...

မုံးကိုး စစ်ကောင်စီ နှင့် MNDAA တိုက်ပွဲဖြစ် အရပ်သား (၆)ဦး လက်နက်ကြီး ထိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲအတွင်း MNDAA နှင့် စစ်ကောင်စီ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား(၆) ဦး လက်နက်ကြီးကျည် ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ (၁၂) ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖော်ဂျုံးပါ ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျပြီး ဒေသခံ (၆) ဦး ထိခိုက်ဒဏ်ရာ...

သိန္နီမြို့နယ် စစ်ကောင်စီနှင့် MNDAA တိုက်ပွဲဖြစ်၊ ပြည်သူတစ်ဦးကို စစ်ကောင်စီမှ ပစ်သတ်

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ်တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA) တို့က တိုက်ပွဲဖြစ်ပွားမှု ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့မှ ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း စုံစမ်း သတင်းသိရသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည့် သိန္နီမြို့နယ်မှ မိုင်းကျက်၊ မိုင်းယော် တို့နှင့် ထိစပ်နေသည့် ဟူးလောင်ကျေးရွာမှ ရွာသားတစ်ဦးကို ပြီးခဲ့သည့်...

ဖယ်ခုံမြို့ NLD ပြန်ကြားရေးတာဝန်ခံနေအိမ်ကို စစ်ကောင်စီမှ ဝင်ရောက်ဖျက်ဆီး

သျှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြန်ကြားရေးတာဝန်ခံ၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တို့မှ ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ ( အောက်တိုဘာ ၁၂) ရက် နေ့ခင်းပိုင်း ၁၂ နာရီဝန်းကျင် တွင် ဖယ်ခုံမြို့ရှိ NLD ၏ မြို့နယ် ပြန်ကြားရေးတာဝန်ခံ...

အမှုရုပ်သိမ်းပေးမည်ဟုကြေညာချက်ကြောင့် နေအိမ်ပြန်လာသူ ဖမ်းခံရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး စစ်ကောင်စီ က (၅၀၅) ဖြင့် ဖမ်းဝရမ်းထုတ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေစဉ် အမှုရုတ်သိမ်းပေးမည်ဟု ကြေညာပြီးနောက် နေအိမ်သို့ လာပြီး ပရဟိတ လုပ်နေစဉ် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သည့် ဦးစံဝင်းမောင် ကို အောက်တိုဘာ...

စစ်ရေးတင်းမာမှုကြောင့် နေရပ်မပြန် မိုင်းကိုင်စစ်ရှောင်များ စောင်လိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် စစ်ရေး တင်းမာမှု ဆက်လက်ရှိနေသဖြင့် နေရပ်မပြန်နိုင် သေးသည့် စစ်ရှောင်များအတွက် စောင်အထူများ လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။ မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု နှင့် ဟမ်းငိုင်းကျေးရွာအုပ်စု တို့မှာ ကျေးရွာပေါင်း (၂၀) ခန့် ထွက်ပြေးခဲ့ရပြီး စစ်ရှောင် (၃၂၀၀) ကျော် ရှိထားကြောင်းသိရသည်။ “ဆောင်းဝင်လာပြီဆိုတော့ ဒီနေ့မနက်...

စစ်ဘေးရှောင်နှင့် PDF အလှူငွေကောက်ခံနေသည့် လူငယ်များ ဖမ်းဆီးခံရ

စစ်ဘေးရှောင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များအတွက် KPay နှင့် အလှူကောက်ခံမှုများ ပြုလုပ်နေသည့် လူငယ်များတချို့ Kpay အကောင့်ပိတ်ခံရပြီး ဖမ်းဆီးခံနေရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ ည ၁၀ ခွဲဝန်းကျင်အချိန်ခန့်တွင် တောင်ကြီးမြို့ ၊ညောင်ဖြူစခန်း (မြေဖြူ) ရပ်ကွက်၊ Cherry...

နမ့်ခမ်းမြို့နယ် လက်နက်ကြီးကျ ကလေးငယ်(၃)ဦးထိ၊ တစ်ဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တွန်းဟုန်းကျေးရွာအုပ်စု နမ့်စန်းကျေးရွာထဲတွင် ယမန့်နေ အောက်တိုဘာ (၁၁) ညနေ ၄ နာရီ ဝန်းကျင်က လက်နက်ကြီးကျ ပေါက်ကွဲမှု ဖြစ်သဖြင့် ကလေးငယ်(၃)ဦးထိခိုက်ဒဏ်ရာရပြီး တစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ထိုလက်နက်ကြီးသည် မည်သည့်လက်နက်ကိုင်ဘက်မှ ပစ်သည့် လက်နက်ကြီး ဖြစ်သည်ကို ယနေ့ထိမသိရှိကြောင်း၊ ထိုလက်နက်ကြီး...

မိုင်းငေါ့ စစ်ရှောင်ကိုယ်ဝန်သည်များ အစားအသောက်နှင့် ငွေကြေး ခက်ခဲနေ

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင် ကိုယ်ဝန်သည်များ အစားအသောက် နှင့်ငွေကြေး ခက်ခဲမှုရှိနေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့တွင် စစ်ဘေးရှောင် (၂၀၀)ကျော်ရှိနေပြီး လက်ရှိတွင် ကိုယ်ဝန်သည် ၅ ဦး ရှိနေကြောင်း၊ အဆိုပါ ကိုယ်ဝန်သည်များအပါအဝင် မွေးပြီးစ ကလေးမိခင်များအတွက်ပါ အစားအသောက်များ ခက်ခဲမှုရှိနေ ကြောင်း...

ကျောက်မဲမြို့ Mytel တာဝါတိုင် ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီမှ လူငယ်ကိုပိုဖမ်းဆီးလာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင် ဖောက်ခွဲခံရပြီးနောက်ပိုင်း စစ်ကောင်စီ မှ လူငယ်များကို ယခင်ထပ် ပိုဖမ်းဆီးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ကျောက်မဲမြို့တွင် ယခု ရက်ပိုင်း ညထွက်သွားလာသူများကို စစ်ဆေးရိုက်နှက်မှုများ ပြုလုပ်လာလျက်ရှိပြီး ယမန့်နေ အောက်တိုဘာ (၁၁) ည ၁၀ နာရီဝန်းကျင်တွင် သေနတ်ပစ်ဖောက်သံများရှိကြောင်း...

Latest news