နမ့်မယ်ခုံ စစ်ရှောင်နေရာ မလုံခြုံဖြစ်နေ
SHAN -
သျှမ်း- ကယားနယ်စပ် နမ့်မယ်ခုံနယ်တစ်လျှောက် စစ်ကောင်စီ အုပ်စုက ရမ်းသမ်းပစ်ခတ်မှုကြောင့် စစ်ရှောင်နေရာများမလုံခြုံကြောင်း စုံစမ်းသိရသည်။ လက်ရှိ နမ့်မယ်ခုံနယ်ကြောတစ်လျှောက်ရှိ ခိုလှုံနေသော စစ်ရှောင်များသည် တိုက်ပွဲများကို ထပ်မံကြုံရသည့် အပြင် ယခုရောက်ရှိနေသည့် နေရာတွင်လည်း စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်နေသဖြင့် လုံခြုံမှုမရှိကြောင်း စစ်ရှောင်များကို ကူညီစောင့်ရှောက်ပေးနေသည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ “အခုသူတို့ရောက်တဲ့နေရာကလည်း စစ်ကောင်စီတွေက...
ပင်လောင်းမြို့နယ်ရောက် စစ်ရှောင်များ ကိုဗစ် စစ်ဆေးမှုမရှိထားလျှင် ရွာဝင်မခံ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း စစ်ရှောင်လာသည့် ပြည်သူများ ကိုဗစ် - ၁၉ စစ်ဆေးမှု မရှိထားလျှင် ရွာအတွင်းသို့ ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း စုံစမ်းသိရှိရသည်။ ကရင်နီပြည် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင်လာသူ (၅၀၀၀) ကျော် ရှိခဲ့ပြီး တိုက်ပွဲငြိမ်သွားသည့် မြို့နယ်တချို့မှ ပြည်သူများ နေရပ်သို့ပြန်သွားခဲ့သည်။ ထိုပြန်သွားသည့် ပြည်သူများသည်...
ကျောက်မဲလူငယ် မိုင်းနင်းမိ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာပြင်းထန်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဗူးခါးနှင့် နားခေါ်ကျေးရွာကြား ရေချောင်းအနီးတွင် ယမန်နေ့ (မတ်လ ၁ )ရက် နေ့လည် ၁၁ နာရီခွဲဝန်းကျင်တွင် လူငယ်အမျိုးသား ၂ ဦး မိုင်းနင်းမိပြီး ၁ ဦး သေဆုံးသွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ် ၁)ရက်တွင် ကျောက်မဲမြို့ ရပ်ကွက်...
အင်းလေးဒေသရောက် စစ်ရှောင်များ ဆေးဝါးအကူအညီလိုအပ်နေ
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ နှင့် အနီးတစ်ဝိုက်ရောက်နေသည့် ကရင်နီပြည်မှ စစ်ရှောင်များ ဖျားနာနေပြီး ဆေးဝါးအကူအညီ လိုအပ်နေကြကြောင်း စစ်ရှောင်များကို ကူညီနေသူများထံမှ သိရသည်။ အင်းလေးဒေသအတွင်း ရောက်ရှိနေသော စစ်ရှောင် ၂၀၀ နီးပါးထဲမှ အသက် ၁၅ နှစ်အောက် ကလေးများနှင့် သက်ကြီးရွယ်အိုများသည် ဖျားနာနေကြပြီး ဆေးဝါးဆိုင်ရာကုသမှုများ...
ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအနီး စျေးသည်တစ်ဦး မိုင်းနင်းမိ
သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ် နောင်ဝိုး ကျေးရွာအနီးတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၈)ရက် မနက် ၁၀ ခွဲဝန်းကျင်က ဆိုင်ကယ်စျေးသည် အမျိုးသားတစ်ဦး မိုင်းနင်းမိကာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ ထိုစျေးသည် အမျိုးသားသည် ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာမှ ကုန်းသာရွာတို့ သွားသည့်လမ်းပေါ် နောင်ဝိုးကြိုးတံတားအနီးတွင် ဆိုင်ကယ်ဖြင့် မိုင်းနင်းမိပြီး...
သျှမ်းပြည်တောင်ပိုင်းမှာ စစ်ဘောင်ကျယ်လာတော့မှာလား
SHAN -
ပြာလဲ့လဲ့ ကောင်းကင်တွင် ရဟတ်ယာဉ်များ ဆူညံစွာ ပျံဝဲနေသည်။ ရုရှားနိုင်ငံထုတ် MI-35 အမျိုးအစား စစ်ရဟတ်ယာဉ်သည် အညှိုးတကြီးဖြင့် မြေပြင်ကို ပစ်ခတ်နေသည်။ မြေပြင်တွင် ပေါက်ကွဲသံများ၊ လက်နက်ကြီးသံများနှင့် သေနတ်သံများ အဆက်အပြတ် ဆူညံနေသည့်ကြားက ပျက်စီးနေသည့် နေအိမ်များ မီးခိုး တလူလူဖြင့် မီးလောင်ကျွမ်းနေသည့် လူနေ အဆောက်အအုံများကိုလည်း...
လွှတ်မြောက်နယ်မြေရောက် သတင်းထောက် (၂)ဦး နှင့် CDM ကျောင်းသူ ကို KGZ က ဖမ်းဆီး ရိုက်နှက်
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် လွှတ်မြောက်နယ်မြေ တစ်နေရာတွင် ရောက်ရှိနေသော သတင်းထောက် (၂)ဦး နှင့် CDM ကျောင်းသူတစ်ဦးတို့ကို KGZ (Karenni Generation - Z ) တပ်ဖွဲ့ဝင်များက ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၉...
ဆီဆိုင်မြို့နယ် စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ကျော် ထပ်မံရောက်ရှိလာ
SHAN -
ယခုရက်ပိုင်းအတွင်းတွင် ကရင်နီပြည်နှင့် ဖယ်ခုံမြို့၊ မိုးဗြဲမြို့တို့အတွင်း တိုက်ပွဲပိုမိုပြင်းထန်လာသဖြင့် ဆီဆိုင်မြို့နယ်အတွင်းသို့ စစ်ရှောင် ၂၀၀၀ ကျော် ထပ်မံ ရောက်ရှိလာကြောင်း သတင်းသိရသည်။ တိုက်ပွဲတိမ်းရှောင်လာသူများသည် လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာနှင့် အနီးပတ်ဝန်းကျင်မှ ပြည်သူ များ ဖြစ်ကြပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ယနေ့အထိ စစ်ရှောင်ဦးရေ ၂၀၀၀...
သျှမ်းပြည်အတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုးချဲ့ဖွင့် ပိုက်ဆံပိုကောက်လာ
SHAN -
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း မြို့နယ်များတွင် စစ်ကောင်စီသည် စစ်ဆေးရေးဂိတ်များကို တိုးချဲ့ဖွင့်လှစ်ပြီး ပိုက်ဆံကောက်ယူနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ဂိတ်များသည် အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပေါ်လာပြီး ကားသမား၊ ကုန်တင်ကားများ၊ ခရီးသည်တင်ကားများကို မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင် စသည့်တို့ကို စစ်ဆေးပြီး ငွေကောက်ခံယူ နေလျက်ရှိကြောင်း သိရသည်။ “ဒီဂိတ်တွေက အာဏာသိမ်းပြီး နောက်ပိုင်းမှာပဲ ထွက်ပေါ်လာတာ။...
ပြည်သူများအနေဖြင့် ပစ္စည်းများ အဆင်သင့်ထုတ်ပိုးထားရန် မိုးဗြဲနှင့်ဖယ်ခုံ PDF ထုတ်ပြန်သတိပေး
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံနှင့် မိုးဗြဲနယ် အတွင်း စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ သယ်ယူထုတ်ပိုးနိုင်သည့် ပစ္စည်းများ အဆင်သင့် ထုတ်ပိုးထားရန် မိုးဗြဲနှင့်ဖယ်ခုံ PDF ထုတ်ပြန်ခဲ့သည်။ ဖယ်ခုံမြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတို့၏ အကြမ်းဖက် ထိုးစစ်ဆင်မှုများ ရှိနေသည့်အပြင် စစ်ကောင်စီတပ်သားများ နေအိမ်ဖောက်ထွင်း ခိုးယူမှု မီးရှို့ဖျက်ဆီးမှု ရှိနေသည့်အတွက်...





