နမ့်မယ်ခုံ စစ်ရှောင်နေရာ မလုံခြုံဖြစ်နေ

သျှမ်း- ကယားနယ်စပ် နမ့်မယ်ခုံနယ်တစ်လျှောက် စစ်ကောင်စီ အုပ်စုက ရမ်းသမ်းပစ်ခတ်မှုကြောင့် စစ်ရှောင်နေရာများမလုံခြုံကြောင်း စုံစမ်းသိရသည်။

လက်ရှိ နမ့်မယ်ခုံနယ်ကြောတစ်လျှောက်ရှိ ခိုလှုံနေသော စစ်ရှောင်များသည် တိုက်ပွဲများကို ထပ်မံကြုံရသည့် အပြင် ယခုရောက်ရှိနေသည့် နေရာတွင်လည်း စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်နေသဖြင့် လုံခြုံမှုမရှိကြောင်း စစ်ရှောင်များကို ကူညီစောင့်ရှောက်ပေးနေသည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

“အခုသူတို့ရောက်တဲ့နေရာကလည်း စစ်ကောင်စီတွေက လာပြီးထိုးစစ် ပစ်ခတ်နေကြတော့ သူတို့လည်း မလုံခြုံ တော့ဘူးလေ၊ အဲ့ကြောင့် သေချင်းသေရလည်းကိုယ့်နယ်ကိုယ်ယာမှာပဲ အသေခံမယ်၊ ပြန်တော့မယ် ဆိုပြီးတော့ စစ်ရှောင်တွေက ကျနော်တို့ကိုပြောလာတယ်၊ ဒါပေမဲ့ သူတို့နေရာကလည်း လုံးဝလုံခြုံမှုမရှိလို့ မပြန်ခိုင်းဘူး” ဟု စစ်ရှောင်များကို ကူညီစောင့်ရှောက် ပေးနေသည့် PDF တပ်ဖွဲ့များထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့တို့သည် အကြမ်းဖက် နည်းလမ်းဖြင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထိုးစစ်ဆင်နေပြီး၊ ပြည့်သူ့နေအိမ်များနှင့် စစ်ရှောင်စခန်းများပါ လက်နက်ကြီးလက်နက်ငယ်တို့ဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ အသက်အိုးအိမ်ဆုံးရှုံး နေရကြောင်း သိရသည်။

“စစ်ကောင်စီတွေက PDF တွေရှိမယ့် နေရာလို့ထင်မိရင် လက်နက်ကြီးနဲ့ လမ်းကြောင်းရှင်းပြီးမှ စစ်ကြောင်း ချီတယ်၊ အဲ့လိုလမ်းကြောင်းရှင်းတဲ့ခါမှာ ဦးတည်ရာမရှိ ရမ်းပြီးပစ်ပြီးထိချင်တဲ့သူထိ ဆိုတဲ့အနေအထားပေါ့၊ အဲ့ကြောင့် ပြည်သူတွေကလည်း ထိခိုက်ရတယ်၊ ကျဆုံးရတယ်” ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတို့သည် သျှမ်း-ကယားနယ်စပ် ဖယ်ခုံ၊ မိုးဗြဲနှင့် ဒီးမောဆိုတို့ဘက်ကို အင်အားအလုံး အရင်းနှင့် ပြင်းထန်စွာ ထိုးစစ်ဆင်နေသော်လည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက် အင်အား လူအင်အားမမျှသဖြင့် ပျောက်ကြားနည်းဖြင့်သာ တန်ပြန်တိုက်ခိုက်နိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှ ယနေ့အထိ ကရင်နီပြည်နှင့် သျှမ်းကယားနယ်စပ်မှ စစ်ရှောင်များသည် သိန်းချီရှိနေပြီး စစ်ဘေးရှောင်များအတွက် အကူအညီနှင့် ထောက်ပံ့များ လိုအပ်နေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...