မဲနယ်တောင်ဒေသ တွင် ဆရာဝန် ဟုဆိုပြီး လိမ်လည်ဆေးကုသမှုရှိနေ
သျှမ်းပြည်နယ်တောင်ပိုင်း ၊ ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသဘက်တွင် ဆရာဝန်ဟု ဆိုပြီး ဒေသခံများကို လိမ်လည်ဆေးကုသနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်တွင် ဟိုပုံးမြို့နယ် စံဖူးကျေးရွာအုပ်စုနှင့် စငေါကျေးရွာ အုပ်စု၌ အသက် ၂၈ နှစ်ဝန်းကျင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က “ဆရာဝန်များ”ဖြစ်သည်ဟုဆိုပြီး ကျေးရွာအတွင်း...
ရခိုင်၊ သျှမ်း၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေး မှတ်ပုံတင်ကိုင်ဆောင်သူများ ခရီးသွားလာခွင့် ကန့်သတ်ခံရ
စစ်ကော်မရှင်သည် တော်လှန်ရေးအင်အားစုများ အားကောင်းရာဒေသနှင့် တိုက်ပွဲဖြစ်ပွားရာဒေသတွင်နေထိုင်သည့် ပြည်သူများ ကို မှတ်ပုံတင်နံပါတ်အလိုက် ခရီးသွားလာခွင့် တင်းကြပ်စွာ ကန့်သတ်လာနေကြောင်း ခရီးသည်များနှင့် ယာဉ်လိုင်းလက်မှတ်အရောင်းဌာနများထံမှ သိရသည်။ အထူးသဖြင့် ၁၃မျဉ်းစောင်း များဖြစ်ကြသော သျှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲ၊ လားရှိုး၊ နမ္မတူ၊ သီပေါ၊ ကုန်းကြမ်း မြို့နယ်များ၊ ၉မျဉ်းစောင်း ဖြစ်သည့်...
လားရှိုး ရွှေတူးသည့် MNDAA ကို ဆန္ဒပြသူ ၃၆ဦး ဖမ်းဆီးခံရ၊ ၉ဦးပြန်မလွတ်သေး
သျှမ်းပြည် လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုရှိ ဒေသခံလယ်မြေတွင် ရွှေတူးဖော်နေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ကို ဆန္ဒပြသူ (၃၆) ဦး သိန္နီမြို့ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခံရပြီး (၉) ဦးမှာ ပြန်မလွတ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီ လလယ်ခန့်မှ စတင်ပြီး လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ် မန်စယ်ကျေးရွာအုပ်စုရှိ လယ်မြေများကို ဒေသခံသဘောတူညီမှု...
ကွန်ဟိန်းမြို့နယ် ကာလိမြို့အနီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၀၀ ကျော်ဖမ်းမိဟု စစ်တပ်ပြော
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၂၃၃) ဦးကို ဆက်စပ်ပစ္စည်းများနှင့် ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ (၂၉) ရက်မှ (၃၁) ရက်အတွင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့ ကျိုင်းလွန်းကျေးရွာအုပ်စုရှိ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကို...
သီပေါဒေသခံတစ်ဦးကို အသက်သေဆုံးသည်အထိ MNDAA စစ်ဆေးရိုက်နှက်
သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စုတွင် ဒေသခံအမျိုးသားတစ်ဦးအား ကိုးကန့်တပ်ဖွဲ့ MNDAA တပ်သားများမှ သေဆုံးသည်အထိ စစ်ဆေးရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ (၂၉) ရက် ည(၈)နာရီခန့်တွင် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စု ပန်မြိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၆၃) နှစ်အရွယ် လုံးပန်သည် တောင်ယာတဲ အိပ်စောင့်ရန်...
သေနတ်ပြောင်းဝအောက်က မဲရုံအလွန် နှင့် သျှမ်းပြည်လူထုရှုံးဆုံးမှု
SHAN -
ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၆ မှာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တာ ၅ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ စစ်ကော်မရှင်က အာဏာသိမ်း အစ ၆ လ ကနေ ၁ နှစ်အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပပေး မယ်လို့ ကတိပေးခဲ့ပေမယ့် အချိန်ဆွဲလာခဲ့ရာ ၅ နှစ်အကြာမှသာ အပိုင်းလိုက်ခွဲပြီး ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပါတယ်။
မူဆယ်တွင် ယာဉ်ထိန်းရဲနှင့် ၎င်းလက်ဝေခံများ ပိုက်ဆံတောင်းကြမ်း
သျှမ်းပြည် မူဆယ်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့် ၎င်းလက်ဝေခံ အပေါင်းအပါများ ငွေတောင်းကြမ်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ ဒီဇင်ဘာလမှ စပြီး မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် စစ်ကော်မရှင်လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့် ၎င်းတို့ လက်ဝေခံ အပေါင်းအပါများ ငွေတောင်းကြမ်းနေကြောင်းကို မူဆယ်မြို့နေ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်...
လားရှိုးမြို့ထဲ စစ်ကော်မရှင်နှင့် MNDAA ထပ်မံဆွေးနွေး၊ ပြည်ထောင်စုလမ်းမကြီးပေါ် MNDAA တပ်ပြန်ထိုင်
သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၃၀ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက...
မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ဆရာတော်တစ်ပါး လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်အပေါ် အခြေခံ၍ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက တော်လှန်ရေးအင်အားစုများ၏ လက်ချက်ဖြစ်သည်ဟု သတင်းအမှားဖြန့်ဝေသည်ကို တွေ့ရှိရသည်။ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော Ko Chit (MDY) က ဇန်နဝါရီလ ၂၈ ရက်နေ့တွင် “လားရှိုးမှာ မဘသ ဆရာတော်တစ်ပါးအား အကြမ်းဖက်များက လုပ်ကြံသတ်ဖြတ်ကြောင်း”...






