တောင်ကျရေကြောင့် မိခင်နှင့် လသားအရွယ် ကလေးငယ် မျောပါသေဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့နယ် ထီတိန်ရွာတွင် တောင်ကျချောင်းရေကြောင့် မိခင်နှင့် လသားအရွယ် ကလေးငယ်မျောပါသေဆုံးသွားခဲ့ကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၄ ရက်) ညနေ ၄ နာရီ တွင် အသက် ၂၄ နှစ် မနန်းနော်ဆိုသည့် အမျိုးသမီးတစ်ဦးသည် သူ၏ ၆လ အရွယ် သမီးငယ်နှင့်အတူ...
သီပေါမြို့နယ်တောင်ကျရေများကြောင့် မြေနိမ့်ပိုင်း ရေလျှံ ၊ ရေမြုပ်ဖြစ်ပွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့အတွင်း ကောင်းလန်းရပ်ကွက်တွင် တောင်ကျရေများ ရုတ်တရက် ကျလာသဖြင့် မြေနိမ့်ရပ်ကွက် အချို့ ရေလျှံ ၊ ရေမြှုပ် ရှိနေသည်ဟု စုံစမ်းသိရသည်။ (စက်တင်ဘာလ ၁ရက်) နေ့လည် ၁၂ နာရီတွင် တောင်ကျရေ ရုတ်တစ်ရက်စတင်တက်လာပြီး ပြည်သူများကြိုတင်ပြင်ဆင်မှု မရှိသည့်အတွက် နေအိမ်ပစ္စည်းများ ရေထဲမျှောပါသွားကြောင်း နမ့်လန်ဒေသခံအမျိုးသားတစ်ဦးက...
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နှင့် နောင်တရားမြို့တွင် အာလူးဈေးမြင့်သော်လည်း မိုးများခြင်းကြောင့် ပျက်စီးရှုံးဆုံးမှုများနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နှင့် နောင်တရားမြို့တွင် အာလူးအထွက်များသည့် ဒေသများဖြစ်ပြီး ယခု (ဩဂုတ်လ) ဈေးနှုန်းသည် တစ်ပိဿာ ကျပ်ငွေ (၃၀၀၀)နှင့် ကျပ်ငွေ (၅၀၀၀)ကြားအထိ ဈေးမြင့်ပေးရောင်းရသော်လည်း မိုးများခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု များလာသည်ဟု ပင်လောင်းမြို့ အားလူးစိုက်ပျိုးသူ...
မိုးဗြဲ ရေကာတာကို စစ်ကောင်စီမှ ထပ်မံဖွင့်ချ
သျှမ်းပြည် မိုးဗြဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ ရေကာတာကို ထပ်မံဖွင့်ချမှုကြောင့် လယ်ဧက ရာနှင့်ချီ နစ်မြုပ်ပြီး ဒေသခံအချို့ ပြောင်းရွေ့နေရကြောင်း သိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၈ ရက်) ည ၁၁ နာရီဝန်းကျင် မိုးဗြဲမြို့တွင် အခြေစိုက်နေသည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ-(၄၂၂) သည် မိုးဗြဲ...
သျှမ်းပြည်တဝှမ်း မကြုံစဖူး သမိုင်းတွင် ရေကြီးမှု ဖြစ်
သျှမ်းပြည် တဝှမ်း နေရာအနှံ့ မကြုံစဖူးရေကြီးမှုဖြစ်ပေါ်ပြီး နေအိမ်ရေမြှုပ်မှု လယ်ယာစိုက်ခင်း ထောင်ချီ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။ အဆိုပါ ရေကြီးမှုသည် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ်၊ ခိုလမ်မြို့ ၊ ကွန်ဟိန်း ၊ မိုးနဲ ၊လင်းခေး၊ မိုင်းပန်မြို့နှင့် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တို့...
လင်းခေးမြို့နယ် ရေကြီး၊ နေအိမ် တစ်ထောင်ဝန်းကျင်နှင့် လယ်ယာ ဧက ၃၀၀၀ ခန့် နစ်မြှုပ်
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်တွင် မိုးရွာသွန်းပြီး နမ့်တိန်းချောင်းရေ မြင့်တက်မှုကြောင့် ပြည်သူနေအိမ် တစ်ထောင်ဝန်းကျင်နှင့် လယ်ယာစိုက်ခင်းများ ဧက ၃၀၀၀ ခန့် ရေနစ်မြှုပ်နေကြောင်းေသတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်မှ စတင်၍ နမ့်တိန်းချောင်း ရေမြင့်တက်လာပြီး ယနေ့ (သြဂုတ်လ ၂၇ ရက်) အထိ ရေများ...
နမ့်တိန်းချောင်း လင်ခေးမြို့ နေအိမ် ၂၀ ကျော် ရေလျှံ၊ ရေမြှုပ်
SHAN -
သျှမ်းပြည် လင်းခေးခရိုင်တွင် နမ့်တိန်းချောင်းရေကြီးမှုကြောင့် ဈေးတန်းရပ်ကွက်နှင့် ဝမ်းပျဉ်ရပ်ကွက်ရှိ နေအိမ် ၂၀ ကျော် ရေလျှံ ၊ ရေမြုပ် ရှိနေသည်ဟု စုံစမ်းသိရသည်။ (ဩဂုတ်လ ၂၄ ရက်)မှ ရေစတင်တက်လာပြီး ယနေ့ (ဩဂုတ်လ ၂၆ရက်)နေ့အထိ ရေပိုမိုမြင့်နေကြောင့် ဈေးတန်းရပ်ကွက်နေအိမ်များ ရေလျှံ ၊ ရေမြုပ်မှုတွေရှိသည်။ လက်ရှိတွင်...
ပုံးအင်းတွင် ရေကြီးမှုကြောင့် စပါးခင်းရေမြှုပ် ပျက်စီး
SHAN -
သျှမ်းပြည်တောင်ပိုင်း ၊ ပုံးအင်းဒေသဘက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်ရေလျှံကာ စပါးခင်းပျက်စီးသွားကြောင်း သတင်းရရှျိသည်။ ပြီးခဲ့သည့် ဇွန်လ တွင်လည်း မိုးရက်ဆက်ရွာသွန်းမှုသဖြင့် ရေကြီးခဲ့ပြီး နွေစပါးခင်းများ ရေနစ်မြှုပ်ကာ ယခု ဩဂုတ်လတွင် မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် မိုးစပါးများ ထပ်မံရေနစ်မြုပ်ခဲ့သည်။ ရေကြီးရေလျှံနေသည်မှာ ဆယ်ရက်ရှိပြီ ဖြစ်ပြီး ယနေ့အချိန်ထိ ရေမကျသေးသဖြင့် လမ်းသွားလမ်းလာ ခက်ခဲပြီး...
သျှမ်းပြည်အရှေ့ပိုင်း မြို့များတွင် စံချိန်တင် ရေကြီးရေလျှံမှုဖြစ်
သျှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ မကြာခဏ ကြုံတွေ့နေရသည့်အပြင် မြေပြိုခြင်း၊ လမ်းတံတား ပျက်စီးခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။ ယနေ့ (သြဂုတ်လ ၂၂) ရက် နံနက်ပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ခိုကဲ - ပါမန် - ဝမ်ကောင်း...
ပုံးအင်းဒေသ ရေကြီးမှုကြောင့် လမ်းပျက်စီး
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ပုံးအင်းဒေသတွင်း ရေများထပ်တက်လာပြီး လမ်းများပါ ပျက်စီးသွားသောကြောင့် ဒေသခံများ အခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၁ ရက်) တွင် ပုံးအင်းဒေသအတွင်း ရေများထပ်တက်လာပြီး ကားလမ်းများပါပြိုကျပျက်စီးနေကြောင်း ရေထပ်တက်လာမှုကြောင့် နောင်စန့်ကျေးရွာချောင်းကူးတံတားကြီး အောက်ဖက်မှလည်းသွား၍မရတော့သဖြင့် ကုန်းလမ်းအပြင် ရေလမ်းပါ ပိတ်ဆို့မှုများရှိလာကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် သို့...





