တာချီလိတ်မြို့တွင် ရွံ့နွံများကြောင့် ဆိုင်ကယ်တိမ်းမှောက်၊ အမျိုးသမီးတစ်ဉီးသေဆုံး

မြန်မာ-ထိုင်းနယ်စပ်‌ တာချီလိတ်မြို့တွင် ရေကြီးရေလျှံ ဖြစ်ပွားပြီးနောက် လမ်းပေါ် တင်ကျန်နေသေးသော ရွှံ့နွံများကြောင့် ဆိုင်ကယ်များ လမ်းချော်တိမ်းမှောက်ပြီး နောက်မှအရှိန်ဖြင့် မောင်းလာသည့် ကားမှ ထပ်ဆင့်ဝင်တိုက်ကာ အမျိုးသမီးတစ်ဉီး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ယနေ့ (အောက်တိုဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ လွယ်စတုံးသွားသည့် လမ်းပေါ်တွင် အမျိုးသမီးနှစ်ဦး ဆိုင်ကယ်ဘီးချော်၍ တိမ်းမှောက်မှုဖြစ်ကာ နောက်တွင် အရှိန်ဖြင့် လိုက်ပါမောင်းလာသည့် ကားကြိတ်မိ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း တာချီလိတ်ဒေသခံများက ပြောသည်။

“ဒီနေ့ဖြစ်သွားတာက အမျိုးသမီးနှစ်ယောက် ဆိုင်ကယ်မောင်းလာတာ၊ ဆိုင်ကယ်မှောက်ပြီးတော့ နောက်ကားက ခေါင်းကို တက်ကြိတ်သွားတာ။ တော်တော်လေးကို ကြောက်ဖို့ကောင်းတယ်။ အမျိုးသမီး တစ်ယောက် သေပြီး တစ်ယောက်တော့ လွတ်သွားတယ်”ဟု တာချီလိတ်မြို့ ဒေသခံ အသက် (၃၀)နှစ် ဝန်းကျင် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆိုင်ကယ်တိမ်းမှောက်

အလားတူ ပြီးခဲ့သည့် ‌အောက်တိုဘာလ (၁၁) ရက်တွင်လည်း တာချီလိတ်မြို့နေ ကျောင်းဆရာ ဦးတင်နိုင်ထွဋ် သည် လမ်းပေါ်ရှိ ရွှံ့နွံများကြောင့် ဆိုင်ကယ်တိမ်းမှောက်ကား ကားတိုက်မှုကြောင့် သေဆုံးသွားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

တာချီလိတ်မြို့ တွင် ရေကြီးရေလျှံ ဖြစ်ပွားပြီးနောက် လမ်းမကြီးပေါ်တွင် တင်ကျန်နေသော ရွှံ့နွံနှင့် နုန်းမြေများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယနေ့အချိန်ထိ သေချာစွာ တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိကြောင်း တာချီလိတ်မြို့ ဒေသခံ အသက် (၃၀)နှစ် ဝန်းကျင် ၎င်းဒေသခံအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီတွေ ရှင်းပေးတာလဲ မတွေ့ဘူး။ စည်ပင်တွေလည်း ဟန်ပြလောက်ပဲ လုပ်ပြတာလေ၊ သေချာလုပ်တာမှ မဟုတ်တာ။ လမ်းပေါ်မှာက နဂါးနှစ်ကောင်ကနေ ဆန်ဆိုင်းအထိ ရေတွေ ရှိနေတုန်း။ မြောင်းတွေလည်း ပြည့်လို့ ရွှံ့နွံတွေက။ ဆိုင်ကယ်စီးတဲ့ လူတွေလည်း နေ့တိုင်းမှောက်တယ်”ဟု တာချီလိတ်မြို့မှ ဒေသခံအမျိုးသမီးက ဆက်ပြောသည်။

မြို့တွင်း သန့်ရှင်းရေးလုပ်၍ စွန့်ပစ်မည့် ရွှံ့နွံများကို မြို့ပြင်နေရာ အသီးသီးသို့ ကားဖြင့် သယ်ဆောင်ပြီး စွန့်ပစ်လျက်ရှိရာ လမ်းတလျှောက်တွင် စည်းကမ်းမဲ့စွာ သယ်ဆောင်လာသည့် ယာဉ်များကြောင့် ကားလမ်းပေါ် ရွှံ့နွံအများအပြား ဖိတ်စင်ခဲ့ကာ လမ်းချော်မှုများ မကြာခဏဖြစ်ပွားပြီး ဆိုင်ကယ်တိမ်းမှောက်၍ နေ့စဉ် အသေးအမွှား ဒဏ်ရာများအပြင် ခြေလက်ကျိုးသည်အထိ ဖြစ်ပွားခဲ့ပြီး လူသေဆုံးသည့် အဆင့်အထိ ရှိလာကြောင်း သိရသည်။

သျှမ်းပြည်တစ်ဝိုက်တွင် သစ်ထုတ်လုပ်မှု၊ ရွှေတူးဖော်ရေးလုပ်ငန်း၊ ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်တူးဖော်ချိန်တွင် သစ်ပင်များကိုသာ အဓိကထားပြီး ခုတ်ပစ်ခြင်းကြောင့် ယခုကဲ့သို့ ရေကြီးရေလျှံမှုများ မထိန်းနိုင်သည့်အတွက် ရေစီးဆင်းမှုနှုန်းကို ပိုမိုလျင်မြန်စေကြောင်း သိရသည်။

ယခုနောက်ပိုင်း သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း သယံဇာတ ဓာတ်သတ္တု တူးဖော်မှုများကို တွင်တွင်ကျယ်ကျယ် ပြုလုပ်နေကြသဖြင့် သဘာဝပတ်ဝန်းကျင် ယခင်ကထက် ပိုမိုပျက်စီးကာ မိုးရာသီတွင် ရေကြီးရေလျှံမှု ဖြစ်ပြီး၊ နွေရာသီတွင် ရေခမ်းခြောက်မှုကို ပြည်သူများ ကြုံတွေ့လာရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...