အင်းလေးတွင် သောက်ရေသုံးရေ မသန့်ရှင်း၊ ကလေးငယ်များ အရေပြားယားယံဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက်တွင် ရေဘေးရှောင်ပြည်သူများ သောက်ရေသုံးရေ မသန့်ရှင်းမှုကြောင့် ကလေး၊လူငယ်များ အရေပြားယားယံခြင်းတွေ ဖြစ်ပွားနေသည်ဟု စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်မှစပြီး အင်းလေးဒေသဘက်တွင် စံချိန်တင် ရေမြင့်တက်လာပြီး ကျေးရွာအများပြား ရေနစ်မြုပ်ကာ ဒေသခံပြည်သူအများပြား ရေဘေးသင့်နေကြသည်။

ထိုသို့ ရေကြီးရေလျှံမှုကြောင့် သောက်သုံးရေများပြတ်လတ်ကာ မိုးရေခံထားသည့်ရေ၊အင်းကန်ကရေများကို သောက်သုံးရေအတွက် ရေကျိုချက်သောက်ပြီးသုံးနေသော်လည်း ကလေး၊လူငယ် အရေပြားယားယံတာတွေ ပိုများလာသည်ဟု ရေဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အင်းလေး ကလေးငယ်ယားယံဖြစ်

“မိုးကြီးပြီးတဲ့နောက်တော့ သောက်သုံးဖို့ရေက မရှိဘူး။ အင်းကန်ထဲကရေပဲ သုံးနေရတာ။ ကျိုချက်ပြီးတော့သောက်တယ် အဆင်မပြေဘူး။ ရွှေဂူကျောင်းမှာပဲ ကလေး၊လူငယ် အယောက် ၂၀ ယောက်ကို အဖုတွေထပြီး ယားယံကြတယ်။ ရွာကဆရာမနားလိမ်းဆေးနဲ့လိမ်းတယ်” ဟု ၎င်းကပြောသည်။

အင်းလေးဒေသရှိ ကျေးရွာတစ်ချို့တွင် ကြက်ခြေနီအဖွဲ့က လာရောက်ဖော်ပြောပေးခြင်းရှိပြီး လိမ်းဆေး၊ သောက်ဆေးအနည်းငယ် ပေးသွားတာမျိုးလည်းရှိကြောင်း ကျေးရွာဒေသဘက်တွင် ကျန်းမာရေးဝန်ထမ်း လာရောက်ဟောပြောရန်လိုအပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ အင်းလေးဒေသသည် ရေအနည်းသာပြန်ကျနေသဖြင့် ရေဘေးရှောင် အချို့ စားဝတ်နေရေးအတွက် အလုပ်ရှာရန် ခက်ခဲနေသည်ဟု သိရသည်။

“ရွာမှာက ကြက်ခြေနီအဖွဲ့တွေလာတာတော့ရှိတယ်။ လိမ်းဆေးသောက်ဆေးတွေလည်း ပေးသွားတယ်။ ကလေးတွေအဖြစ်များတော့ ယားယံတာ မပျောက်ဘူး။ ကူးကြတာ။ အမှန်ဆို ကျန်းမာရေး ဆရာမတွေကိုယ်တိုင်လာရင် ပိုထိရောက်တယ်”ဟု၎င်းက ပြောသည်။

ကလေးငယ် ယားယံဖြစ်ပုံ

အရေပြားရောဂါဖြစ်ပွားနေကြသည်မှာ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်များက အများဆုံးဖြစ်ပြီး တကိုယ်ရည် သန့်ရှင်းမှု နည်းပါးသည့်အပြင် မသန့်ရှင်းသော ရေကိုအသုံးပြုနေရတာကြောင့် ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အင်းလေးဒေသတွင် ရေအနည်းငယ်သာလောက်သာ ပြန်ကျနေပြီး စပါးနှင့် ခရမ်းချဉ်သီးစိုက်ခင်း အများအပြား ရေနစ်မြှုပ်ကုန်သဖြင့် စားဝတ်နေရေးအတွက် ပိုမိုစိုးရိမ်လာကာ အလုပ်အကိုင်အတွက်လည်း စိုးရိမ်ပူပန်နေသည်ဟု သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...