သျှမ်းတောင် ရေကြီးမှုနောက်ဆက်တွဲ ကုန်စိမ်းသီးနှံဈေးနှုန်းများ နှစ်ဆကျော် မြင့်တက်

ရေကြီးမှုဒဏ် ဆိုးရွားစွာ ခံစားခဲ့ရသော သျှမ်းပြည်တောင်ပိုင်းတွင် နောက်ဆက်တွဲအဖြစ် ကုန်စိမ်းဈေးနှုန်း ထပ်မံမြင့်တက်လျက်ရှိကြောင်း စုံစမ်းသိရှိသည်။

စက်တင်ဘာလ ပထမအပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် သျှမ်းပြည်တောင်ပိုင်းတွင် နေရာအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လယ်ယာစိုက်ခင်းများ၊ သီးနှံစိုက်ခင်းများစွာ ပျက်စီးခဲ့ပြီးနောက် လက်ရှိတွင် ကုန်စိမ်းပစ္စည်း ဈေးနှုန်းများ အဆမတန် မြင့်တက်လာကြောင်း အောင်ပန်းမြို့ ကုန်စိမ်းပွဲရုံ လုပ်ကိုင်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ခရမ်းချဉ်သီးက ဈေးမရလို့ လမ်းဘေးမှာ ပစ်နေရတဲ့ အခြေအနေကနေ အခု အင်းလေးဘက်က ခရမ်းချဉ်သီးက လုံးဝပြတ်သွားတော့ ရွာငံဘက်ဝင်တဲ့ အသီးတွေပဲ ရှိတော့တယ်။ ဈေးတွေက အရင်က မကြားဖူးတဲ့ ဈေးတွေဖြစ်သွားပြီ”ဟု ၎င်းကုန်စိမ်းပွဲရုံမှ အမျိုးသားက ပြောသည်။

ခရမ်းချဉ်သီး ဈေးနှုန်းများမှာ တစ်ပိဿာလျှင် ယခင် (၄၀၀၀) ကျပ်တန်များက (၈၀၀၀) ကျပ် အထိ မြင့်တက်သွားခဲ့ပြီး အာလူး၊ ဂေါ်ဖီထုပ်၊ မုန်လာပန်းပွင့်၊ ဘိုစားပဲနှင့် မုန်ညှင်းကဲ့သို့ စားသုံးကုန် သီးနှံများပါ ဈေးနှစ်ဆကျော် မြင့်တက်သွားခြင်းဖြစ်သည်။

တောင်ကြီး စျေးသည်ပုံ

ယခင်က မုန်ညှင်းတစ်ပိဿာလျှင် (၁၅၀၀)ကျပ်ခန့် ရှိခဲ့ရာမှ ယခု (၇၀၀၀)ကျပ် အထိ ဈေးမြင့်တက်သွားကြောင်း အောင်ပန်းကုန်စိမ်းပွဲရုံ အသိုင်းအဝိုင်းထံမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံးသို့ တင်ပို့နေသော ခရမ်းချဉ်သီး အများစုမှာ အင်းလေးဒေသမှ ဖြစ်ပြီး လက်ရှိတွင် ရေကြီးမှု ဒဏ်ကြောင့် ခရမ်းချဉ်သီး စိုက်ခင်း အားလုံးနီးပါး ပျက်စီးဆုံးရှုံးသွားခဲ့ကာ တောင်သူများမှာလည်း ပြန်လည် စိုက်ပျိုးရန် အခက်အခဲများစွာ ရှိနေကြောင်း ခရမ်းချဉ်သီး စိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောသည်။

“ပုံမှန်ရေတက်ရင်တော့ ကျွန်းမျောနဲ့ စိုက်တာဆိုတော့ ရေတက်လည်း လိုက်တက်သွားတယ်၊ ခုက လေပါတိုက်တော့ ကျွန်းမျောတွေ အကုန်မျှောပါသွားတာ ရတာလည်း ပြန်ရတယ်၊ တချို့ကတော့ အကုန်ပျက်သွားတယ်”ဟု ၎င်းတောင်သူ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။


အင်းလေးဒေသတွင် ခရမ်းချဉ်သီးပင်ကို တန်ခူးလ ရှေ့တစ်ကြိမ်၊ သီတင်းကျွတ်လ ရှေ့တစ်ကြိမ် တစ်နှစ်လျှင် နှစ်ကြိမ် စိုက်ပျိုးလေ့ရှိပြီး ယခုနှစ် သီတင်းကျွတ်ရှေ့တွင် စိုက်ပျိုးထားသည့် ခရမ်းချဉ်သီး စိုက်ခင်းများအားလုံး ပျက်စီးသွားကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

တောင်သူများမှာလည်း မြေဩဇာဈေးနှုန်းများ ထပ်မံမြင့်တက်လာမှုကြောင့်လည်း လက်ရှိတွင် ပြန်လည် စိုက်ပျိုးရန်အတွက် မလွယ်ကူသေးကြောင်း သိရသည်။

အင်းလေးကန်တွင် ရေအနည်းငယ် ပြန်လည်ကျဆင်းသွားပြီ ဖြစ်သော်လည်း ဒေသခံအများစုမှာ နေအိမ်ပျက်စီးမှုများကြောင့် တစ်လကျော်ကြာသည်အထိ ဘုန်းကြီးကျောင်းများတွင် ဆက်လက်နေထိုင်နေရကြောင်း ဒေသခံတစ်ဦးကပြောသည်။

ရေဘေးဒဏ်ကြောင့် သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေ၊ အင်းလေးဒေသ၊ ကလော၊ ပုန်းအင်းဒေသများသည် ထိခိုက်မှုအများ ဆုံးဖြစ်ခဲ့ပြီး အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်တောင်ပိုင်းသည် သျှမ်းပြည်မြောက်ပိုင်းကဲ့သို့ စစ်ရေးအခြေအနေ ပြင်းထန်မှုမရှိသော်လည်း ရေဘေးဒဏ် ပြင်းထန်စွာ ခံစားခဲ့ရပြီး‌ စိုက်ပျိုးရေးလုပ်ကိုင်သော တောင်သူများ၊ အခြေခံလူတန်းစားများအတွက် ကြီးမားသော သက်ရောက်မှုများလည်း ဆက်တိုက်ကြုံတွေ့လာရလျက် ရှိသည်။

အလုပ်သင်သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...