မိုင်းယောင်းနယ်မြေခံတပ် ဗိုလ်မှူး နှင့် တပ်ကြပ်ထံ မူးယစ်ဆေးမိ
သျှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းနယ်မြေခံတပ်မှ ဗိုလ်မှူး နှင့် တပ်ကြပ် တို့မောင်းလာသည့်ကားပေါ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။ ဇူလိုင် ၅ရက် ညနေပိုင်းတွင် မိုင်းယောင်းနယ်မြေခံ ဗိုလ်မှူး ထွန်းလင်းအောင် မောင်းနှင်းလာပြီး တပ်ကြပ် နိုင်စိုးလိုက်ပါလာသည့် ကားကို တာချီလိတ်မြို့ မဲခေါင်ရပ်ကွက် တွင် စစ်ဆေးရာ ကားနောက်ခန်းတွင်း...
ခေါင်းနဲ့ပန်းလိုဖြစ်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေး နဲ့ မူးယစ်ဆေး
SHAN -
ပြည်ထောင်စုမြန်မာနိုင်ငံမှာ သျှမ်းပြည်ဟာ မူးယစ်ဆေး၀ါးမျိုးစုံထွက်ရှိမှု၊ အများဆုံးရောင်းဝယ်ဖေါက်ကား မှု ၊ လူတန်းစားအလွှာအသီးသီးက မူးယစ်ဆေးဝါးသုံးစွဲမှု အများဆုံး နဲ့ လက်နက်ကိုင်တပ် အများဆုံး၊ နိုင်ငံရေး စစ်ရေးအရှုပ်ထွေးဆုံး ပြည်နယ်ကြီးတခု ဖြစ်ပါတယ်။ သျှမ်းပြည်မှာ “ဝ”UWSA တပ်၊ သျှမ်းတပ် ၂ တပ်၊ ကချင် KIA တပ်...
မူးယစ်ဆေးတိုက်ဖျက်ရေးဟာ နံပတ် ၂ ဖြစ်နေသေးသရွေ့တော့ ……
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသော်လည်း သျှမ်းပြည်တဝှမ်း နှင့် မြန်မာနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ၊ ဘိန်းစိုက်ပျိုးမှုများ တနှစ်ထက်တနှစ်ပို မိုများပြားလာကြောင်း ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အစည်းမှ အစီရင်ခံစာများထုတ်ပြန်ခဲ့သည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မအောင်မြင်ရသည့် အကြောင်းနှင့်ပတ်သက်ပြီး မူးယစ်ဆေးနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်လာသည့် သျှမ်းပြည် မူးယစ်ဆေးဝါး...
တောင်ကြီးအဝေရာကွင်း တွင် မူးယစ်ဆေးမီးရှို့ခြင်းကို ဒေသခံများ မနှစ်မြို့
SHAN -
၃၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် အမေရိကန်ဒေါ်လာ ၂၃၂ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို တောင်ကြီးမြို့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့အဝေရာကွင်းတွင် မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ရာ အနီးတဝိုက်နေထိုင်သူများက အနံ့အသက်ဆိုးများကြောင့် မနှစ်မြို့ကြကြောင်း ပြောဆိုနေကြသည်။
“ ဒီနေ့...
သျှမ်းပြည် အတွင်း စိတ်ကြွဆေး ကျပ်သိန်း ဘီလီယံများစွာ သိမ်းဆည်းရမိ
သျှမ်းပြည်အတွင်း ယခုရက်ပိုင်း စိတ်ကြွဆေး တန်ဖိုးငွေ ကျပ်သိန်း ဘီလီယံ ကျော်သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။ မေ ၃၀ ရက် မနက် ၁၀ နာရီ တွင် သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းဆတ်-မိုင်းတွမ်းအသွား ကားလမ်းရှိ ဂျူးလု ကျေးရွာ အနီး အမျိုးသားတဦး မောင်းလာသည့်မူးယစ်ဆေးဝါး...
လွိုင်လင်မြို့နယ် အတွင်း ကျပ်သိန်း ၄၀ ဘီလီယံ ကျော် ICE ဖမ်းဆီးရမိ
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် အတွင်း ကျပ်သိန်း ၄၀ဘီလီယံကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ အဆိုပါ ICE မူးယစ်ဆေးများကို မေ ၂၄ရက် မနက် ၂နာရီ တွင် လွိုင်လင်မြို့နယ် ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်-တောင်ကြီး ကားလမ်း၌ ယာဉ်မောင်း ခွန်စံဦး မောင်းနှင်းလာပြီး...
မူဆယ်မြို့ တွင် မူးယစ်ဆေးနှင့် လက်နက်များ ဆက်တိုက် သိမ်းဆည်းရမိ
သျှမ်းပြည် မြောက်ပိုင်းမူဆယ်မြို့တွင် ကျပ်သိန်းပေါင်းထောင်ချီတန်ဖိုးရှိ မူးယစ်ဆေး၀ါးများ သိမ်းဆည်းရမိကြောင်းသိရသည်။ မေ ၁၇ ရက် ယမန်နေ့ မနက်ပိုင်းက မူစယ်မြို့ ရထိုက်လမ်းဆုံ နေရာတွင် စိုးလှိုင် ဆိုသူမောင်းနှင်ပြီး မင်းထက်ကျော်လင်း လိုက်ပါစီးလာသည့် ဆိုင်ကယ်ကို အာဏာပိုင်များ တားဆီးစစ်ဆေးရာ သယ်ဆောင်လာသည့် အဝါရောင် ပီနံအိတ် အတွင်း ၌...
တာချီလိတ်တွင် ပိုင်ရှင်မဲ့ လက်နက်နှင့် မူးယစ်ဆေးများ သိမ်းဆည်းရမိ
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် အတွင်း ပိုင်ရှင်မဲ့ လက်နက်နှင့် မူးယစ်ဆေး ကျပ်သိန်း ၁၃၀၀ ကျော် သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ မေလ ၁၇ ရက် မနက် ၇ နာရီ ခွဲခန့်က တာချီလိတ်မြို့ မိုင်းဖုန်း(က) အုပ်စု၊ လွန်းကျိုင်း ကျေးရွာရှိ စိုင်းလှရွှေ နေအိမ်အား...
မူဆယ် တွင် တရားမဝင် တရုတ်နိုင်ငံသားများ နှင့်အတူ မူးယစ်ဆေး ၁၈၀၀၀ ကျော် သိမ်းဆည်းမိ
သျှမ်းပြည် မြောက်ပိုင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများထံ ငွေကျပ်သိန်း ၁၈၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါး နှင့် လက်နက်များ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ မူဆယ်မြို့ စွမ်စော်ရပ်ကွက် တွင် မေ ၁၅ ရက် မနက်၁နာရီ ဝန်းကျင်က လိတီချန်း ပိုင်ဆိုင်သည့် နေအိမ် အတွင်း...
ကွတ်ခိုင်တွင်ရက်ဆက် မူးယစ်ဆေး ဖမ်းမိ တရားခံ မမိ
ယခု ရက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း မူးယစ်ဆေးဝါး နှင့် လက်နက်၊ခဲယမ်းများ ဆက်တိုက်ဖမ်းဆီးရမိကာ တရားခံ တယောက်မျှ မမိကြောင်း သတင်းရရှိသည်။ သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ခမ်း ကျေးရွာ တွင် ဧပြီ ၉ ရက် မနက်ပိုင်းက ဦးခေါ်ကျားဝမ် နေအိမ်အတွင်းမူးယစ်ဆေးဝါး နှင့်...