Wednesday, January 28, 2026

တာချီလိတ်မြို့ နာမည်ကြီး Harry Potter အပါအဝင် KTV (၅) ခု ယာယီပိတ်သိမ်းရန် ညွှန်ကြား

သျှမ်းပြည် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ရှိ နာမည်ကြီး Harry Potter KTV အပါအဝင် အခြား နာမည်ကြီး KTV (၅) ခုကို ယာယီ ပိတ်သိမ်းရန် ညွှန်ကြားခြင်း ခံရကြောင်း စုံစမ်းသိရသည်။

Harry Potter KTV

ယမန်နေ့ (ဇူလိုင် ၆) ရက်တွင် တာချီလိတ်မြို့မှ စစ်ဆေးရေး တာဝန်ရှိသူများ နှင့် ရဲတပ်ဖွဲ့ဝင်တို့က တာချီလိတ်မြို့ရှိ KTV ရုံများကို ဝင်ရောက်စစ်ဆေးရာ သတ်မှတ်ထားသည့် စည်းကမ်းချက်များ ကိုက်ညီမှု မရှိသည့်အတွက် ယာယီပိတ်သိမ်းရန် ညွှန်ကြားခံလိုက်ရခြင်း ဖြစ်ကြောင်း ပိတ်ခံရသည့် KTV မှ ဝန်ထမ်း တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အသေးစိတ် ဖြစ်စဥ်တော့ မသိရပါဘူး။ တာဝန်ရှိသူတွေက မန်နေဂျာ နဲ့ စကားလာပြောတယ်၊ သူတို့ဆီကို တိုင်ချက်တွေ အရောက်များလို့ လာရောက်စစ်ဆေးရတာပါတဲ့၊ ပြီးတော့ ဆေးတွေပါ ရနေသလား ဆိုပြီး မေးတယ်၊ အခုတော့ ရုံကို ယာယီပိတ်ဖို့ ညွှန်ကြားပေမဲ့ ပြန်ဖွင့်နိုင်ဖို့ကတော့ လူကြီးတွေ အချင်းချင်း ညှိနေတုန်းပဲ” ဟု ပိတ်ခံရသည့် KTV မှ ဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယာယီပိတ်သိမ်းရန် ညွှန်ကြားခံရသည့် KTV များသည် တာချီလိတ်မြို့နယ်ရှိ ဝိန်းကျောက် ရပ်ကွက်မှ ရွှေဘူးသီး KTV၊ ကြီးမြတ်သောရွှေမြင်း PUB၊ ကိုးထပ် KTV၊ DAT Bar & KTV နှင့် Harry Potter KTV တို့ ဖြစ်ကြကြောင်း စုံစမ်းသိရသည်။

အဆိုပါ KTV များသည် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှု မရှိဟု တာဝန်ရှိသူများမှ ပြောဆို သော်လည်း မည်သည့် အကြောင်းကြောင့်ဖြစ်သည်ကို တိတိကျကျ ထုတ်ပြန်ပြောဆိုထားခြင်း မရှိပေ။

ထို့အပြင် လက်ရှိ ပိတ်သိမ်းခံရသည့် KTV များသည် တာချီလိတ်မြို့မှ နာမည်ကြီး KTV များဖြစ်နေပြီး တရုတ် နိုင်ငံထုတ် မူးယစ်ဆေးဝါး အသစ်တမျိုးကိုလည်း စမ်းသုံးနေကြသည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု သတင်းကြားမိတာက အဲ့ဒီ တရုတ်နိုင်ငံထုတ် မူးယစ်ဆေး အသစ်တစ်မျိုးကို စမ်းသုံးနေကြလို့ တချို့ KTV က ကောင်မလေးတချို့ မခံနိုင်လို့ အသက်ဆုံးရှုံးရတာလည်း ရှိနေတယ်။ သတင်းတွေကို အမှောင်ချထားလို့သာ လူတွေ သိပ်မသိကြဘူး၊ အဲ့ဒီ ဆေးက K တွေ၊ E တွေ သုံးရသလိုမျိုးပဲ၊ ဒါပေမဲ့ အားအရမ်းပြင်းတယ်တဲ့” ဟု တာချီလိတ်မြို့နေ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်မြို့ KTV များသို့ ဝင်ရောက်လာသည့် အများစုသည် မြန်မာလူမျိုး ကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင် များအပြင် ထိုင်း၊ တရုတ်၊ ဗီယက်နမ်တို့မှ ကုန်သည်များ၊ ခရီးသည်များကလည်း လာရောက်ပျော်ပါးလေ့ ရှိကြောင်း သိရသည်။

တာချီလိတ်မြို့သည် မြန်မာ – ထိုင်း နယ်စပ်မြို့ဖြစ်သည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းအများစုမှာ KTV၊ Bar၊ ကလပ်၊ တရားမဝင် ကာစီနို နှင့် အွန်လိုင်း လောင်းကစားလုပ်ငန်းများ ပေါများလာသည့်အပြင် ထိုင်း၊ တရုတ်၊ ဗီယက်နမ် နှင့် လာအို မှ စီးပွားရေးသမားများ၊ အလုပ်သမားများ တရားမဝင်လာရောက်နေထိုင်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...