ရွှေတြိဂံဒေသ မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၆ သန်း ထိုင်းတွင် ဖမ်းမိ

ရွှေတြိဂံ ဒေသမှ မဲခေါင်မြစ်ကို လှေဖြင့်ဖြတ်ပြီး ထိုင်းနိုင်ငံ ​အယုဒ္ဓယမြို့သို့ ပို့ဆောင်မည့် စိတ်ကြွဆေးပြား ၆ သန်းကို ထိုင်းအာဏာပိုင်များက သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

စိတ်ကြွဆေး

သြဂုတ် ၁၄ ရက်တွင် ထိုင်းနိုင်ငံ အယုဒ္ဓယမြို့သို့ ပို့ဆောင်မည့် စိတ်ကြွဆေးပြား ခိုးသယ်လာသည့် ၆ ဘီးကားကိုဖယာအိုခရိုင်တွင် ထိုင်းမူးယစ်ဆေးနှိမ်နင်းရေးအဖွဲ့က မသင်္ကာသဖြင့် စစ်ဆေးကာ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း Maesai Press တွင် ရေးသားထားသည်။

ဖမ်းဆီးခံရသည့် စိတ်ကြွဆေး

အဆိုပါ စိတ်ကြွဆေးပြား သယ်ဆောင်လာသည့် သူသည် အသက် ၄၂ နှစ်အရွယ်သာရှိပြီး စိတ်ကြွဆေးပြား ကို ဓာတ်မြေသြဇာအိတ်ဖြင့် ခိုးသည်လာကြောင်း သိရသည်။

ထို ဓာတ်မြေဩဇာ အိတ်တစ်အိတ်စီတွင် စိတ်ကြွဆေး မက်သဖက်တမင်း ၂ သိန်းပါ အိတ်ငယ် ၂ အိတ် ထည့်သွင်းထားပြီး တစ်ကားလုံးက အိတ်တွေကို စစ်ဆေးချက်အရ စုစုပေါင်း စိတ်ကြွဆေး ၆ သန်း အထိကို ဖမ်းဆီးရမိခဲ့ကြောင်းသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...