တာချီလိတ်မြို့တွင် ငွေကျပ်သန်း ၁,၃၀၀ ကျော် ရှိ Happy Water သိမ်းဆည်းရမိ

မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည် တာချီလိတ်မြို့တွင် ကျပ်သန်း ၁,၃၀၀ ကျော် တန်ဖိုးရှိ Happy Water မူးယစ်ဆေးဝါးများကို သိမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။

တာချီလိတ် Happy Water သယ်ဆောင်သူများ

သြဂုတ် ၄ရက် ညနေ ၄နာရီတွင် တာချီလိတ်မြို့ ဆန်ဆိုင်း (ခ)ရပ်ကွက် ဟံသာဝတီလမ်းဘက်မှ မြို့ရှောင်လမ်းဘက်သို့ မောင်းနှင်လာသည့် Toyota Crown ကားကို ရှာဖွေစစ်ဆေးရာ Happy Water မူးယစ်ဆေးဝါး ၁၂ ဒသမ ၆၃ ကီလို ကာလတန်ဖိုး ကျပ်သန်း ၁,၃၀၀ ကျော် (ကျပ် ၁ ဒသမ ၃၈ ဘီလီယံကျော်) ကို သိမ်းဆည်းရမိပြီး သယ်ဆောင်လာသူ အမျိုးသား ၂ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ဆေးချက်အရ ညနေ ၆နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် မိုတယ် တခုတွင် တည်းခိုနေသည့် ဝယ်လက်အမျိုးသမီးတစ်ဦးကို ဆက်လက်ဖမ်းဆီးရမိကြောင်း CCDAC Myanmar ထုတ်ပြန်ချက် အရသိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် Happy Water မူးယစ်ဆေးဝါးသည် လက်ရှိမှာ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့၊ လောက်ကိုင်မြို့ရှိ လူငယ်များသည် ဘား၊ ကလပ်များနှင့် KTV များတွင် လွယ်ကူစွာ ဝယ်ယူနိုင်သည့် မူးယစ်ဆေးဝါးဖြစ်သည်။

“ ကျနော် သိရသလောက်တော့ ဘားတိုင်း၊ KTV တိုင်းမှာ ဒီ Happy Water က ရှိတယ်။ အချို့ ဘီယာဆိုင်တွေမှာ တောင်ရှိတယ်။ ကျနော်ကိုယ်တွေ့ပါ။ ဘီယာဆိုင်မှာ ရှယ်ဆိုပြီး ရောင်းနေကြတာ။ ကျနော်တို့ ဒီနယ်စပ်မှာ အဲ့ဆေး မသုံးတဲ့သူ ရှားပါးသလောက်ပဲ။ လူငယ်တွေ တော်တော်များများသုံးတယ်။ ဒီဆေးကြောင့် အသက်သေတဲ့အထိရှိတယ်” တာချီလိတ်မြို့တွင်နေထိုင်သည့် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

KTV၊ CLUB၊ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအားအန္တရာယ်ဖြစ်စေသည့် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချနေမှုများကို ထိရောက်စွာတားဆီးနိုင်ရေးအတွက် စီမံချက်ချအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိနေသည် ဟု CCDAC Myanmar ဆိုထားသည်။

သို့သော် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ နယ်စပ်မျဥ်းတလျောက်တွင် မူးယစ်ဆေးဝါးသည် လျော့ကျသွားခြင်း မရှိဘဲ ပိုပြီးများလာကာ လူငယ်များကြား မူးယစ်ဆေးအသစ်များ ထွက်ရှိလာပြီး သုံးစွဲနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...