Thursday, January 29, 2026

CATEGORY

မူးယစ်ဆေးဝါး

တာချီလိတ်မြို့တွင်း အမျိုးသမီး နှင့် ကလေးငယ်ကို အမည်မသိ လူတစုက ပြန်ပေးဆွဲရန် ကြိုးစား

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင်း နေအိမ်ထဲနေထိုင်သည့် အမျိုးသမီးနှင့် ကလေးငယ်ကို အမည်မသိလူတစုက လက်နက်ကိုင်ဆောင်လာပြီး ပြန်ပေးဆွဲရန် ကြိုးစားခဲ့ကြောင်း စုံစမ်းသိရသည်။ . ဖြစ်စဉ်မှာ ယမန်နေ့ (သြဂုတ် ၂၈) ရက် ည ၇ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးထဲကို ကားတစီး နှင့်...

ရွှေတြိဂံဒေသ မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၆ သန်း ထိုင်းတွင် ဖမ်းမိ

ရွှေတြိဂံ ဒေသမှ မဲခေါင်မြစ်ကို လှေဖြင့်ဖြတ်ပြီး ထိုင်းနိုင်ငံ ​အယုဒ္ဓယမြို့သို့ ပို့ဆောင်မည့် စိတ်ကြွဆေးပြား ၆ သန်းကို ထိုင်းအာဏာပိုင်များက သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၁၄ ရက်တွင် ထိုင်းနိုင်ငံ အယုဒ္ဓယမြို့သို့ ပို့ဆောင်မည့် စိတ်ကြွဆေးပြား ခိုးသယ်လာသည့် ၆ ဘီးကားကိုဖယာအိုခရိုင်တွင် ထိုင်းမူးယစ်ဆေးနှိမ်နင်းရေးအဖွဲ့က မသင်္ကာသဖြင့်...

တာချီလိတ်မြို့တွင် ငွေကျပ်သန်း ၁,၃၀၀ ကျော် ရှိ Happy Water သိမ်းဆည်းရမိ

မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည် တာချီလိတ်မြို့တွင် ကျပ်သန်း ၁,၃၀၀ ကျော် တန်ဖိုးရှိ Happy Water မူးယစ်ဆေးဝါးများကို သိမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။ သြဂုတ် ၄ရက် ညနေ ၄နာရီတွင် တာချီလိတ်မြို့ ဆန်ဆိုင်း (ခ)ရပ်ကွက် ဟံသာဝတီလမ်းဘက်မှ မြို့ရှောင်လမ်းဘက်သို့ မောင်းနှင်လာသည့် Toyota Crown ကားကို...

တောင်လေးလုံး အနီး ကားတစ်စီး သေနတ်ပစ်ခံရ တစ်ဦးသေဆုံးသွား

သျှမ်းပြည် တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ တောင်လေးလုံးအနီး ရေပယ်ကျေးရွာ နှင့် မြဘုရင် သကြားစက်ရုံအကြားတွင် ကားတစ်စီးကို စစ်ကောင်စီက လိုက်လံ ပစ်ခတ်ပြီး တစ်ဦးသေဆုံးကာ ၊ နှစ်ဦးက ထိခိုက်ဒဏ်ရာဖြင့် လွတ်မြောက်သွားကြောင်း သိရသည်။ ယမန်နေ့ (ဇူလိုင် ၂၃) ရက် မွန်းလွဲပိုင်းတွင် ရေပယ်ကျေးရွာ မှ...

မူးယစ်ဆေးဝါး သုံးစွဲသူ ၃ ဦးကို PNO မှဖမ်းဆီးရိုက်နှိက် ငွေတောင်းပြီး ပြန်လွတ်ပေး

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းစံကား အနောက်ခြမ်းရှိ ကျေးရွာမှ မူးယစ်ဆေးဝါး သုံးစွဲသူ လူ ၃ ဦးကို ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ဖမ်းဆီးရိုက်နှိက် ငွေတောင်းယူခဲ့ပြီး တစ်ရက်အတွင်း ပြန်လွတ်ပေးခဲ့ကြောင်း သတင်း သိရသည်။ လက်ရှိ ဇူလိုင် ပထမပတ်အတွင်း ညောင်ရွှေမြို့နယ် အင်းစံကား အနောက်ခြမ်းရှိ...

နောင်ချိုမြို့တွင် ကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ မူးယစ်ဆေး သိမ်းဆည်းရမိ

သျှမ်းပြည် နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီခွဲတွင် နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီး ကွတ်ခိုင်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ သွားမည့် မော်တော်ကားတစ်စီးကို စစ်ဆေးရှာဖွေရာ ကာလပေါက်စျေး ကျပ်သိန်း ၁၂၀၀...

သျှမ်းပြည်တွင်း အိမ်ခြေမဲ့သူ တစ်လကို ၃ ဦးနှုန်း သေဆုံး

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင် မူးယစ်ဆေးဝါးသုံးစွဲပြီး အိမ်ခြေမဲ့အဖြစ် နေထိုင်သူများပြားလာရာမှ တစ်လကို အနည်းဆုံး ၃ ဦးနှုန်း သေဆုံးနေပြီး အိမ်ခြေမဲ့ နေထိုင်သူကို ပြန်လည်နေရာ ချထားရေး ပြုလုပ်ရန် လိုအပ်နေကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက် နှင့် ဇူလိုင်...

တာချီလိတ်မြို့နယ် မဲခေါင်မြစ်အတွင်း ငွေကျပ်သိန်း (၄,၂၀၀) ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ဖမ်းဆီးရမိ

မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့နယ် ဆယ်ဖူးကျေးရွာ နှင့် နမ့်ဖုန်းကျေးရွာကြား မဲခေါင်မြစ်ကမ်းဘေးတွင် ငွေကျပ်သိန်း (၄,၂၀၀) ကျော် တန်ဖိုးရှိ တရားမဝင် ထိန်းချုပ်ဓာတုပစ္စည်း ကို သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။ ဇူလိုင် ၁၄ ရက် နံနက် ၁၁ နာရီတွင် မြန်မာ...

လွိုင်လင်မြို့ ကျပ်သိန်း ၅ ထောင်ကျော် တန်းဖိုးရှိ တရားမဝင် ထိန်းချုပ်ဓာတုပစ္စည်း ဖမ်းဆီးရမိ

သျှမ်းပြည် လွိုင်လင်မြို့တွင် ကျပ်သိန်း ၅ ထောင်ကျော်တန်ဖိုးရှိ တရားမဝင် ထိန်းချုပ် ဓာတုပစ္စည်း နှင့် အခြားဓာတုပစ္စည်းများ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဓာတုပစ္စည်းများကို ဇွန် ၂၉ ရက် နံနက် ၇ နာရီတွင် သျှမ်းပြည် တောင်ကြီးမြို့ဘက်မှ လွိုင်လင်မြို့ဘက်သို့ အလာ လွိုင်လင်မြို့...

တာချီလိတ်မြို့ နာမည်ကြီး Harry Potter အပါအဝင် KTV (၅) ခု ယာယီပိတ်သိမ်းရန် ညွှန်ကြား

သျှမ်းပြည် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ရှိ နာမည်ကြီး Harry Potter KTV အပါအဝင် အခြား နာမည်ကြီး KTV (၅) ခုကို ယာယီ ပိတ်သိမ်းရန် ညွှန်ကြားခြင်း ခံရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၆) ရက်တွင် တာချီလိတ်မြို့မှ စစ်ဆေးရေး တာဝန်ရှိသူများ...

Latest news