လားရှိုးတွင် မူးယစ်ဆေးကြောင့် ပိုင်ရှင်မဲ့ အလောင်းများ များပြားလာ

သျှမ်းပြည်၊ မြောက်ပိုင်း လားရှိုးမြို့တွင် နှစ်ရက်ဆက်တိုက် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းများ တွေ့ရကြောင်း စုံစမ်းသိရှိရသည်။

လားရှိးမြို့ ယမန်နေ့ (ဇွန်လ ၉) ရက်တွင်   ရပ်ကွက်(၇) ၊ ရွှေဉောင်ပင်လမ်း walf Nest Bar အရှေ့တွင် သေဆုံးနေသော အမျိုးသားအလောင်းတစ်ဦးတွေ့ကြောင်း လားရှိုးလူငယ်များကူညီရေးအဖွဲ့ က သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

“ ကျနော်တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ကအကြောင်းကြားလာလို့ပါ။ ဒါကတော့ မထူးဆန်းတော့ဘူး။ မူးယစ်ဆေးတွေ အရမ်းသုံးကြတာဆိုတော့”ဟု လားရှိုးလူငယ်များကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးမှ ဆိုသည် ။

လားရှိုးမြို့

အလားတူ   ဇွန်လ( ၈) ရက်နေ့တွင်လည်း လားရှိုးမြို့၊ ရပ်ကွက်(၅) အထက်မန်အိုင် တရုတ်စာသင်ကျောင်းအနီးတွင်လည်း ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦး သေဆုံးနေကြောင်းသိရသည်။

“မူးယစ်ဆေးရဲ့ သားကောင်တွေဖြစ်သွားရတဲ့ လူငယ်တွေက နိုင်ငံရေး ၊ စီးပွားရေး အခြေနေတွေ ပြီးတော့ အလုပ်အကိုင် အခွင့်အလန်းရှားပါးတာတွေ လုပ်အားခ နဲ့ မိသားစု အသုံးစရိတ်မမျှတတာတွေ ကြောင့် လူငယ်တွေ ဒီလိုလမ်းမှားရောက် အောင်ပို့ပေးဖို့ တွန်းအားပေးတယ်လို့ထင်တယ်” ဟု လားရှိုးဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုပိုင်ရှင်မဲ့အလောင်းကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စစ်ဆေးမှုပြုလုပ်ပြီး လားရှိုးပြည်သူ့ဆေးရုံမှ တဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ 

သျှမ်းပြည် မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး”တွင် လားရှိုးမြို့သည် စစ်ရေးပဋိပက္ခ တွင် မပါဝင်ခဲ့သည့် မြို့ဖြစ်ကြောင်း၊ ထိုဒေသတွင် လက်နက်ကိုင်ပေါင်းစုံ သွားလာလှုပ်ရှားသည့် ဒေသဖြစ်သည်။ 

ပိုင်ရှင်မဲ့ အလောင်းတွေ့ရှိသည့် အခင်းဖြစ်နေရာများသို့ ရောက်ရှိချိန် တာဝန်ရှိသူများသည် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ကာ လားရှိုးပြည်သူဆေးရုံကြီးမှတစ်ဆင့် ရင်ခွဲရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ဇွန်လ (၆)ရက်နေ့တွင်လည်း လားရှိုးမြို့ ရပ်ကွက် (၅)ရှိ ၊ ရေကန်တောင် အမှတ်(၂)တွင် အမျိုးသမီး ရေနှစ်သေဆုံးကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...