လားရှိုးရဲတပ်ဖွဲ့က မူးယစ်ဆေးစွဲ လက္ခဏာရှိသူ ၁၀၅ ယောက်ကို ဖမ်းဆီးပြီး မိုင်းရယ်သို့ ထပ်မံပို့ဆောင်

သျှမ်းပြည် လားရှိုးမြို့နယ်မှ မူးယစ်ဆေးစွဲ လက္ခဏာရှိသူများကို လားရှိုးရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မိုင်းရယ်မြို့သို့ ကားတင်ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန်လ ၁၉ ရက်) တွင် လားရှိုးမြို့အနီးတဝိုက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် မူးယစ်ဆေးစွဲ လက္ခဏာရှိသူ အမျိုးသား စုစုပေါင်း ၁၀၅ ယောက်ကို ၁၂ ဘီးကားနှင့် ၆ ဘီးကား နှစ်စီးဖြင့် တင်ဆောင်ပြီး မိုင်းရယ်မြို့နယ်အတွင်းရှိ မန်ပုံကျေးရွာ တောင်ဘက်အနီးသို့ ထပ်မံလာရောက် ချသွားခဲ့ကြောင်း မိုင်းရယ်ဒေသခံများက ပြောသည်။

“ကားသမားကလည်း သူ့ကားပျက်လို့ ဝမ်ပုံဘက်ကို လာချသွားတယ်လို့ ပြောတာ။ တကယ် ဘယ်မှာသွားချရမလဲ ဆိုတာလည်း တိတိပပ မသိရဘူး။ လားရှိုးမှာ ဆေးစွဲနေတဲ့ လူတွေကို ဖမ်းပြီးတော့ ကားတင်ခေါ်လာတာ။ အဲ့လိုစုဖမ်းလာပြီး ဝမ်ပုံမှာ လာချသွားတာ ဒီတစ်ခေါက်နဲ့ ၃ ခါရှိပြီ”ဟု မိုင်းရယ်မြို့နယ်မှ မန်ပုံကျေးရွာဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးရဲတပ်ဖွဲ့က ကားတင်ပို့ဆောင်ခဲ့သည့် မူးယစ်ဆေးစွဲ လက္ခဏာရှိသူ ၁၀၅ ယောက်ကို မိုင်းရယ်မြို့နှင့် ၉ မိုင်ခန့် ကွာဝေးသည့် မန်ပုံရွာအနီးသို့ လာရောက်ချထားစဉ် ရွာသားများမှ ၎င်းတို့အားလုံးကို ပြန်လည်စုစည်း၍ ကားတင်ကာ လားရှိုးဘက်သို့ ပြန်လည်ပို့ဆောင်ပေးလိုက်ကြောင်း မိုင်းရယ်ဒေသခံများထံမှ သိရသည်။

“သူတို့လာချသွားသမျှ လူတွေကို ပြန်စုပြီး ရွာသားတွေက ကားနဲ့ပြန်ပို့ပေးခဲ့တာ။ တခြားသူတွေလည်း အန္တရာယ်မဖြစ်အောင် ဆိုပြီးမှ ဝမ်ပုံရွာက လူငယ်တွေနဲ့ ရွာလူကြီးတွေ ပေါင်းပြီး အဲ့လူတွေကို ဖမ်းပို့တာ။ ကားခ ၃ သိန်းလည်း ရွာသားတွေပဲ စိုက်ထုတ်ရတယ် အဲ့လိုအခက်အခဲတော့ ရှိတယ်။ မိုင်းရယ်နယ်အပြင်ဘက်ကို ပြန်ပို့လိုက်ပြီ”ဟု မန်ပုံကျေးရွာမှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယခုကဲ့သို့ မိုင်းရယ်မြို့နယ်အတွင်း လားရှိုး-မိုင်းရှူး လမ်းမကြီးပေါ်ရှိ မန်ပုံကျေးရွာအနီးသို့ လားရှိုးစစ်ကောင်စီတပ်မှ မူးယစ်ဆေးစွဲ လက္ခဏာရှိသူများကို ကားတင်ခေါ်ဆောင်၍ မတ်လအတွင်းက ၂ ကြိမ်တိုင်တိုင် လာရောက်ချသွားခဲ့ဖူးကြောင်း ဒေသခံများထံမှ သိရသည်။

ထိုစဉ်ကလည်း ကျေးရွာအတွင်း ပြည်သူများ၏ ဆိုင်ကယ် (၄) စီးထက်မနည်း ခိုးယူခံခဲ့ရပြီး ရပ်ရွာလုံခြုံရေး စိုးရိမ်ရမှုကြောင့် ရွာသားများကိုယ်တိုင် ၎င်းမူးယစ်ဆေးစွဲ လက္ခဏာရှိသူများကို ပြန်လည်စုစည်းကာ ကားခ အကုန်အကျခံ၍ လားရှိုးမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရကြောင်း မန်ပုံဒေသခံများက ပြောသည်။

“အခုက စိုက်ပျိုးရာသီလည်း ဟုတ်တယ်၊ စစ်ရေး နိုင်ငံရေးကလည်း ဘာမှန်းမသိရတော့ စစ်ကောင်စီက ဒီလိုလုပ်တာ လုံခြုံရေးစိုးရိမ်ရတာပေါ့။ အခုက ငြိမ်တဲ့နေရာဆိုရင် ရှုပ်အောင် လုပ်ချင်နေတာ။ ဒီတစ်ခေါက်က သူတို့ကားဆင်းတော့မယ့်အချိန် ပြန်ဖမ်းပြီး ပို့လိုက်တာ။ ဘေးရွာတွေကိုလည်း ကားခ ပိုက်ဆံပြန်ကောက်ရတယ်”ဟု မန်ပုံကျေးရွာ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့နယ် မန်ပုံကျေးရွာအနီးတွင် ယခုကဲ့သို့ မူးယစ်ဆေးစွဲသည့် လက္ခဏာရှိသူ အများအပြားကို လားရှိုးစစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့မှ (၃) ကြိမ်တိုင်တိုင် ရုတ်တရက် လာရောက်ပို့ဆောင်သွားခြင်းကြောင့် ပြည်သူများမှာ လုံခြုံရေး စိုးရိမ်ထိတ်လန့်နေရကြောင်း မိုင်းရယ်ဒေသခံများထံမှ သိရသည်။

အလားတူ ဇွန်လ (၁၇) ရက်ကလည်း မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များသည် မန်းဝိန်း၊ ဝိန်းနန်း၊ စွမ်စော် စသည့် ရပ်ကွက်များမှ မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးပြီး သဲတင်ကား နှစ်စီးဖြင့် တင်ဆောင်ကာ နမ့်ခမ်း – မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်သို့ ပြန်လွှတ်ပေးခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...