တာချီလိတ်မြို့ ရှိ ဇွဲသာယာကမ်းခြေ အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရ သေဆုံး
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ မိုင်းဖုန်း (က) ကျေးရွာအုပ်စုအတွင်း မြန်မာ - ထိုင်းနယ်စပ် မဲခေါင်မြစ်ဘေးရှိ ဇွဲသာယာကမ်းခြေတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း စုံစမ်း သိရှိရသည်။ ယမန်နေ့ အောက်တိုဘာ ၂၅ ရက် ညပိုင်း ၇ နာရီ ဝန်းကျင်တွင်...
လားရှိုးမြို့ အမျိုးသား တစ်ဦး ဓားဒဏ်ရာ အများအပြား ခုတ်ခံရ
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၅ အတွင်း နေထိုင်သည့် အမျိုးသားတစ်ဦး ဓားဒဏ်ရာ အများအပြား ခုတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းအချိန်တွင် ရပ်ကွက် ၅ အတွင်း မန်ကောင်းကျောင်းလမ်း နှင့် ၄၃ လမ်းအနီးမှာ ဓားဖြင့်ခုတ်ခံရပြီး...
ကျိုင်းတုံမြို့တွင်း ဆိုင်ကယ် သူခိုးများတာဝန်ရှိသူ ဖမ်းဆီးပေးခြင်းမရှိ
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်း ဆိုင်ကယ်သူခိုးများပြားလာပြီး သက်ဆိုင်ရာမှ ဖမ်းဆီးနှိမ်နင်းပေးခြင်းမရှိကြောင်း ဒေသခံများထံ စုံစမ်း သိရသည်။ ကျိုင်းတုံမြို့ပေါ် ရပ်ကွက်များတွင် ယခုအောက်တိုဘာလအတွင်း၌ ဆိုင်ကယ် ၅ စီးထက်မနည်း ပျောက်ဆုံး နေလျက်ရှိပြီး ရဲစခန်းသို့ တိုင်ကြားထားသော်လည်း သူခိုးကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။ “ဒီလအတွင်းမှာပဲ ကျနော်တို့...
လူမှုရေးကိစ္စကြောင့် မိုင်းပျဥ်း တပ်ကြပ်ကြီးမှ အမျိုးသမီးကို ဗုံးပေါက်ကွဲမှု လုပ်ကြံ
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်း မြို့မစျေးထဲ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့်ဖြစ်စဥ်သည် စစ်ကောင်စီ တပ်ကြပ်ကြီးမှ စျေးသည်အမျိုးသမီးကို လုပ်ကြံခဲ့သည်ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့တွင် မိုင်းပျဉ်းမြို့မဈေးအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အမျိုးသမီးသည် စစ်ကောင်စီတပ်ကြပ်ကြီး နှင့် ချစ်သူဖြစ်ပြီး လူမှုရေးကိစ္စကြောင့် တပ်ကြပ်ကြီးက...
စစ်ကောင်စီ၏ ဌာနဆိုင်ရာများထံ ကျပ်သိန်းရာဂဏန်းပေးပြီး လောင်းကစားဝိုင်းဖွင့်လှစ်နေ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ နယ်နှင့် ကျောက်မဲမြို့နယ်အတွင်း ဖွင့်လှစ်သည့် လောင်းကစားဝိုင်းများသည် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများထံ တစ်လ ကျပ်သိန်းပေါင်းများစွာပေးပြီး ဖွင့်လှစ်နေကြသည်ဟု စုံစမ်းသိရှိ ရသည်။ ကျောက်မဲမြို့မှ သီပေါမြို့ အဝင် ပြည်ထောင်စုလမ်းမ ပေါ်ရှိ စံဖိတ်ကျေးရွာအုပ်စု စံဖိတ်ရွာမ တွင်ဖွင့်လှစ် ထားသည့် လောင်းကစားဝိုင်း၊...
လင်မယားချင်း ရန်ဖြစ်ရာ အမျိုးသားဖြစ်သူ မှ အမျိုးသမီးကို ပုဆိန်ဖြင့်ပေါက်
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းယုတ်အုပ်စု ကုန်းဆာယာကျေးရွာတွင် လင်မယားချင်းရန်ဖြစ်ပြီး အမျိုးသားဖြစ်သူက အမျိုးသမီးကို ပုဆိန်ဖြင့် ရိုက်ပေါက်ခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၈ နာရီဝန်းကျင်တွင် ကုန်းဆာယာကျေးရွာမှ အရက်မူး နေသည့် အမျိုးသားတစ်ဦးသည် ၎င်း၏ ဇနီးဖြစ်သူ နှင့်...
လားရှိုး လောင်းကစားဝိုင်းထဲ လာဆော့သူများ ဒိုင်က ထမင်းကျွေး
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၆) တွင်းရှိ လောင်းကစားဝိုင်းအတွင်း လာရောက် ဆော့ကစားသူများကို ထမင်းခေါ်ကျွေးနေကြောင်း စုံစမ်း သိရှိရသည်။ အောက်တိုဘာလတွင်းမှ စတင်ပြီး စစ်ကောင်စီ လက်အောက်ခံ မန်နားပြည်သူ့စစ်ခေါင်း ဦးဆောင်ကာ လောင်းကစားဝိုင်းထဲသို့ လာရောက် ဆော့ကစားသူများတိုင်း အိမ်ပြန်စရာမလိုရန် ဒိုင်မှ ထမင်းခေါ်ကျွေးနေကြောင်း လားရှိုးမြို့ဒေသခံ...
မိုင်းပျဉ်းမြို့မ ဈေးထဲ လုံခြုံရေး တင်းကြပ်သည့်ကြား ဆိုင်ဖောက်ထွင်းမှုရှိ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့မ စျေးတွင်း ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ လုံခြုံရေး အတင်းအကြပ် ယူထားသည့်ကြား ဆိုင်ဖောက်ထွင်း ခံရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာ ၂၀ ရက် ည အချိန်တွင် ရဲများ လုံခြုံရေးယူထားသည့်ကြားက စျေးအပြင်ဘက်ရှိ ကားဝါယာရိန်း ပြုပြင်ရေးဆိုင်...
မိုင်းရယ်မြို့နယ် လူတစ်စု အိမ်ဆေးသုတ်ပေးပြီး ပိုက်ဆံ လိမ်လည်တောင်း
SHAN -
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်အတွင်းတွင် အမည်မသိသည့် အမျိုးသား ၆ ဦး တို့သည် အိမ်ဆေးသုတ်ပေးမည်ဟု အကြောင်းပြချက်ဖြင့် ဒေသခံများထံ ပိုက်ဆံ လိမ်လည်တောင်းယူသွားကြောင်း စုံစမ်း သိရသည်။ ယမန်နေ့ အောက်တိုဘာ ၂၀ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်တွင် မန်ပုံကျေးရွာသို့ အမျိုးသား...
တာချီလိတ်မြို့ ယာဥ်တိုက်မှု ပိုမို များပြားလာ
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဆိုင်ကယ် လုယက်မှုများ၊ယာဥ်တိုက်မှုများ မကြာခဏ ဖြစ်ပွားနေလျက်ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ မနက် ၅ နာရီ ဝန်းကျင်အချိန်တွင် တာချီလိတ်မြို့ရှိ အာခါဈေးအနီး အသက် ၅၈ အရွယ် အမျိုးသမီးတစ်ဦးထံ ဆိုင်ကယ်တစ်စီး တိုက်မိပြီး ဦးခေါင်း...





