Thursday, May 2, 2024

တောင်ကြီး ၂၄ နာရီအတွင်း ဆိုင်ကယ် ၁၀ စီးကျော် ခိုးယူခံရ၊ သူခိုးကို ဖမ်းဆီးနိုင်ခြင်းမရှိ

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ၂၄နာရီ အတွင်း မြို့ခံဆိုင်ကယ် ၁၀ စီးကျော် ပျောက်ဆုံးနေပြီး သူခိုးကို သက်ဆိုင်ရာများမှ ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း သတင်းသိရသည်။

ဆိုင်ကယ်လာရောက်ခိုးယူသူများ

ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နှင့် ယနေ့ ၂၀ ရက်နေ့ မနက်ပိုင်းအထိ တွင် ဆိုင်ကယ် ၁၀ စီးကျော် ခိုးယူခံရပြီး ရဲစခန်း နှင့် သက်ဆိုင်ရာသို့ တိုင်တန်းမှု ပြုလုပ်သော်လည်း သူခိုးကို ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း အသက် ၆၀ ဝန်းကျင် မြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ဘေးအိမ်က CZI ဆိုင်ကယ်လည်း သော့ခတ်ထားရက် နဲ့ ခေါင်းကို ရိုက်ချိုးပြီး ခိုးသွားတယ်၊ ဆိုင်ကယ်ပျောက်တာက နေ့စဥ်နေ့တိုင်း ရှိနေတယ်၊ တခြား ရပ်ကွက်ကလည်း ဆိုင်ကယ်ပျောက်တာကို တိုင်ကြတာ ဘယ်သူကမှ အရေးယူပေးတာ မရှိဘူး” ဟု တောင်ကြီးမြို့ခံ အသက် ၆၀ ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့ရှိ မင်္ဂလာဦးရပ်ကွက်၊ ကန်ရှေ့ရပ်ကွက်၊ ဈေးပိုင်းရပ်ကွက်၊ မြို့မရပ်ကွက် နှင့် ပြည်တော်သာ ရပ်ကွက် တို့မှ ဆိုင်ကယ်များ သည် နေ့စဥ်နီးပါး ပျောက်နေကြောင်း ၎င်းက ဆက်ပြောသည်။

“သူခိုးတွေက လူတွေ အိပ်မောကျတဲ့အချိန် မနက် ၂ နာရီနဲ့ ၃ နာရီကြားမှာ လာခိုးတာ၊ ဆိုင်ကယ် အသစ် တွေ၊ ဈေးကြီးတဲ့ ဆိုင်ကယ်တွေကိုပဲ လာခိုးတာ။ ခြံတံခါးသော့တွေကို ချိုးဖျက်ပြီး ဝင်ခိုးသွားတာ”ဟု အထက်ပါ အမျိုးသား က ဆက်ပြောသည်။

ယင်းကဲ့သို့ ဆိုင်ကယ်သူခိုးများကို CCTV မှတ်တမ်းနှင့် တကွ ရဲစခန်းသို့ တိုင်ကြားမှု ပြုလုပ်သော်လည်း အရေးယူဆောင်ရွက်ပေးခြင်းများ မရှိသည့်အတွက် ပြည်သူများက အားကိုးရာမဲ့နေကြောင်း ပြည်သူများ က ပြောဆိုညဉ်းတွားနေကြသည်။

တောင်ကြီးမြို့သည် အာဏာသိမ်း စစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် စစ်တပ်များစွာနှင့် ပြည်နယ်ရဲရုံး၊ ခရိုင်ရဲရုံးတို့အပြင် အစိုးရရုံးနှင့် လုံခြုံရေးအင်အား တင်းကြပ်ထားသော်လည်း ခိုးဆိုးလုနှိုက်မှုများက တစ်နေ့တစ်ခြား များလာကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article