ကျောက်မဲမြို့ စစ်ဘေးရှောင်စခန်းအနီး လောင်းကစား လာရောက်ဖွင့်လှစ်နေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စု ခိုအုံကျေးရွာရှိ စစ်ရှောင်စခန်းအနီးတွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်နေကြောင်း စုံစမ်းသိရှိရသည်။

လောင်းကစားဝိုင်း

ကျောက်မဲမြို့နယ် သျှမ်းစာပေ နှင့် ယဉ်ကျေးမှုကျောင်း အတွင်းရှိ စစ်ဘေးရှောင်စခန်း၏ အနီးတွင် ယခု (ဒီဇင်ဘာလ) ဒုတိယပတ်မှစတင်ပြီး လောင်းကစားဝိုင်းကို စည်းကားအောင် သျှမ်းပြဇာတ်များပါထည့်သွင်း ဖွင့်လှစ်ထားနေကြောင်း ကျောက်မဲမြို့ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

“လောင်းကစားဝိုင်းက စစ်ဘေးရှောင်စခန်းရဲ့ မျက်နှာစောင်း ဟိုဘက်ဒီဘက်မှာဘဲ ဆောက်ထားတာ။ လောင်းကစားလာဆော့ရင် ဆိုင်ကယ်၊ ကား တွေကို ဒီဘက် စစ်ဘေးရှောင်စခန်းမှာ ရပ်ထားတယ်။ ပြီးရင် ဟိုဘက်လမ်းကို ကူးပြီး လောင်းကစားသွားဆော့တယ်။ စစ်ရှောင်စခန်းအနီးမှာ လောင်းကစားဝိုင်းဖွင့်တယ်ဆို တာမဖြစ်သင့်ဘူး “ ဟု ကျောက်မဲမြို့ဒေသခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းထဲတွင် ဖဲဝိုင်း၊ လေးကောင်ဂျင်၊ ကုံးကင်း စသည့်ဖြင့် လောင်းကစားနည်းမျိုး စုံရှိကြောင်း သိရသည်။

“ လောင်းကစားဝိုင်း ဖွင့်လာတာတော့ (၄-၅) ရက်လောက် ရှိနေပြီ။ နေ့ရော ညရောပဲ ဖွင့်နေတယ်။ လောင်းကစားဝိုင်း စဖွင့်တုန်းက သူတို့ သျှမ်းပြဇာတ်အကကို ခေါ်တယ်။ ဖျော်ဖြေပွဲခေါင်းစဉ် မတပ်ထားဘဲနဲ့တော့ သူတို့လောင်းကစားဝိုင်း မလုပ်ဘူး။ ကုန်းသာရွာမှာတုန်းကလည်း သျှမ်းနှစ်သစ်ကူးပွဲဆိုပြီးတော့ ဒီနေ့ထိ လောင်းကစားဝိုင်းတွေ မပြီးသေးဘူး “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက် နံနက်ပိုင်းအချိန်တွင် အရပ်ဝတ်ဖြင့် ကျောက်မဲမြို့နယ် ရဲမှူး၊ ဦးစီးမှူး နှင့် တခြား တာဝန်ရှိ ၃ ဦးတို့က သျှမ်းစာပေ နှင့် ယဉ်ကျေးမှုကျောင်းရှိ စစ်ဘေးရှောင် အိမ်ထောင်စု ၄၈ စု နှင့် လူဦးရေ ၂၀၀ နီးပါးကို မဖြစ်မနေ နေရပ်ပြန်ရန် ဖိအားပေးခဲ့သည်။

ထို့အပြင် လောင်းကစားဝိုင်း အသစ် ထပ်မံဖွင့်လှစ်ခြင်းသည် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက ပိတ်ပင်အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။

“ ကျနော် ထင်တာတော့ သူတို့လည်း ဆက်ကြေး ပေးပြီးဖွင့်တာထင်တယ်ဗျ။ သူတို့ နမ့်ဟူးတောင်းမှာ စဖွင့်တုန်းကလည်း အုပ်ချုပ်ရေးမှူး ခွင့်ပြုချက်နဲ့ ဖွင့်ပြီး လုပ်တာ၊ အခုလည်း အဲ့လိုဘဲထင်တယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ် ကုန်းသာကျေးရွာရှိ လောင်းကစားဝိုင်းသည် ဦးဝင်းထွန်းဆိုသူက ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင်များကို ၁ လလျှင် ကျပ်သိန်း ၁၅၀ ထိ အခွန်ပေးဆောင်ပြီး ဌာနဆိုင်ရာ မြို့နယ်များကိုလည်း တစ်ရက်လျှင် ၂ သိန်းမှ ၃ သိန်း အခွန်ပေးဆောင်ရကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း သျှမ်းပြည်အတွင်းရှိ ဘုရားထီးတင်ပွဲ အပါအဝင် နေရာအနှံ့ လောင်းကစားဝိုင်းများ ထည့်သွင်းလာကြသည်။

ထိုလောင်းကစားဝိုင်း ထည့်သွင်းသည့်ကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်များ၊ နယ်မြေလှုပ်ရှားနေသည့် လက်နက်ကိုင်များ ကလည်း အခွန်ရရှိမှုကြောင့် တရားဝင်ခွင့်ပြုနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...