Saturday, April 20, 2024

မူဆယ်မြို့နယ် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ယာဥ်မောင်းအမျိုးသား တစ်ဦး သေဆုံး

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်၊ ဆွမ်လုံ‌ကျေးရွာရှိ ဆွမ်လုံတံတားအနီး၌ ယာဉ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိပြီး ယာဥ်မောင်း အမျိုးသား တစ်ဦး သေဆုံးခဲ့‌ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသား

ယနေ့ ဒီဇင်ဘာလ ၂၀ ရက်၊ နံနက်ပိုင်းတွင် ဆွမ်လုံ တံတားအနီး၌ အဖြူရောင်အိမ်စီးကား တစ်စီး နှင့် မျက်နှာချင်းဆိုင် မောင်းနှင်လာသော ကုန်တင်ယာဥ် ၁၂ ဘီး ကားတစ်စီးတို့ တိုက်မိပြီး အိမ်စီးကား ယာဥ်မောင်း ဖြစ်သူက ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းသိရသည်။

“ကားသေးက မူဆယ်ဘက်က ထွက်လာပုံရတယ်၊ ၁၂ ဘီး ကားကြီးကတော့ မန္တလေးကနေ တက်လာတဲ့ ကုန်တင် ယာဥ် ဖြစ်တယ်လို့ သိရတယ်။ ကားသေးရဲ့ ယာဥ်မောင်းကတော့ သေသွားပြီ၊ အလောင်းကို နမ့်ဖတ်ကာ မေတ္တာ ရှင် လူမှုကူညီရေးအသင်း က သွားသယ်ခဲ့တယ်” ဟု ဖြစ်စဥ်ကို သိရှိသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သေဆုံးသူသည် မိုင်းယုလေးရွာနေ အသက် ၂၆ နှစ်အရွယ် မိုင်းဘကြည် ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် အလောင်းကို ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး သင်္ဂြိုလ်ရန်အတွက် မိသားစုဝင်များက ဆရာဝန်များ၏ အမိန့်ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article