Friday, May 3, 2024

လားရှိုးအကျဉ်းထောင် မီးလောင်မှုကြောင့် ပျက်စီးမှုရှိ

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အကျဉ်းထောင်တွင် မီးလောင်မှုဖြစ်ပွားပြီး ပျက်စီးမှုများ ရှိသော်လည်း လူထိခိုက်မှု မရှိကြောင်း သတင်းသိရသည်။

လားရှိုးအကျဥ်းထောင်

ယနေ့ ဒီဇင်ဘာလ ၁၈ ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် လားရှိုးအကျဉ်းထောင်၌ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

“ထောင်ဝန်းအတွင်းက ရိပ်သာမှာ မီးလောင်မှုဖြစ်တာပါ၊ ဘာကြောင့်လောင်တာလဲတော့ မသိဘူး၊ ခဏအကြာ တော့ အသံတွေ ဆူညံသွားတယ်၊ ဒါပေမဲ့ မကြာဘူး မီးကို ငြိမ်းနိုင်ခဲ့တယ်၊ ပျက်စီးမှုလည်း နည်းနည်းရှိတယ်” ဟု နီးစပ်သူအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မီးလောင်ရသည့်အကြောင်းရင်းကို မသိရသေးသည့်အပြင် ပျက်စီးမှု ပမာဏလည်း မသိရသေးကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

ထို့အပြင် လူထိခိုက်မှုမရှိကြောင်းလည်း သတင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article