Wednesday, January 28, 2026

မူဆယ်မြို့ အမျိုးသား ၂ ဦးအလုပ်အပြန် ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့သို့ အလုပ်လုပ်ကိုင်နေသည့် အမျိုးသား ၂ ဦးသည် အလုပ်မှ အပြန် စွမ်ဆော်ရပ်ကွက်တွင်းမှာ ဆိုင်ကယ် လုခံရပြီး ဓားခုတ်ခံရကြောင်း စုံစမ်းသိရသည်။

ဓားခုတ်ခံရသူ

ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက် ညနေ ၄ နာရီ ဝန်းကျင်အချိန်တွင် စွမ်ဆော်ရပ်ကွက် အတွင်း လူပြတ်လမ်းကြားထဲမှာ ဆိုင်ကယ်ဖြင့် စီးလာသော အမျိုးသား နှစ်ဦးသည် ဓားခုတ်ခံရပြီး ဆိုင်ကယ်၊ ဖုန်း နှင့် ငွေများ လုယက်ခံလိုက်ရကြောင်း ၎င်းကို သွားရောက်ကူညီခဲ့သည့် မေတ္တာပန်းခင်း ပရဟိတ အသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

“ အလုပ်ကနေ ပြန်လာပြီးတော့ စွမ်ဆော်ရပ်ကွက်ထဲမှာ ဓားခုတ်ခံရတာဗျ။ တစ်ယောက်ကတော့ ပေါင် မှာ ခုတ်ခံရတယ်။ နောက်တစ်ယောက်ကတော့ ဗိုက် ထိုးခံထားရလို့ မူဆယ် ဆေးရုံကြီးကို ပို့ထားရတယ်ဗျ။ သူတို့ စီးလာတဲ့ ဆိုင်ကယ်ရယ်၊ ဖုန်း၊ ပိုက်ဆံတွေ အကုန်ပါသွားတယ် “ ဟု ၎င်းတာဝန်ခံ တစ်ဦးက ပြောသည်။

အဆိုပါ ဓားခုတ်ခံရသူသည် အသက် ၃၀ ကျော် နှင့် အသက် ၄၀ ကျော် အမျိုးသား ၂ ဦး ဖြစ်ပြီး မူဆယ်မြို့မှာ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေသည့် ဒေသခံများ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လောင်းကစားဝိုင်း ပေါများသည့် ရပ်ကွက် နှင့် လူများသွားလာနည်းပြီး လူပြတ်သည့် နေရာများမှာ မိမိအနေဖြင့် အသွားအလာပြုရန် သတိထားစေလိုကြောင်း ၎င်းက ဆက်ပြောသည်။

“ လူသွားလာပြတ်လပ်တဲ့နေရာ၊ လောင်းကစားပေါတဲ့ နေရာဆိုရင် အသွားအလာ သတိထားရမယ်။ စွမ်ဆော်ရပ်ကွက်ဆိုတာ လောင်းကစားဝိုင်းပေါတယ်၊ ဒုစရိုက်လည်း များတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း မူဆယ်မြို့တွင် နေအိမ်ဖောက်သွင်းမှု၊ ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး ဒေသခံ ပြည်သူများ စိတ်လုံခြုံမှု မရှိ ဖြစ်နေသော်လည်း ပြစ်မှု ကျူးလွန်သူများကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ဖမ်းဆီးဆောင်ရွက် အရေးယူပေးခြင်း မရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...