မူဆယ်မြို့ အမျိုးသား ၂ ဦးအလုပ်အပြန် ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့သို့ အလုပ်လုပ်ကိုင်နေသည့် အမျိုးသား ၂ ဦးသည် အလုပ်မှ အပြန် စွမ်ဆော်ရပ်ကွက်တွင်းမှာ ဆိုင်ကယ် လုခံရပြီး ဓားခုတ်ခံရကြောင်း စုံစမ်းသိရသည်။

ဓားခုတ်ခံရသူ

ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက် ညနေ ၄ နာရီ ဝန်းကျင်အချိန်တွင် စွမ်ဆော်ရပ်ကွက် အတွင်း လူပြတ်လမ်းကြားထဲမှာ ဆိုင်ကယ်ဖြင့် စီးလာသော အမျိုးသား နှစ်ဦးသည် ဓားခုတ်ခံရပြီး ဆိုင်ကယ်၊ ဖုန်း နှင့် ငွေများ လုယက်ခံလိုက်ရကြောင်း ၎င်းကို သွားရောက်ကူညီခဲ့သည့် မေတ္တာပန်းခင်း ပရဟိတ အသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

“ အလုပ်ကနေ ပြန်လာပြီးတော့ စွမ်ဆော်ရပ်ကွက်ထဲမှာ ဓားခုတ်ခံရတာဗျ။ တစ်ယောက်ကတော့ ပေါင် မှာ ခုတ်ခံရတယ်။ နောက်တစ်ယောက်ကတော့ ဗိုက် ထိုးခံထားရလို့ မူဆယ် ဆေးရုံကြီးကို ပို့ထားရတယ်ဗျ။ သူတို့ စီးလာတဲ့ ဆိုင်ကယ်ရယ်၊ ဖုန်း၊ ပိုက်ဆံတွေ အကုန်ပါသွားတယ် “ ဟု ၎င်းတာဝန်ခံ တစ်ဦးက ပြောသည်။

အဆိုပါ ဓားခုတ်ခံရသူသည် အသက် ၃၀ ကျော် နှင့် အသက် ၄၀ ကျော် အမျိုးသား ၂ ဦး ဖြစ်ပြီး မူဆယ်မြို့မှာ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေသည့် ဒေသခံများ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လောင်းကစားဝိုင်း ပေါများသည့် ရပ်ကွက် နှင့် လူများသွားလာနည်းပြီး လူပြတ်သည့် နေရာများမှာ မိမိအနေဖြင့် အသွားအလာပြုရန် သတိထားစေလိုကြောင်း ၎င်းက ဆက်ပြောသည်။

“ လူသွားလာပြတ်လပ်တဲ့နေရာ၊ လောင်းကစားပေါတဲ့ နေရာဆိုရင် အသွားအလာ သတိထားရမယ်။ စွမ်ဆော်ရပ်ကွက်ဆိုတာ လောင်းကစားဝိုင်းပေါတယ်၊ ဒုစရိုက်လည်း များတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း မူဆယ်မြို့တွင် နေအိမ်ဖောက်သွင်းမှု၊ ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး ဒေသခံ ပြည်သူများ စိတ်လုံခြုံမှု မရှိ ဖြစ်နေသော်လည်း ပြစ်မှု ကျူးလွန်သူများကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ဖမ်းဆီးဆောင်ရွက် အရေးယူပေးခြင်း မရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...