ပင်လောင်း လက်ဖက် စျေးကွက်မရှိဖြစ်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် လက်ဖက်စိုက်ပျိုးသည့် တောင်သူများသည် လက်ဖက်စျေးမရှိသည့်အတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပြီး စားဝတ်နေရေးကျပ်တည်းလာကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ်ဘက်တွင် လက်ဖက်ခြောက်လုပ်ငန်းနှင့် သီးနှံစိုက်ပျိုးမှုကို အဓိက လုပ်ကိုင်ကြပြီး ယခုနှစ် ဈေးနှုန်းမရရှိသောကြောင့် ဒေသခံများ စားဝတ်နေရေး ပိုကျပ်တည်းလာကာ ရှေ့ဆက်ရန် စိုးရိမ်နေကြရကြောင်း သိရသည်။ “ကျမတို့ဘက်က အဓိက လက်ဖက်ခြောက်လုပ်ကြတယ်။ အရင်နှစ်တွေကတော့...
မိုင်းဆတ် တင်သွင်း ကုန်ပစ္စည်းများ စစ်ကောင်စီမှ အခွန် (၅)ဆထိ တိုးကောက်လာ
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ အဝင် ဆိုင်းခေါင်ဂိတ်တွင် စစ်ကောင်စီလက်အောက်ခံ အကောက်ခွန် ဝန်ထမ်းများမှ ကုန်သည်များထံ အခွန် (၅)ဆထိ တိုးကောက်လာကြောင်း ဒေသခံကုန်သည်များ ပြောပြချက်အရ သိရသည်။ မိုင်းဆတ်မြို့သို့ တင်သွင်းနေသည့် ကုန်များသည် တာချီလိတ်၊ ကျိုင်းတုံမှ လာသည့် ကုန်များဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သည့် အရပ်သားအစိုးရ (NLD)လက်ထက်တွင် တာချီလိတ်မှလာသည့်...
နိုင်ငံရေးအခက် စီးပွားရေးအကြပ် ဆင်းရဲနွံနက်လာတဲ့ ဆီဆိုင် တောင်သူ
SHAN -
"ဒီလ တစ်လစာချေးငွေ ဆပ်ပြီးရင် ကျမ ဆန်ဝယ်ဖို့တောင် မရှိတော့ဘူး၊ အာလူးတွေကလည်း ရောင်းလို့မရသေးတော့ ဘာလုပ်လို့လုပ်ရမှန်းတောင် မသိတော့ဘူး" - လို့ နန်းခမ်း က တိုးတိတ်စွာ ပြောပြပါတယ်။ နန်းခမ်း ဟာ သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျော ကျေးရွာအုပ်စုထဲရှိ ကျေးရွာတစ်ရွာမှာ နေထိုင်တဲ့...
တောင်ကြီး KTV ဆိုင် စစ်ကောင်စီ ဝင်ဖမ်း၊ လူ(၃၀)ဦး ပါသွား
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ KTV ဆိုင် တစ်ဆိုင် စစ်အာဏာပိုင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ လူ (၃၀)ဦး ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ (၂၆)ရက် မနက် (၁)နာရီအချိန်က တောင်ကြီး အဝေရာမီးပုံးပျံကွင်းရှေ့ရှိ (100)% ဆိုင်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ စစ်လက်အောက်ခံ ရဲများ၊ တပ်သားများ လူအင်အား...
ကျောက်မဲ ဗဟိုစျေးအတွင်း စျေးသည် (၂)ဦး ကိုဗစ်ပိုးတွေ့
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့ ဗဟိုစျေးတွင် စျေးရောင်းသည့် စျေးသည် (၂)ဦးထံမှ ကိုဗစ်-၁၉ ပိုး စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ကြောင်း သတင်းရရှိသည်။ ကျောက်မဲ ဗဟိုစျေးတောင်ဘက်အခြမ်းတွင် ရောင်းချနေသည့် စျေးသည် (၂၀၀)ကို ယနေ့ အောက်တိုဘာ (၂၅)ရက်တွင် စစ်ဆေးခဲ့ရာ စျေးရောင်းသူ (၂)ဦးထံမှ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ကြောင်း သိရသည်။ “ဒီနေ့ စျေးတောင်ဘက်မှာ...
ချင်းမိုင်မြို့ ကိုဗစ်မြင့်တက်လာ မြန်မာရွှေ့ပြောင်းလုပ်သားများ ဒုက္ခကြုံနေရ
SHAN -
ချင်းမိုင်မြို့ အထင်ကရ စျေးကြီးများဖြစ်သည့် ကတ်မိန်းမိုင်စျေးအတွင်း ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေပြီး စျေးယာယီပိတ်လိုက်ရသဖြင့် ထိုစျေးတွင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်အခဲ ကြုံနေရကြောင်း သတင်းသိရသည်။ ထို ကက်မိန်းမိုင် (စျေးကြီး)အတွင်းတွင် သျှမ်းရွှေ့ပြောင်းအလုပ်သမားအများစု မှီတင်းလုပ်ကိုင် စားသောက်နေရသည့် နေရာဖြစ်ပြီး လက်ရှိ ထိုစျေးအတွင်း ကိုဗစ်-၁၉ မြင့်တက်မှုကြောင့် စျေးကို...
တန့်ယန်းမြို့ ယာယီပျံကျဈေးဆိုင်ခန်းခပေးဆောင်ခိုင်း
SHAN -
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ လေယာဉ်ကွင်းဟောင်းတွင် ယာယီ ပျံကျဈေးဆိုင်ခန်းများကို စစ်ကောက်စီ လက်အောက်ခံ စည်ပင်သာယာရေးဌာန က ဆိုင်ခန်းခ ကောက်ခံမှုများပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ တန့်ယန်းမြို့ လေယာဉ်ကွင်းဟောင်း တွင်ရှိသည် ယာယီပျံကျဈေးဆိုင်တန်းသည် ကိုဗစ်-၁၉ ကူးစက်မှု နှုန်းမြင့်တက်လာမှုကြောင့် တန့်ယန်းမြိုု့မ ဈေးမှ ခွဲထွက်လာရောက်ဖွင့်လှစ်ထားသည့် ယာယီပျံကျဈေးဆိုင်တန်းများ ဖြစ်ပြီး၊...
နောင်ချိုမြို့ Lockdown ချထားပြီးနောက် စားဝတ်နေရေးခက်ခဲလာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ တွင် ကိုဗစ်-၁၉ ကူးစက်မှု ဆက်လက်မြင့်တက်နေသဖြင့် Lockdown ချထားကာ ဈေးများပါ ပိတ်ထားရသဖြင့် ပြည်သူများ အခက်အခဲ ကြုံနေရကြောင်း စုံစမ်းသိရှိရသည်။ နောင်ချိုမြို့နယ်တွင် ကိုဗစ်- ၁၉ မြင့်တက်လာမှုကြောင့် စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနမှ Lockdown ချထားခိုင်းပြီး ယနေ့ထိတိုင်း ပြန်ဖွင့်ပေးခြင်းမရှိကြောင်း၊...
ကျိုင်းတုံမြို့နယ် ကျေးရွာ ကိုဗစ်မြင့်တက်နေ စပါးရိတ်သိမ်းရန် စိုးရိမ်နေ
SHAN -
သျှမ်းရှေ့ ကျိုင်းတုံမြို့နယ် ကျေးရွာများတွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေသည့်အတွက် စပါးရိတ်သိမ်းရန် အခက်ခဲကြုံဖြစ်မည်ကို ဒေသခံလယ်ယာစိုက်တောင်သူတွေ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ် အတွင်းရှိ ကျေးရွာများထံ Pilot Project ဖြင့် ကိုဗစ်-၁၉ စစ်ဆေးမှု ကို ပြုလုပ်နေသဖြင့် ပိုးတွေ့ရှိသူ ပိုများလာကာ စပါးရိတ်သိမ်းချိန် အတွက်...
သီပေါမြို့နယ်အတွင်း ဈေးများဆက်ပိတ် ဈေးရောင်းသူ ခက်ခဲကြုံနေ
SHAN -
သျှမ်းမြောက် သီပေါမြို့နယ်အတွင်းရှိ ဈေးများအား ရက်အကန့်အသတ်မရှိ ယာယီဆက်လက် ပိတ်ထားတဲ့အတွက် ဈေးရောင်းသူများ အခက်ခဲ ကြုံနေကြောင်း သတင်းရရှိသည်။ သီပေါမြို့နယ်အတွင်းရှိ ဈေးများ ပိတ်ထားမှု (၃)လဝန်းကျင် ကြာမြင့်နေပြီဖြစ်သည့်အတွက် ဈေးရောင်း ချခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေရသူများအတွက် အခက်ခဲ ကြုံတွေ့နေရတာ ဖြစ်ကြောင်း ပျံကျဈေးသည်များထံမှ သိရသည်။ ယခင် သီပေါမြို့နယ် ဝက်ဝံပျံကျဈေးမပိတ်ခင်တွင်...






