Wednesday, January 28, 2026

တရုတ်နိုင်ငံ ပို့မည့် ဖရဲသီးများ အရှုံးပေါ် နေ

တရုတ်ပြည်ဘက် တင်ပို့ရောင်းချမည့် ဖရဲသီးများသည် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် (၁၀၅)မိုင်တွင် ရက်ကြာ စောင့်ဆိုင်းနေရသဖြင့် ဖရဲသီးများ ပုတ်သိုးပြီး အရှုံးပေါ်နေကြောင်း စုံစမ်းသိရှိရသည်။

တရုတ်နိုင်ငံဘက်မှ မူဝါဒ အမျိုးမျိုး ပြောင်းခြင်း၊ ဖရဲသီးဈေးကွက်ကို မသိရသေးသောကြောင့် လမ်းတွင် ကြာပြီး အသီးများ ပုတ်သိုးပျက်စီးသဖြင့် လွှင့်ပစ်နေရကြောင်း ကားသမား အမျိုးသားတစ်ဦးက သျှမ်သံတော်ဆင့်ကို ပြောသည်။

“တရုတ်ဘက်က မူဝါဒ အမျိုးမျိုးပြောင်းနေတာ။ ပြီးတော့ ဈေးကွက်လည်း မသိရသေးဘူး။ အဲကြောင့် လမ်းမှာ ကြာနေတာ။ တချို့ဟာက ပုတ်သိုးပြီး ပျက်စီးသွားကုန်ပြီ။ အသီးက ရက်ကြာလာတော့ မခံနိုင်ဘူး” ဟု ကားသမားတဦးက ပြောသည်။

ထိုသို့ တရုတ်ပြည်ဘက်သို့ ကုန်ပို့ မရောင်းချနိုင်သောကြောင့် ဖရဲသီးကုန်သည်တချို့ ကုန်တင်ကားခအတွက်ပါ ဆုံးရှုံးနေရကြောင်း သိရသည်။

“ရှုံးတာပေါ့။ အများကြီးရှုံးတယ်။ ကားခတောင်ပြန်မရဘူး။ ကျနော်တို့ဆို ကားခ ၈ သိန်းလောက်ကုန်ခဲ့ပြီ။ အသီးလည်း ပုတ်သိုးသွားပြီ။ မူဆယ်အနီးတဝိုက်နား လိုက်ရောင်းလည်း မမြတ်ဘူးလေ။ အရင်းတောင် ပြန်မရတော့ဘူး” ဟု ဖရဲသီးကုန်သည်တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံတွင်းသို့ မနက်ဖြန် ဒီဇင်ဘာ ၈ ရက်နေ့တွင် ကားများ ထပ်မံဝင်ရောက်နိုင်မည်ဟုလည်း သိရသည်။

တရုတ်နိုင်ငံဘက်မှ တင်သွင်းရန် စနစ်ကို ပြောင်းလဲနေကြောင်း၊ ကိုဗစ် ၁၉ ကြောင့် လမ်းတွင် ကြန့်ကြားနေကြောင်း မူဆယ် (၁၀၅)မိုင် သစ်သီးပွဲရုံ ဥက္ကဌ က ပြောသည်။

“တရုတ်ဘက်နေ သူတို့ဘက်ကို တင်သွင်းဖို့ စနစ် ပြောင်းလိုက်တာ။ ပြီးတော့ ကိုဗစ်ကြောင့်ဆိုပြီး ကြန့်ကြာနေတာ။ မနက်ဖြန်လောက်ဆိုရင်တော့ ကားတွေ ထပ်ဝင်ရတော့မယ်။ ပုတ်သိုးပျက်စီးနေတာလည်းရှိတယ်။ ဒါပေမဲ့ ငွေတန်ဖိုး ဘယ်လောက်ရှိမလဲ ကျနော်တို့ မတွက်ဆနိုင်သေးဘူး” ဟု သစ်သီးပွဲရုံ ဥက္ကဌက ပြောသည်။

လက်ရှိတွင် သစ်သီးများ ကားပေါ်တွင် ပုတ်သိုးနေသောကြောင့် ဆုံရှုံးမှု ငွေတန်ဖိုးကို မသိရှိနိုင်သေးကြောင်း သိရသည်။

မူဆယ်မြို့ (၁၀၅)မိုင်တွင် တရုတ်ဘက်သို့ တင်ပို့ရန်အတွက် ကား အစီး (၂၀၀)ခန့် စောင့်ဆိုင်နေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

တရုတ်ပြည်ဝင်ရန် တိုကင်နံပါတ်စောင့်ဆိုင်းသူအချို့ တစ်လနီးပါး ကြာသည်အထိ မရရှိ

0
သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်သို့ ရောက်ရှိနေသည့် တရုတ်ပြည်အတွင်း ဝင်ရောက်အလုပ်လုပ်ကိုင်ရန်အတွက် တိုကင်နံပါတ် စောင့်ဆိုင်းနေသူများ အချို့သည် တစ်လနီးပါး ကြာသည်အထိ နံပါတ်မရသဖြင့် နေရပ်သို့ ပြန်သွားရသူလည်း ရှိနေကြောင်း စုံစမ်းသိရသည်။ မြန်မာ - တရုတ်နယ်စပ် မူဆယ်ခရိုင်၊ ဆင်ဖြူဂိတ် နှင့် ငွေဆင်ဝန်ထမ်းအိမ်အနီး တရုတ်ပြည် ဝင်ရန်အတွက်...

တရုတ်ပြည်တွင်း အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားများ လုပ်အားခ လျှော့ချခံရ

0
တရုတ်ပြည် ရွှေလီမြို့ နှင့် မန်စီမြို့အတွင်း သွားရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာလုပ်သားများသည် လုပ်အားခ လျှော့ချခံနေရကြောင်း စုံစမ်းသိရသည်။ မြန်မာလုပ်သားများသည် ယခင်က လုပ်အားခ တစ်လကို တရုတ်ယွမ်ငွေ ၂,၅၀၀ ကျော် (မြန်မာကျပ်ငွေ ၁၁ သိန်းကျော်) ရရှိခဲ့ရာ လက်ရှိတွင် လုပ်အားခ တစ်လကို ယွမ်ငွေ...

မိုးရေထဲ တရုတ်ပြည်သွားရန် တခါသုံးကတ် လုပ်သူများ

0
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့ ဆင်ဖြူဂိတ်တွင် ယနေ့ (စက်တင်ဘာလ ၈ ) ရက် နံနက်ပိုင်း အချိန်မှစပြီး တစ်ခါသုံးကတ် TBP ပြုလုပ်သူများသည် မိုးရွာသွန်းနေဆဲ လမ်းမပေါ်ရှိ မိုးရေထဲ၌ တန်းစီစောင့်ဆိုင်းကာ ပြုလုပ်နေရကြောင်း စုံစမ်းသိရသည်။ . ယမန်နေ့ (စက်တင်ဘာလ ၇ )...

တရုတ်ပြည်သို့ တင်ပို့သည့် ကုန်ပစ္စည်းများ ကိုက်ညီမှု မရှိဟုဆိုကာ တရုတ်က ဖမ်းဆီး

0
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ ကျင်ဆန်ကျော့မှ တဆင့် တရုတ်ပြည် ဝမ်တိန်သို့ တင်ပို့သည့် ကုန်ပစ္စည်းများ ကိုက်ညီမှု မရှိဟုဆိုပြီး တရုတ်ဘက်မှ ဖမ်းဆီးကာ သိမ်းဆည်းထားကြောင်း စုံစမ်းသိရသည်။ ယခုနှစ် မေ ၁၆ ရက်တွင် မူဆယ်မြို့ ကျင်ဆန်ကျော့မှ တဆင့် တရုတ်ပြည် ဝမ်တိန်သို့ ပဲစိမ်း...