CATEGORY

ဆောင်းပါး

“ လူအသက်ကို ဝါးမြိုနေတဲ့ စစ်အာဏာစက်အောက်က သယံဇာတ လုပွဲ”

သဲကျောက်မြေအိတ်များဖြင့် အထပ်ထပ်ကာရံထားသော မယ်ဆိုင်မြစ် ကမ်းပါးမှ မြန်မာဘက်ခြမ်းကို လမ်းမျှော်ကြည့်လိုက်သောအခါ နီကြင်ကြင် အိမ်ကလေးများ၊ ကျိုးတိကျိုးတဲ ဆိုင်ခန်းများ တွေ့ရသည်။ ရေကြီးမှုဒဏ်ကြောင့် နေအိမ်၊ ဆိုင်ခန်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုကို သုံးလကျော်ကြာ ရင်ဆိုင်လာခဲ့ရပေမယ့် လက်ရှိအချိန်ထိ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိသေးချေ။ “နောက်နှစ်ရေကြီးရင်တော့ ကျမတို့ နေရာက မသေချာတော့ဘူး”...

“ ကျားဖြန့်လုပ်ငန်း နည်းမျိုးစုံကြီးထွားနေဆဲ”

မြေကော်ကားတွေနဲ့ ထိုးညှိထားပြီး အတော်အတန် ကျယ်ဝန်းတဲ့ မြေနီနီတောင်ကုန်းတွေပေါ်မှာ အပြာရောင် သွပ်ပြားတွေနဲ့ ဆောက်လုပ်ထားတဲ့ တန်လျားက အစီအရီနေရာယူထားပါတယ်။  ဒီအဆောက်အဉီးကို ကြည့်လိုက်ရင်တော့ ဒေသအတွင်း ပုံမှန် သမားရိုးကျ စီးပွားရေး လုပ်ကိုင်နေတဲ့ ပြောင်းသီးနှံတွေ သိုလှောင်ထားရာ ဂိုဒေါင်ကြီးတွေလို့ ထင်မြင်စရာနေရာတစ်ခုပါ။ ဒါပေမယ့် အဲ့ဒီဂိုဒေါင်ကြီးထဲမှာက အွန်လိုင်းကနေ ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ မကြာသေးခင် လတွေအတွင်းက ဆောက်ထားတဲ့ “ကျားဖြန့်ရုံ”တွေ ဖြစ်တယ်လို့ တန့်ယန်းဒေသခံတွေက ပြောပါတယ်။  အဲ့ဒီနေရာကတော့ တန့်ယန်းမြို့နယ်အတွင်း မန်ပန်ပြည်သူ့စစ်ပိုင် ရာဘာခြံနေရာပါပဲ  “အရင်က ပြည်သူ့စစ်တွေရဲ့ ရော်ဘာခြံတွေကို အခု အကုန် မြေကော်ကား ကော်ပြီး လောင်းကစားရုံတွေ လုပ်နေကြပြီ။ တောထဲမှာပဲ တော်ရုံလူတောင် မဝင်နိုင်ဘူး၊ အလုပ်က ဒီဒေသက လူပဲခေါ်တာ တခြားဒေသဆို မယူဘူး။ လစာက ၁၅၀၀ ယွမ်က စတယ်”လို့ တန့်ယန်းမြို့နယ်မှာ နေထိုင်တဲ့ စိုင်းဝင်းက မျှော်လင့်ချက်ရှိဟန်နဲ့ ပြောပါတယ်။ ကျားဖြန့်လုပ်ကိုင်သူ တစ်လလျှင် လစာယွမ် ၁၅၀၀...

ဘိန်းစာရွက်ရည်ကို ဖျော်ရည်သဘောနဲ့ သုံးစွဲလာကြ

ရက်ကောင်းရက်မြတ် ပွဲလမ်းသဘင်တွေ၊ လူမျိုးဓလေ့ ရိုးရာပွဲတော်တွေနဲ့ မင်္ဂလာဆောင် ပွဲအခမ်းအနားတွေမှာ သောက်ရေသန့် ပုလင်းထဲထည့်ကာ ဖျော်ရည်လားလို့ ထင်ရလောက်အောင် စားပွဲတိုင်းမှာ မြင်တွေ့နေရပါတယ်။ အဲ့လို မြင်တွေ့ရမှု အများဆုံးကတော့ သျှမ်းပြည် အရှေ့ပိုင်း ဒေသတွေမှာပါ။ အဲ့ဒီ စားပွဲပေါ်မှာ ချထားတဲ့ အရည်တွေဟာ ဘိန်းစာပင် (Kratom) ကနေ...

အိမ်ပြန်ချင်နေပြီ….

“ကိုယ်နေတဲ့နေရာ…ကိုယ်လုပ်စားနေကြနေရာမှာပဲ အဆင်ပြေတယ်…နယ်မြေ အေးချမ်းတာနဲ့ ပြန်မှာ”လို့ ညောင်ရွှေမြို့နယ် မှာ စစ်ရှောင် အဖြစ် ရောက်နေတဲ့ နန်းဇင်က ပြောပါတယ်။ ညီနောင် မဟာမိတ်သုံးဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ အကြား ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် သျှမ်းမြောက် ကနေ ထွက်ပြေးတိမ်းရှောင်ရတဲ့ သူ အယောက် ၂ သိန်းထဲ...

လေကြောင်းတိုက်ခိုက်မှု စစ်ရာဇာဝတ်မှုမြောက်ကြောင်း မျက်ကွယ်ပြု အားပေးနေတဲ့ စစ်လော်ဘီအပေါင်းအပါများ

၂၀၂၄ စက်တင်ဘာ ၃ ရက်နေ့တွင် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ "လက်နက်ကိုင်အကြမ်းဖက်သူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ် လိုအပ်သလို တုံ့ပြန်သွားမည်” ဟု ပြောဆိုခဲ့သည်။ မြောက်ပိုင်းမဟာမိတ် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ ဦးဆောင်ပြီး...

“ငွေစက္ကူ အတုကြား ခေါင်းခဲနေရ”

ကျပ် တစ်သောင်းတန် ငွေစက္ကူကို ကိုင်ပြီး အထပ်ထပ်အခါခါ လှန်ပြီး သိသလောက်မှတ်သလောက် ဒေါ်အေးမာ တစ်ယောက် စစ်ဆေးနေသည်။ ဒေါ်အေးမာ သည် တောင်ကြီးမြို့ ကုန်စုံဆိုင်ဖွင့်ထားသည့်သူဖြစ်ပြီး၊ ကျပ်တစ်သောင်းတန်နှင့်ပတ်သက်ပြီး ကံမကောင်းမှု အကြိမ်ကြိမ်ကြုံတွေ့လာရသူတစ်ဉီးဖြစ်သည်။ ဈေးဝယ်သူက ကျပ်ငွေ တစ်သောင်းတန် ပေးလာတိုင်း ဒေါ်အေးမာ တစ်ယောက် အကြိမ်ကြိမ် စစ်ဆေးသည့်ကြား “ငွေတု”...

တိတ်ဆိတ်မှုတွေနဲ့ ပီမိုင်တိုင်း

“မႂ်ႇသုင်ၶႃႈ ပီႈၼွင့်ႁဝ်းၶဝ်” (မိုင်ဆုန်ခ ပီနောင့်ဟောဝ်းခေါင်) လို့ စုပေါင်း ဟစ်ကြွေးလိုက်ပြီး နောက်မှာတော့ သျှမ်းနှစ်သစ်ကူး တေးသီချင်းများကို စတင်သီဆိုကြသည်။ သျှမ်းနှစ်သစ်ကူး မရောက်ခင် တစ်ပတ်အကြိုခန့် ကတည်းကပင် နှစ်သစ်ကူးကို ကြိုဆိုကြရန်အတွက် အိမ်တိုင်း ပြင်ဆင်ကြလေသည်။ သီချင်းများ သီဆိုရန်အတွက် အိုးစည်ဝိုင်းငှားရမ်းခြင်း၊ သီဆိုသူများကို ကျွေးမွေးရန်နှင့် ကြိုဆို ဖိတ်ခေါ်အိမ်များကို...

မကူညီရဲတော့ပါ…

သိန္နီမြို့မှာ ကိုးကန့်တပ်မတော် MNDAA က မူးယစ်ဆေးဝါး အကြောင်းပြပြီး အရပ်သားတွေကို ဖမ်းဆီးကာ ငွေကြေးနဲ့ ပြန်လည် ရွေးခိုင်းတဲ့ အထဲတွင် မကျော့(အမည်လွှဲ) ကလည်း ပါဝင်သွားခဲ့တာ ဖြစ်ပါတယ်။ “ကျမကို ရတဲ့ နည်းနဲ့ အပြင်ကို ထုတ်ပေးပါလို့ ပြောပေးပါရှင်”လို့ အပြင်မှာ ရှိနေတဲ့ တစ်စုံတစ်ဦးက...

သျှမ်းပြည် ညီညွတ်ရေး အလှမ်းဝေးသလား

“မနက်လင်း ဗုံးမကြဲဘူး။ ကြဲရင်တော့လည်း မတတ်နိုင်ဘူးပေါ့” ဟု လာရှိုးမြို့နေ ပျံကျဈေးသည် တစ်ဦးက ပြောသည်။ ကိုးကန့်တပ် သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို အငြိုးကြီးလှသည့် စစ်ကောင်စီတပ်သည် လေကြောင်းမှ ဗုံးကြဲ‌တိုက်ခိုက်နေရာ အိုးအိမ်ပျက်စီး ဆုံးရှုံးမှုများပြီး ပြည်သူ ထိခိုက်သေဆုံးမှုလည်း များနေသည်။ ယင်းအခြေအနေကြောင့် မြို့မှ ပြန်လည် ထွက်ခွာသွားသူများ ရှိသကဲ့သို့...

သျှမ်းပြည်ရဲ့ သဘာဝဘေး ခေါင်းလောင်းထိုးသံ

ပြိုကျ ပျက်စီးနေသော အဆောက်အဦးတွေကို ကြည့်ပြီး မျက်ရည်တွေမကျအောင် စကားတွေကို ထိန်းပြီးပြောသော်လည်း သူမ၏ တုန်ရီနေသည့် အသံက ထိန်းချုပ်၍မရ။ “ကျမတို့ ဘယ်လို ပြန်စရမှာလဲ။ ကျမတို့ နွေးထွေးတဲ့အိမ်လေး ဘယ်တော့ ပြန်ရမှာလဲ”ဆိုတဲ့ မနွယ်နွယ်စိုးတယောက် မေးခွန်းပေါင်းစုံဖြင့် တွေဝေနေသည်။ တစ်ဘဝလုံး ကြိုးစားတည်ဆောက်ခဲ့သည့်အိမ်၊ မျက်စိတမှိတ်အတွင်း ပြိုကျသွားတော့ မနွယ်နွယ်စိုးတစ်ယောက်...

Latest news