စစ်တပ်နှိပ်စက်မှုကြား အားကိုးရာမဲ့ မိခင်များ
“ဒိုင်း” ဆိုတဲ့ သေနတ်သံကို ကြားကြားချင်း ဝါးထရံထောင့်မှာ ပြေးပုန်းနေချိန်၊ “ဝုန်း”ဆိုပြီး ရုတ်တရက် အိမ်တံခါးကို စစ်ဖိနပ်နဲ့ ဆောင့်ကန်လိုက်တဲ့ အရှိန်ကြောင့် ခနော်ခနဲ့ ဖြစ်နေတဲ့ ဝါးထရံက ပြိုကျသွားပါတယ်။ အဲ့အချိန်မှာ ဝါးထရံထောင့်နား ပုန်းနေတဲ့ ဒေါ်ငယ် တစ်ယောက်ဆီကို စစ်ယူနီဖောင်း ဝတ်ထားတဲ့ စစ်သား (၅)ယောက်က...
SHAN -
သံရှည်ဆွဲကာ ဆွဲဆွဲငင်ငင် ဆိုလိုက်တဲ့ အသံ ဟာ အေးစိမ့်လှတဲ့ လေထုကို ဖြိုခွင်းပြီး တပေါင်းပွဲခင်း ကွင်းပြင်ဆီကနေ ပျံ့လွှင့်လာတာ ဖြစ်ပါတယ်။ မနက် ၄ နာရီ အချိန် သျှမ်းဇာတ်ပွဲကနေ သျှမ်းဘာသာစကားနဲ့ အပိတ် နှုတ်ဆက် အက ဟာ စောင့်ခြုံ ကွေးနေကြတဲ့ ဈေးသည်တွေကို...
စစ်ရေးကြားထဲ ဒုက္ခသောကနဲ့ ဗျာများနေတဲ့ဘဝ
ဝီးချဲ ခေါ် ဘီးတပ်ထိုင်ခုံပေါ်တွင်ထိုင်ပြီး ဘီးကို လက်ဖြင့်တွန်းရင်း မီးဖိုခန်းမှ ဧည့်ခန်းဆီသို့ အသက် ၃၀ အရွယ်ရှိ အမျိုးသမီးတစ်ဉီး ကတရွှေ့ရွှေ့ဝင်လာလေသည်။ ဧည့်ခန်းထဲရှိ ကုတင်လေးဆီသို့ ဉီးတည်ပြီး သွားလေသည်။ ကုတင်ပေါ်တွင် စကားကောင်းမွန်စွာ မပြောနိုင်၊ မလှုပ်ရှားနိုင်သော လေဖြတ်ထားသည့် အမျိုးသားတစ်ဉီး လဲလှောင်းအိပ်စက်နေသည်။ “အစ်ကို ထတော့ထတော့” ဟု နန်းဆမ်...
အေးချမ်းမှုများ ပျောက်ပြယ်သွားသည့် မဲနယ်တောင်
လမ်းမရဲ့ ဘေးဘယ်ညာ လမ်းဘေး တလျှောက်မှာ အဝါရောင် ရာသီပေါ် နှမ်းပင်တွေ အစား ရောင်စုံဘိန်းပန်းပွင့်များက နေရောင်နှင့်အတူ ဝေဝေဆာဆာ ဖူးပွင့်နေကြသည်။ ရောင်စုံ ဘိန်းပန်းခင်းများကို သာမာန်အားဖြင့် ကားလမ်းမကြီးပေါ်၊ ကျေးရွာအနီးတဝှိက်မှာ မြင်တွေ့လေ့မရှိပေ။ ထိုနေရာက စစ်အာဏာမသိမ်းခင် ကာလမှာ ခရီးသွားဧည့်သည်များကို ဆွဲဆောင်သော တောင်ဇလပ်ပန်းများ ဝေဝေဆာဆာပွင့်ပြီး လည်ပတ်စရာ...
စစ်ရာဇဝတ်မှုကျူးလွန်တဲ့ စစ်ကောင်စီထံ TNLA ဘာတောင်းဆိုမှာလဲ။
လေယာဉ်ပျံသံ စကြားကြားချင်း စိတ်ထဲမှာ “ဘာမှမဖြစ်ပါစေနဲ့” လို့ ကြိတ်ဆုတောင်းနေပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဆုတောင်းမှု မပြီးခင်မှာပဲ “အုန်း”ဆိုတဲ့ အသံကျယ်ကြီးနဲ့အတူ ဖုန်အလိပ်လိုက် တက်လာပြီး လွတ်ရာတော့ ဝပ်လိုက်ပါတယ်။ သူကတော့ နောင်ချိုမြို့ပေါ်ရှိ ပါရမီ-(၂) လက်ဖက်ရည်ဆိုင်ရဲ့ မိသားစုဝင်တစ်ဉီး ဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ်ရှိ ကိုဂျာနူးပဲ ဖြစ်ပါတယ်။ “ကျနော်က...
ပန်းရောင်ကတ် ခေါ် “ဘတ်”ရိုက်ကိစ္စ ခေါင်းကိုက်မှု
“ဘတ်လုပ်ဖို့က အများကြီး ရင်းရတယ်။ ဘတ်လုပ်ဖို့ သူများဆီကနေ ပိုက်ဆံချေးရတာလည်း ရှိတယ်။ ဘတ်ရှိပြီး အလုပ်မရှိသူလည်း ရှိတယ်”ဟု စိုးရိမ်ပူပန်သည့် လေသံဖြင့် မအေးခိုင် (အမည်လွှဲ) က ပြောလာသည်။ မအေးခိုင်သည် အသက် (၂၅)နှစ် အရွယ်သာရှိပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ ထုတ်ပြန်လာသည့် စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံ...
တော်လှန်ရေးကို အရှက်ရစေတဲ့ လိင်ပိုင်းကျူးလွန်မှု အချုပ် (၆)လ ချမှတ်မှု
“ကျောင်းသားလေးတွေကို ကျောင်းဆရာက လိင်ပိုင်းဆိုင်ရာ ပြုကျင့်မယ်လို့ မထင်ခဲ့သလို ကျောင်းဆရာကို ၆လပဲ ပြစ်ဒဏ်ပေးတာကမဖြစ်သင့်ဘူး” ဟု ဖယ်ခုံမြို့ ကလေးတစ်ဉီး၏ မိခင်က ရင်ဖွင့်ပြောလာသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ (၂၄ )ရက်တွင် ဖယ်ခုံမြို့နယ် လယ်ထွန်ကျေးရွာမှ ကျောင်းတာဝန်ခံ ခွန်ဇော်ဇော်(ခ) ဇော်ဇော်ထွန်းသည် အသက်(၁၆)နှစ်အောက် Grade-9, နဲ့...
တရုတ်ဖိအားကြောင့် MNDAA လားရှိုးမြို့က စွန့်ခွာမှာလား
“စည်းလုံးညီညွတ်ခြင်းသည် အင်အား”ဆိုတဲ့ ဆောင်ပုဒ်နဲ့ ထင်းစည်းကို ချိုးနေတဲ့ ရုပ်တုရှိရာ လားရှိုးမြို့တော်ခန်းမရှေ့ ယာဉ်အဝိုင်းပတ်နား ပုံမှန်တွေ့မြင်နေကြ မဟုတ်တဲ့ အပြာရောင်နဲ့ အနီရောင် နောက်ခံပိတ်စပေါ် အလယ်မှာ ကြယ်ပွင့် (၃) လုံးပါ အထူးဒေသ(၁) အလံများ လွှင့်ထူနေရာယူထားပါတယ်။ လက်ရှိမှာ ကိုးကန့်တပ်ဖွဲ့ MNDAA က အာဏာသိမ်း...
“စိတ်ခြောက်ခြား အိပ်ပျက်ရသည့် စစ်မှုထမ်း”
ညမှောင်ရီ ဝိုးတဝါးအချိန်တွင် လမ်းမပေါ်မှ တိတ်ဆိတ်ခြောက်ကပ်မှုနှင့်အတူ ရိုက်ခတ်လာသော မြောက်လေသည် တုံချမ်း၍ ခိုက်ခိုက်အေးနေသည်။ မည့်သို့ပင် အေးပါစေ။ လက်ရှိ နန်းထက်တစ်ယောက်မှာ ခံစားနေရသော ရင်ထဲက အပူမီးများကို မငြိမ်းသက်နိုင်ပေ။ “ဆွဲနေပြီဆိုတဲ့ သတင်းကြားရင်တော့ ပူထူတယ်။ နည်းနည်းလေး သတင်းပြန်ငြိမ်းသွားရင်တော့ ပုံမှန်လိုပါပဲ။ ဒီမှာကတော့ ညဆိုအတွေးပေါင်းစုံနဲ့ပေါ့” ဟု တိုးတိုးတိတ်တိတ်ဖြင့်...
“မယ်ဆိုင်ချောင်း”ရဲ့ အခြားတဖက်က ဘဝများ
SHAN -
လမ်းကျဉ်းကျဉ်းထဲတွင် ဖုန်တထောင်းထောင်း ထနေသည့်ကြား ကားများ၊ ဆိုင်ကယ်များ အပြိုင်အဆိုင် မောင်းနှင်းနေသည်။ ဝါးတပြန်စာ အကွာ တွင် ယူနီဖောင်း အဖြူဝတ်ထားသော မော်တော်ယာဉ်ထိန်းရဲနှစ်ဉီးဆီက လာသမျှ ကား၊ဆိုင်ကယ်များထံ စစ်ဆေးပြီး လက်ဖြန့်တောင်းနေသည်။ အနီးအနားတွင်လည်း ညစ်ပတ်သော အဝတ်အစားကို ဝတ်ဆင်တဲ့ အရွယ်ကောင်း အသက် ၄၀ ဝန်းကျင်ရှိ လူ၊...






