Friday, April 26, 2024

နေပြည်တော်ငြိမ်းချမ်းရေးညီလာခံစတင်ချိန် RCSS အားထိုးစစ်ဆင်မှု သျှမ်းလူထု ၅၀၀ ကျော်စစ်ဘေးရှောင်ရ

Must read

ဇူလိုင်လ ၈ ရက်နေ့မှစ၍ ၁၀ ရက်နေ့အထိ သုံးရက်သာကာလ အတွင်း အစိုးရတပ်မတော်မှ သျှမ်းပြည်တပ် မတော် RCSS/SSA အား ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကျေးလက်လူထု ၅၀၀ ကျော် နေရပ်မှ စွန့်ခွါနေရ သည်ဟု သိရသည်။

မိုင်းကိုင်မြို့နယ်အတွင်း RCSS/SSA တပ်စခန်းမား အစိုးရတပ်မတော်ထိုးစစ်ဆင်မှုကြောင့် အုပ်စုဘုန်းကြီးကျောင်းကို စစ်ဘေးရှောင်ခိုလှုံလာသော ကျေးလက်ဒေသခံလူထု (Photo: SSM)

အစိုးရတပ်မတော် ထိုးစစ်ဆင်မှုကြောင့် ဟမ်းငိုင်းကျေးရွာ လွယ်စက်တော်ကျောင်းတိုက်တိုင်တွင် အိမ်ခြေ ၁၀၂ အိမ် လူဦးရေ ၃၅၇ ယောက်၊ ကုန်းစုံကျောင်းတိုက်တွင် အိမ်ခြေ ၃၀ လူဦးရေ ၉၄ ယောက် စစ်ဘေး ရှောင်နေရကြောင်း၊ တုံလော ၊ နမ့်လန် နှင့် တခြား ကျေးသီး၊ မိုင်းရယ် မိုင်းကိုင်တို့ဘက် တိမ်းရှောင်ကြသည့် ရွာသားများ၊ ကျောင်းဆရာ ဆရာမ များလည်းရှိကြောင်း မိုင်းကိုင်မြို့ ပြည်နယ် လွတ်တော် အမတ် စိုင်းလုံ က ပြောသည်။

စစ်ဘေးရှောင်ရောက်ရှိနေတာက ဘုန်းကြီးကျောင်း နှစ်ကျောင်းမှာ လွယ်စက်တော် ကျောင်း နဲ့ ကုံးမုံကျောင်း တိုက်မှာ မိုးတအားရွာ၊ တံတားလဲ ပျက်တော့ ကုံးမုံကျောင်းအထိ တောင်သွားလို့မရဘူး။ စာရင်းရတာ ၅၀၀ လောက်ရှိတယ်။ အဲဒီ့ထက်ပိုတယ် သူတို့နီးစပ်တဲ့ အမျိုးအိမ်မှာ သွားနေတဲ့သူတွေ နဲ့ ဆို ၆၀၀ ထက်မ နည်းဘူး ။ သူတို့တွေကို ကူညီဖို့ ဆရာတော်ဘုရားကြီးတွေ၊ လူထုတွေ နဲ့ ဒီကနေ့တွေ့ဆုံမယ်။ ပြီးရင် လိုအပ်တာတွေ သွားကူမယ် – ဟု မိုင်းကိုင်မြို့ပြည်နယ် လွှတ်တော် အမတ် စိုင်းလုံ ကပြောသည်။

ကျေးလက်ဒေသခံများ စစ်ဘေးရှောင်ရခြင်းသည် ကျေးရွာအတွင်း လက်နက်ကြီး ကျည်များကြရောက်ခြင်း၊ ကျေးရွာအနီးပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ကြောက်လှန့်ကာ ထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်သည်ဟု ဆိုသည်။
‘အလက ကျောင်း နှစ်ကျောင်း၊ မူလတန်း ၅ ကျောင်း လဲ ပိတ်ထားရတယ်။ တိုက်ပွဲကြောင့် ဆရာ ဆရာမ တွေ လဲ တိမ်းရှောင်ရတာပေါ့ ။ လက်ရှိက ဘုန်းကြီးက ဘဲ ကျွေးထားတယ်။ ကူညီထောက်ပံ့တဲ့ အစီအစဉ် တွေ အဖွဲ့ အစည်းတွေ လဲ ရောက်မလာသေးဘူး – ဟု လွှတ်တော်အမတ် က ဆက်၍ပြောသည်။

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်၊ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ ခရိုင် သီပေါမြို့နယ် အတွင်း အခြေချ နေထိုင်လှုပ်ရှားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်များအား အစိုးရ တပ်မတော် မှ ပိုက်စိတ်တိုက် ခြေရာခံလိုက်က တိုက်ပွဲ ဆင်နွဲနေခြင်းဖြစ်သည်ဟု လည်းသျှမ်းတပ်မှူး တဦးက ပြောသည်။

အစိုးရတပ်မတော် က RCSS/SSA နယ်မြေကျူးကျော်လှုပ်ရှားနေမှု များ တပ်နှုတ်ရန် JMC – U အစည်းအဝေး တွင် ပြောကြားသည့်နောက်ပိုင်းထိုးစစ်ဆင်မှုများ ပြုလုပ်လာနေခြင်းဖြစ်သည်။ RCSS/SSA ကမူ ငြိမ်းချမ်းရေးသဘောတူညီချက်အများအပြားတွင် မည်သည့်တပ်က မည်သည့်နေရာတွင်သာ နေရ မည် ဆိုသည့် သဘောတူညီချက်လက်မှတ်ရေးထိုးထားတာမရှိကြောင်း၊ သဘောတူညီချက်တွင် ရောက်ရှိနေ ထိုင်လှုပ်ရားသည့် နေရာတွင် ဆက်လက်နေထိုင်ပြီ းအစိုးရတပ်အနေဖြင့် လမ်းမှ ပေါ်မှ တောတောင်အတွင်း ကိုက် ၅၀ ထက်ကျော်လွန် ၀င်ရောက်လှုပ်ရားမည်ဆိုပါက အကြောင်းကြားရမည် ဆိုသည့် သဘောတူညီ ချက်တာရှိကြောင်း RCSS/SSA ပြောရေးဆိုခွင့်က သျှမ်းသံတော်ဆင့်သို့ အကြိမ်ကြိမ်ပြောပြဖူးသည်။

စစ်မှန်သည့်ငြိမ်းချမ်းရေး ရရှိရန်အတွက် နေပြည်တော်တွင် ၂၁ ရာစု ပင်လုံညီလာခံ တတိယ အကြိမ် ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနေချိန် သျှမ်းပြည်အလယ်ပိုင်းတွင် အစိုးရတပ်မတော် ထိုးစစ်ဆင်မှု၊ တနိုင်ငံလုံးအပစ်အခတ်လက်မှတ်ရေးထိုးထားသည့် RCSS/SSA တို့တုန့်ပြန်တိုက်ခိုက်မှုများကြောင့် သျှမ်းလူထု ရာဂဏန်း စစ်ဘေးရှောင်သစ်ဘဝသို့ ရောက်ရှိလာခြင်းသည်။

Leave a Comments

- Advertisement -spot_img

Latest article