ထိုင်းနိုင်ငံ ဂူအတွင်း ၁၅ ရက်ကြာပိတ်မိရာမှပြန်ထွက်လာသော ဘောလုံးသမား ကျောင်းသား ၁၃ ယောက်အကြောင်း Documentary ဇာတ်လမ်းတို ဂျပန်နိုင်ငံက ရိုက်ကူးဖြန့်ဝေ  

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့တောင်ဘက် လွယ်နန်းနောန်းတောင်ရှိ ထမ့်လုံ ခွန်နမ့်နန်း နောန်းဂူအတွင်း ၁၅ ရက်ကြာပိတ်မိခဲ့သော မယ်ဆိုင်မြို့အထက်တန်းကျောင်းများမှ ကျောင်းသားဘောလုံး အသင်း ၁၂ ဦးနှင့်နည်းပြ ၁ ဦး တို့၏ ဖြစ်ရပ်မှန် Documentary ဇာတ်လမ်းတိုအား ဂျပန်နိုင်ငံမှ ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။

ကလေးများဂူတွင်းပိတ်မိနေစဉ်ကာလ စိတ်လေလွင့်ခြင်း ကြောက်ရွံ့ခြင်းမရှိအောင် ဘောလုံးနည်းပြက တရားထိုင်ခိုင်းသည့်အကြောင်း ဂျပန်ဇာတ်လမ်းတိုတွင်ပါရှိသည့်ပုံ

အဆိုပါ Documentary ဇာတ်လမ်းတို မှာ ကြာချိန် ၅ မိနစ်ခန့်ရှိပြီး ကျောင်းသားလေးများ ဂူအတွင်း ၀င်သွားချိန်မှစ၍ ကယ်ဆယ်ရေးအဖွဲ့ အင်္ဂလိပ်ရေငုပ်သမားများမှ ၄င်းတို့အား တွေ့ရှိချိန်အထိသာပါရှိသည်။

ကလေးများ ဂူမှသယ်ထုတ်ကာဆေးရုံပို့ခဲ့သည့် ဇူလိုင်လ ၈ ရက် ၉ ရက်နှင့် ၁၀ ရက်နေ့ များ အဆိုပါ ဇာတ်လမ်းတို တွင်မပါရှိပေ။

ဂျပန်နိုင်ငံမှ ပြုလုပ်သော ဂူတွင်းပိတ်မိသည့် မူပါအကယ်မီဘော်လုံးအသင်း နှင့်ပတ်သက်သည့် Documentary ဇာတ်လမ်းကို ဇူလိုင်လ ၉ ရက် တွင် ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတွင် စတင်ပျံ့နှံ့ခဲ့သည်။

နည်းပြ ၁ ဦး ဘောလုံးအသင်း ကျောင်းသား ၁၂ ဦးပါ၀င်သော မူပါအကယ်ဒမီ ဘောလုံးအသင်းသည် ဇွန်လ ၂၃ ရက်နေ့ညနေပိုင်းက ဘောလုံးလေ့ကျင့်ပြီးအိမ်အပြန်လမ်းတွင် အနက် ၁၀ ကီလိုမီတာခန့်ရှည်လျားသည့် ထမ့်လုံခွန်နမ့်နန်းနောန်း ဂူအတွင်းဝင်သွားပြီးနောက် မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးကာ ဂူမှပြန်ထွက်မရ ဖြစ်ခဲ့ရသည်။

“ကျနော်တို့က ဒီဂူထဲကိုမကြာခဏ ၀င်ပြီးလေ့လာမှုပြုခဲ့ဖူးပါတယ်။ ဒီတခါပါရင် ၄ ကြိမ်ရှိပြီ။ အရင်က ဒီလို မဖြစ်ဖူးဘူးလေ။ ကျနော့်သူငယ်ချင်းတွေအတွက် စိတ်ပူပါတယ်။ ကျနော်က အဲဒီနေ့က ဘောလုံးကွင်းအထိ အမေကလာကြိုလို့ သူတို့နဲ့လိုက်မဝင်ရတာပါ။ မဟုတ်ရင်ကျနော်လည်းအဲ့ထဲမှာပေါ့။ ”- ဟု မူပါဘောလုံး အသင်းဝင် ကျောင်းသားတဦးက ထိုင်းမီဒီယာများအင်တဗျူးရာတွင် ပြောဆိုသည်။

ဇွန်လ ၂၄ ရက်တွင်အင်္ဂလိပ်ရေငုပ်သမားနှင့် ထိုင်းနေဗီဆီးလ်တပ်ဖွဲ့တို့ ဂူအတွင်းရေငုပ်ဝင်ရာ ၄ ကီလိုမီတာခန့်အနက်တွင်ကလေးများ၏ လွယ်အိပ်များ ဖိနပ်များ တွေ့ရပြီး ၂၅ ရက်နေ့တွင်မူ ကလေးများ၏ ခြေရာများ တွေ့ခဲ့သော်လည်းကလေးများအား မတွေ့ရပေ။ ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၁ ရက်နေ့အထိ ထိုင်းအစိုးရ ဌာနဆိုင်ရာ ကူညီကယ်ဆယ်ရေး ကျွမ်းကျင်ပညာရှင်များ ၊ နိုင်ငံအသီးသီးမှ ကယ်ဆယ်ရေးသမားများနှင့်အသုံးအဆောင်ပစ္စည်းများဖြင့် ဂူတွင်း၊ ဂူပြင် တောင်ထိပ်တို့တွင် အသီးသီးရှာဖွေခဲ့သည်။

ဂူအတွင်းပိုင်းမှရေများလျော့ကျသွားစေရန်အတွက် ဂူပြင်ပိုင်းတွင် အဝီစိတွင်းများတူးခြင်း၊ ဂူအတွင်းရေစီးဝင်နိုင်မည့် တောင်ကျချောင်းရေများ လမ်းလွဲခြင်းများ ကြိုးစားလုပ်ဆောင်ခဲ့သည်။

ဇွန်လ ၂၉ ရက်နေ့ နှင့် ၃၀ ရက်နေ့တွင် တာချီလိတ်မြို့နယ် မိုင်းဖုန်းကျောင်းထိုင်ဆရာတော စဝ်ခူးဝါးဝန်းစုမ့်က ၂ ရက်အတွင်းကလေးများတွေ့ရှိမည်ဟု ဂူဝတွင်မေတ္တာပို့ကာ သတင်းထောက်များအား မိန့်ကြားတော်မူသည်။

ဇူလိုင်လ ၂ ရက်နေ့တွင်မူ ထိုင်းနေဗီဆီးလ်များ ဂူအတွင်းပိုင်း ၈ ကီလိုမီတာခန့်အကွာရှိ ဖထယားဘစ်ချ်သို့သွားရောက်ရှာဖွေရန်အတွက် အင်္ဂလန်နိုင်ငံရေငုပ်သမား ၂ ဦးက ရေငုပ်ကာ ကြိုးများသွယ်တန်းပေးရာ ဖထယားဘစ်ချ်အလွန် မီတာ ၃၀၀ ကျော်တွင် ကလေးများအား တွေ့ရှိခဲ့သည်။

ထိုနောက်ပိုင်း ဂူအတွင်းပိုင်းတွင် မျက်နှာကျက်အထိ မြင့်တက်ပြည့်လျှံနေသောရေများလျော့ကျရေးအတွက် ဂူအတွင်းစီးဝင်သည့် ရေလမ်းကြောင်းလွဲခြင်း ဂူအတွင်းပိုင်းမှရေများအား ထိုင်းနိုင်ငံအတွင်းရှိအကြီးဆုံး ရေစုပ်စက်များဖြင့် နေ့ရောညပါ စုပ်ထုတ်ရာ ဇူလိုင်လ ၈ ရက်နေ့တွင်ဂူအတွင်းပိုင်းမှ ရေများလျော့ကျ သွားသည်ကိုတွေ့သည်နှင့် သြစတေးလျမှလာသော ရေငုပ်ကျွမ်းကျင် ဆရာဝန်က ကလေးများကျန်းမာရေး စစ်ဆေးပေးကာ ဂူပြင်သို့ ကယ်ထုတ်ရန်မီးစိမ်းပြခဲ့သည်။

ထို့ကြောင့် ကလေး ၁ ယောက်လျင် နိုင်ငံခြားသားရေငုပ်ကျွမ်းကျင် ၁ ဦး ထိုင်းနေဗီဆီးလ် တပ်မှ ရေငုပ်ကျွမ်းကျင် ၁ ဦးလိုက်ပါစောင့်ရှောက်ကာ ဇူလိုင်လ ၈ ရက်နေ့တွင် ကလေး ၄ ဦး ဇူလိုင်လ ၉ ရက်နေ့တွင် ကလေး ၄ ဦးနှင့် ဇူလိုင်လ ၁၀ ရက်နေ့တွင် ကလေး ၅ ဦး ကို ဂူတွင်းမှကယ်ထုတ်နိုင်ခဲ့သည်။

ဂူတွင်းမှ ကလေးများအားကယ်ဆယ်ရေးတွင် ထိုင်းအစိုးရ၊ စေတနာရှင်ထိုင်းပြည်သူလူထု ၊ နိုင်ငံခြားမှ ကျွမ်း ကျင်ပညာရှင်များ စုစုပေါင်းအင်အား ၁၀၀၀ ကျော်သုံးကာ ဘတ်ငွေသန်းပေါင်း ၄၀၀ ကျော်ကုန်ကျသွား ကြောင်းလည်း ထိုင်းနိုင်ငံသတင်းဌာနများတွင်ဖော်ပြထားသည်။

လက်ရှိတွင်ကလေး ၁၂ ဦးနှင့်နည်းပြ ၁ ဦးတို့အား ချင်းရိုင်းမြို့ ပရချား နုခရော့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း ၊ ကလေး ၄ ဦးမှာအဆုတ်ယောင်ဖြစ်နိုင်ချေရှိသောအလားအလာရှိပြီး ကျန်ကလေးများမှာ ကျန်းမာရေးအထူးကောင်းမွန်နေကြောင်း ချင်းရိုင်းဆေးရုံမှ ဆရာဝန်များက သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောကြားခဲ့သည်။

ကလေး ၁၃ ယောက်မှာ မယ်ဆိုင်မြို့အထက်တန်းကျောင်းမှကလေးများဖြစ်ကြပြီး နည်းပြအပါအဝင် ကလေး ၉ ယောက်မှာ ထိုင်းနိုင်ငံတွင်နေထိုင်သည့် သျှမ်းမိဘများမှ မွေးဖွားသည့် ကလေးများဖြစ်ကြောင်းသိရသည်။ကျန် ၂ ယောက်မှာ ထိုင်းကလေးများဖြစ်ပြီး ကလေး ၁ ယောက်မှာမူ မယ်ဆိုင်မြို့နေ ခရိယာန်ဘုန်းကြီး ကျောင်း မှ မွေးစားထားသည့် သျှမ်ပြည်သား ၀ တိုင်းရင်းသားကလေးဖြစ်ကြောင်းသိရသည်။

၄င်းတို့၏ ဂူတွင်းပိတ်မိသည့် ဖြစ်ရပ်မှန်ဇာတ်လမ်းကို ဂျပန်နိုင်ငံမှ ဖြစ်ရပ်မှန် Documentary ဇာတ်လမ်းတိုအား ရိုက်ကူး ထုတ်လွှင့်ခဲ့သည့်အပြင် ဟောလီးဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးကလည်း ရုပ်ရှင်ဇာတ်လမ်း ရှည်အဖြစ် ရိုက်ကူးရန်လည်း စီစဉ်ထားကြောင် း ထိုင်းသတင်းများထုတ်ပြန်ထားချက် အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဆီယံနှင့် UN ကြား တရားဝင်မှုရရှိရေး အာဏာသိမ်း သမ္မတ၏ ကစားကွက်

0
ယခု ဇူလိုင်လအတွင်း မြန်မာစစ်အစိုးရနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသော သံတမန်ရေးရာ လှုပ်ရှားမှုများသည် ယခင်က ၎င်းတို့ကိုယ်တိုင် ကျင့်သုံးနေခဲ့သော ကာကွယ်ရေးကို ဦးတည်သည်ဆိုသည့် အထီးကျန်မူဝါဒများမှ လက်ရှိတွင် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှု ရရှိနိုင်ရေးအတွက် စွန့်စားရသော်လည်း ပို၍ ရန်လိုသော ထိုးစစ်ဆင်မှုပုံစံအဖြစ်သို့ သိသိသာသာ ကူးပြောင်းလာနေသည်ကို မြင်နေရသည်။ ဗိုလ်ချုပ်မှူးကြီးအဖြစ်မှ...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

အာဏာသိမ်းသမ္မတ လာအိုခရီးစဉ်အပြီး မြန်မာ-လာအိုနယ်စပ်ဂိတ် ပြန်ဖွင့်

0
စစ်အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် ၃ ရက်ကြာသွားပြီးနောက် မြန်မာ-လာအိုနယ်စပ် ရေကြောင်းဖြတ်သန်းမှုကို (ဇူလိုင် ၁၆ ရက်)တွင် တရားဝင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ စစ်အာဏာသိမ်း သမ္မတ...

တာချီလိတ်နယ်စပ် ပတ်စပိုစ့် ရှိသော်လည်း ဘတ်ထောင်ချီပေးမှ ဖြတ်သန်းခွင့်ရနေ

0
စစ်မှုထမ်းဥပဒေကြောင့် တာချီလိတ်မှတစ်ဆင့် ပြည်ပထွက်ခွာသူ များပြားလာပြီး တရားဝင် ပတ်စပိုစ့်ရှိသူများပင် စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထိုင်းငွေ ဘတ်ထောင်ချီ တောင်းခံမှုများရှိနေကြောင်း သတင်းရရှိသည်။ လက်ရှိ မြေပြင်ပေါက်ဈေးအရ အလည်အပတ် ပတ်စပိုစ့် (PV) ကိုင်ဆောင်သူများသည် တရားဝင်ဟု ဆိုသော်လည်း နယ်စပ်ဖြတ်ကျော်ရန် တံတားဖြတ်ခအဖြစ် ထိုင်းဘတ်ငွေ ၃,၀၀၀ ခန့်...

သတင်းထောက်ဖိနှိပ်မှုအဆိုးဆုံး တရုတ်နိုင်ငံမှ ထိုင်းရောက် ဂျာနယ်လစ်တစ်ဦးကို ပြန်လွှဲပေးရန် ဖိအားပေး

0
တရုတ်အစိုးရနှင့် ပတ်သက်သည့်သတင်းများကို စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့် တရုတ်သတင်းထောက်တစ်ဦးအား ပြည်နှင်ဒဏ်ပေးပြီး ချက်ချင်းလွှဲပြောင်းပေးရန် တရုတ်အစိုးရက ထိုင်းနိုင်ငံကို ဖိအားပေးတောင်းဆိုလာကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။ တရုတ်ကွန်မြူနစ်ပါတီ အရာရှိကြီးများနှင့် ဒေသန္တရအစိုးရ တာဝန်ရှိသူများ ပါဝင်ပတ်သက်နေသည့် အကြီးစားခြစားမှုနှင့် ငွေကြေးလိမ်လည်မှု ကွန်ရက်ကို ဖော်ထုတ်ခဲ့သူ ဂျာနယ်လစ် ပိုင်ကျောက်တုန်း (Bai Zhaodong) အား...